တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ပိုင်ဆိုင်ထားသော ဂျပန်နိုင်ငံရှိ တိုက်ခန်းပေါင်းများစွာကို အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ယန်းငွေ ၃၀၀ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီး ဂျပန်၏ အကြီးမားဆုံးအိမ်ခြံမြေအရောင်းအဝယ်ဖြစ် စံချိန်တင်
တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ပိုင်ဆိုင်ထားသော ဂျပန်နိုင်ငံရှိ တိုက်ခန်းပေါင်းများစွာကို အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ယန်းငွေ ၃၀၀ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီး ဂျပန်၏ အကြီးမားဆုံးအိမ်ခြံမြေအရောင်းအဝယ်ဖြစ် စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
10 Feb 2020 11:40 am တွင် တင်ခဲ့သည်
1102 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone သည် တရုတ်ထိပ်သီး ကုမ္ပဏီကြီး Anbang ပိုင်ဆိုင်ထားသော ဂျပန်နိုင်ငံရှိ တိုက်ခန်းပေါင်းများစွာကို ဂျပန်ယန်းငွေ ၃၀၀ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘဏ္ဍာရေးပြဿနာများ ရင်ဆိုင်နေရသော ပြည်မကြီး အာမခံကုမ္ပဏီ Anbang ထံမှ Blackstone က ဝယ်ယူလိုက်သည်မှာ ဂျပန်ရှိ အငှား လူနေခန်းများဖြစ်ပြီး တန်ကြေးအားဖြင့် ယန်းငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) ရှိရာ ဂျပန်တစ်နိုင်ငံလုံးတွင် အကြီးမားဆုံး အိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်တော့မည် ဖြစ်သည်။
Blackstone က ပိုင်ဆိုင်စီမံခန့်ခွဲနေသည့် အိမ်ခြံမြေစုစုပေါင်းမှာ တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၆၃ ဘီလီယံဖိုးခန့် ရှိသည်။
Blackstone သည် လွန်ခဲ့သော ၃ နှစ်ခန့်က Anbang ကုမ္ပဏီထံ ယန်းငွေ ၂၆၀ ဘီလီယံဖြင့် ရောင်းချခဲ့သော အငှားလူနေခန်းပေါင်း ၂၂၁ ခန်းကို ပြန်လည်ဝယ်ယူရန် သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်ကုမ္ပဏီကြီး Blackstone သည် ဂျပန်ရှိ တိုကျို၊ နဂိုယာ၊ အိုဆာကာနှင့် ဖူကူအိုကာ အစရှိသော အရေးပါသည့်မြို့ကြီး များရှိ လူနေအိမ်ခြံမြေများကို ဦးတည်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဟူသော မဟာဗျူဟာအရ ယခုလူနေခန်းများကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ယခု အရောင်းအဝယ်သာ အပြီးသတ်ပါက ဂျပန်တွင် ၂၀၀၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး အိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်လာမည် ဖြစ်သည်။
၂၀၀၇ ခုနှစ်အတွင်း အမေရိကန်ဘဏ်ကြီး Morgan Stanley က ဂျပန်ရှိ ဟိုတယ်ပေါင်း ၁၃ လုံးကို ဂျပန်လေကြောင်းလိုင်း ANA ထံမှ ယန်းငွေ ၂၈၀ ဘီလီယံဖြင့် ဝယ်ယူခဲ့မှုမှာ ဂျပန်တွင် အကြီးမားဆုံး အိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။
ယခုအရောင်းအဝယ်၏ တန်ဖိုးအရ ၂၀၀၇ စံချိန်ကို ဖြတ်ကျော်သွားတော့မည် ဖြစ်သည်။
Anbang ၏ ဥက္ကဌ ဝူရှောက်ဟွေသည် ၂၀၁၇ ခုနှစ်အတွင်း လိမ်လည်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ကုမ္ပဏီပိုင် အိမ်ခြံမြေများကို အရောင်းဈေးကွက်တွင် ရောင်းချမှုများ ပြုလုပ်လာနေခဲ့သည်။
Anbang သည် ပြည်ပ အိမ်ခြံမြေများကို ကန်ဒေါ်လာ ၃၀ ဘီလီယံဖိုးအထိ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဝူရှောက်ဟွေ ဖမ်းဆီးခံရမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း ဂျပန်ရှိ အိမ်ခြံမြေများကို ဈေးကွက်တင်ခဲ့သေးသော်လည်း ဝယ်လက်ရှာမတွေ့ခဲ့ချေ။
(ဆက်စပ်သတင်းများ)
(၁) တရုတ်အစိုးရက ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးကို သိမ်းယူလိုက်ပြီး နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ကြီးကိုလည်း ထိန်းချုပ်လိုက်ပြီ
https://www.imyanmarhouse.com/news/read/713731
(၂) တရုတ်အစိုးရက ပြည်သူပိုင်သိမ်းယူလိုက်သော ထိပ်သီးကုမ္ပဏီကြီး Anbang ၏ ပြည်ပတွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေများကို ရောင်းချရန် စီစဉ်
https://www.imyanmarhouse.com/news/read/752346
(၃) တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ
https://www.imyanmarhouse.com/news/read/760917
(၄) တရုတ်အစိုးရက သိမ်းယူလိုက်သော Anbang ကုမ္ပဏီကြီးပိုင်ဆိုင်သည့် ဟိုတယ် ၁၅ လုံးကို အမေရိကန် developer တို့ ဝယ်ယူရန် ပြင်ဆင်လျက်ရှိ
https://www.imyanmarhouse.com/news/read/762056
(၅) တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang က အမေရိကန်ရှိ ဟိုတယ်များ ရောင်းချရေးကို ကိုင်တွယ်ပေးရန် Bank of America ကို ငှားရမ်း
https://www.imyanmarhouse.com/news/read/785587
(၆) တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang ပိုင် ဟိုတယ် ၁၅ လုံးကို ကန်ဒေါ်လာ ၆ ဘီလီယံနီးပါးဖြင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ယှဉ်ပြိုင်လေလံဆွဲလျက်ရှိ
https://www.imyanmarhouse.com/news/read/829483
(၇) တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang က နယူးယောက်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီး ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ ကွန်ဒိုခန်း များကို ဈေးကွက်တင်ရန် စီစဉ်
https://www.imyanmarhouse.com/news/read/834270
(၈) တောင်ကိုရီးယားကုမ္ပဏီ Mirae က တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန်စီစဉ်
https://www.imyanmarhouse.com/news/read/856967
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service