[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သည့်
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Golden City အဆင့်မြင့်ကွန်ဒိုရှိ လူကြိုက်အများဆုံး 1 Bedroom နှင့် 2 Bedroom အခန်းများ အထူးပရိုမိုးရှင်းအရောင်းပြပွဲကို ၂၀၂၂ ခုနှစ် မေလ (၂၈) ရက်နေ့ မနက် (၁၀)နာရီ မှ ညနေ (၅)နာရီထိ ၊ ရန်ကင်းမြို့နယ် ၊ ရန်ကင်းလမ်းမကြီးပေါ်ရှိ Golden City ကွန်ဒိုတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲရက်အတွင်း အထူးအခွင့်အရေးများအနေဖြင့် အထူး Special Discount ၊ (၄)နှစ်အထိ အရစ်ကျစနစ်၊(50%) ငွေကြေသည်နှင့် အခန်းအပ်ပေးခြင်း ၊ Free Property Maintenance for One Year ၊အထူး Exchange Rate များဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Golden City ကွန်ဒိုသည် စီးပွားရေးအချက်အချာကျပြီး လူကြိုက်များသည့် ရန်ကင်းမြို့နယ် ၊ရန်ကင်းလမ်းမကြီးပေါ်တွင် တည်ရှိသည့်အပြင် အသစ်စက်စက် Block (6) ရှိ ရှားပါး Unit များလည်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်သောကြောင့် အသင့်နေထိုင်နိုင်ပါသည်။
ရွေးချယ်စရာအခန်းအမျိုးအစားများအနေနှင့် အိပ်ခန်း (၁) ခန်း ၊ (၂) ခန်း ၊ (၃) ခန်း နဲ့ (၄) ခန်း ကြိုက်နှစ်သက်ရာကို ဝယ်ယူနိုင်ပါသည်။ Facilities များအနေဖြင့် ရေကူးကန် ၊အားကစားခန်းမ ၊ ကားပါကင် ၊ ကလေးကစားကွင်း ၊ ဓာတ်လှေကား ၊ ရုံးခန်းများ ၊ ဆိုင်ခန်းများ ၊Restaurant နှင့် Laundry Service တို့ ပါဝင်သည်။ အနီးအနားတွင် အင်းယားကန် ၊ ရန်ကင်းစင်တာ၊ ရန်ကင်းကလေးဆေးရုံ ၊ မြန်မာပလာဇာ ၊ Sedona Hotel နှင့် International Schoolတို့ရှိသောကြောင့် မိသားစုကိစ္စအဝဝလည်း အဆင်ပြေချောမွေ့နိုင်ကြောင်း သိရှိရသည်။ လူနေအခန်းပေါင်း (၁၀၀၀)ကျော်အပြင် နိုင်ငံတကာအဆင့်မီ (Grade-A) ရုံးခန်းများနှင့် ဆိုင်ခန်းများကိုပါ ထည့်သွင်း တည်ဆောက်ထားသည်။
“ ဒီ Golden City ကွန်ဒိုမှာ၂ ဧကခွဲ ကျယ်ဝန်းတဲ့ ပြင်သစ်ဂန္တဝင်စတိုင်လ် စိမ်းစိုလှပနေတဲ့ကိုယ်ပိုင်ဥယျာဉ်ခြံကြီး ပါရှိတဲ့ အတွက်ကြောင့် သူငယ်ချင်းမိတ်ဆွေများ ၊
မိသားစုများနဲ့အတူတူ အေးဆေးလွတ်လပ်စွာ အနားယူအပန်းဖြေနိုင်မှာပဲ ဖြစ်ပါတယ်။နောက်ပြီးတော့ ဟင်းသီးဟင်းရွက်ကနေ အိမ်သုံးပစ္စည်းတွေအထိ ရနိုင်တဲ့ Convenience Store ကိုလည်း အိမ်ရာအတွင်းမှာ ဖွင့်လှစ်ပေးထားသေးတာဆိုတော့ အိမ်ရှင်မတွေအတွက်လည်း အရမ်းကိုအဆင်ပြေပါတယ်။ ” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာမှာတည်ရှိပြီး လူကြိုက်များသော Golden City ကွန်ဒို မှ အထူးအခန်းများ အရောင်းပွဲတော်
iMyanmarHouse.com