တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ

တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Aug 2018 12:06 pm တွင် တင်ခဲ့သည်
1724 ကြိမ် ကြည့်ရှု့ပြီး

ဝေါစထရိဂျာနယ်တွင် ဖော်ပြသောသတင်းတစ်ရပ်အရ တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang အာမခံအုပ်စုသည် အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့် ၂ နှစ်က ဝယ်ယူခဲ့သည့် ဟိုတယ် ၁၅ လုံးကို ပြန်လည်ဝယ်ယူမည့် ဝယ်လက်ရှာဖွေလျက် ရှိကြောင်း ဖော်ပြသည်။

ယင်းဟိုတယ် ၁၅ လုံးကို ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အကယ်၍ ဝယ်လက်ပေါ်ပေါက်ခဲ့မည်ဆိုပါက ယခုနှစ်အစောပိုင်းတွင် တရုတ်အစိုးရက သိမ်းယူလိုက်ပြီးနောက် အကြီးမားဆုံးရောင်းချမှုကြီး ဖြစ်လာမည် ဖြစ်သည်။

ယခုနှစ် မေလအတွင်း Anbang ၏ ဥက္ကဌဖြစ်သူ ဝူရှောက်ဟွေကို ထောင်ဒဏ် ၁၈ နှစ်ချမှတ်လိုက်ပြီးကတည်းက ယင်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ ရောင်းထုတ်လာလိမ့်မည်ဟူသည့် သတင်းများ မကြာခဏထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သောလအတွင် ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရလည်း Anbang သည် ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေများ ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြခဲ့ဖူးသေးသည်။

Anbang က ယခုရောင်းချမည်မှာ နယူးယောက်မြို့ ၏ နာမည်ကျော် Central Park အနီးရှိ JW Marriot Essex House ၊ ဆီလီကွန်တောင်ကြားရှိ Four Seasons ဟိုတယ်၊ Wyoming ရှိ Jackson Hole တို့ အပါအဝင်ဖြစ်သည်။

Wyoming ရှိ Jackson Hole ကို Blankstone ထံမှ ၂၀၁၆ ခုနှစ်၊ မတ်လအတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်အစိုးရက သိမ်းယူလိုက်သော ကုမ္ပဏီကြီး Anbang က အမေရိကန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ကြေးရှိ ဟိုတယ်များ ဝယ်ယူမည့်ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service