တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang က နယူးယောက်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီး ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ ကွန်ဒိုခန်းများကို ဈေးကွက်တင်ရန် စီစဉ်

တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang က နယူးယောက်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီး ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ ကွန်ဒိုခန်းများကို ဈေးကွက်တင်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
13 Jun 2019 11:57 am တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး

ကွန်ဒိုဈေးကွက် အားပျော့နေကာ နိုင်ငံရေးအခြေအနေများ တင်းမာနေမှုများရှိသော်လည်း တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang သည် နယူးယောက်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီး ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ ကွန်ဒိုခန်းများကို ဈေးကွက်တင်ရန် စီစဉ်လာသည်။

ပေကျင်းအခြေစိုက် ကုမ္ပဏီကြီး Anbang Insurance Group သည် လက်ရှိအားဖြင့် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည့် ဝါးဒေါ့ဖ် အက်စ်တိုးရီးယား မိုးမျှော်တိုက်ကြီးတွင် ကွန်ဒိုခန်းပေါင်း ၁၄၁၃ ခန်းရှိသည့်အနက် ၃၇၅ ခန်းကို ရောင်းချရန် Anbang က Douglas Elliman အိမ်ခြံမြေကုမ္ပဏီကြီးထံ အပ်နှံထားကြောင်း ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Douglas Elliman က ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ အခန်းများရောင်းထွက်ရန် လန်ဒန်အခြေစိုက် ကမ္ဘာကျော် အိမ်ခြံမြေကုမ္ပဏီကြီး Knight Frank နှင့် ပူးပေါင်းကာ ပြည်ပဝယ်လက်များ ရရှိလာရန် ကြိုးပမ်းနေသည်။

တရုတ် ထိပ်တန်းကုမ္ပဏီကြီး Anbang သည် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ဝါးဒေါ့ဖ် အက်စ်တိုးရီးယားကို ကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး အခန်းပေါင်းမှာ ၁၄၁၃ ခန်းရှိရာ တစ်ခန်းလျှင် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် ကျသင့်ခဲ့ခြင်းဖြစ်သည်။

“နယူးယောက်သမိုင်းရဲ့ တစိတ်တဒေသကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်”ဟု Douglas Elliman မှ ဈေးကွက်ဖွံ့ဖြိုးရေး အမှုဆောင်အရာရှိချုပ် ဆူဇန် ဒီ ဖရန်ကာက ပြောကြားသည်။

Anbang သည် နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၃၀၁ ရှိ သမိုင်းဝင်အဆောက်အအုံကြီးကို Hilton Worldwide Holdings ထံမှ ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်တွင် ဈေးအကြီးဆုံး ဟိုတယ်အရောင်းအဝယ်အဖြစ် စံချိန်တင်ခဲ့သည်။

Anbang ကုမ္ပဏီတွင် သံသယဖြစ်ဖွယ် တရားမဝင်လှုပ်ရှားမှုများ တွေ့ရှိရသည်ဟုဆိုကာ တရုတ်အာမခံ လုပ်ထုံးလုပ်နည်း ကော်မရှင်က ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

Anbang ၏ ဥက္ကဌ (ဟောင်း) ဝူရှောက်ဟွေကိုလည်း ကန်ဒေါ်လာ ၁၂ ဘီလီယံခန့် လိမ်လည်မှုကို ဦးဆောင်ခဲ့သည်ဟုဆိုကာ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။ နယူးယောက်၏ ဇိမ်ခံကွန်ဒိုဈေးကွက် အခြေအနေမှာ ရောင်းလိုအား များပြားနေသည့်အပြင် အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှု အခြေအနေများရှိနေရာ တရုတ်အစိုးရ ထိန်းချုပ်ထားသော အိမ်ခြံမြေတစ်ရပ်ကို ရောင်းချရန်အတွက် စိန်ခေါ်မှုများ ရှိနေသည်။

အိမ်ခြံမြေအကျိုးဆောင်တို့က ခန့်မှန်းရာတွင် ဝါးဒေါ့ဖ် အက်စ်တိုးရီးယားမှ အခန်းများကို ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၃၅၀၀ ခန့်ဖြင့် ရောင်းချဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service