တောင်ကိုရီးယားကုမ္ပဏီ Mirae က တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန်စီစဉ်
တောင်ကိုရီးယားကုမ္ပဏီ Mirae က တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
12 Sep 2019 11:21 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
(အဆိုပါသတင်းများကို iMyanmarHouse.com ဝဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/search-news?search=Anbang အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
### Unicode Version ###
တောင်ကိုရီးယားကုမ္ပဏီ Mirae Asset Management သည် တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း ဝေါစထရိဂျာနယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Anbang က အဆင့်မြင့်ဟိုတယ် ၁၅ လုံးကို အရောင်းဈေးကွက်တင်ခဲ့ပြီး ၁ နှစ်ကျော်အကြာ၊ Strategic Hotels and Resorts ကို Blackstone ကုမ္ပဏီထံမှ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး ၃ နှစ်ကျော်အကြာတွင် ယခုအရောင်းအဝယ် ပေါ်ပေါက်လာ ခြင်းလည်း ဖြစ်သည်။
(အဆိုပါသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/search-news?search=Anbang အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
အဆိုပါ ဟိုတယ်အများအပြားကို အမည်မသိကယ်လီဖိုးနီးယားမှ ပုဂ္ဂိုလ်တစ်ဦးသို့ ပိုင်ဆိုင်မှု လိမ်လည် လွှဲပြောင်းမှုများ ရှိနေကြောင်း Anbang ကအစောပိုင်းက ရှာဖွေတွေ့ရှိမှု ရှိနေသော်လည်း ယခုသီတင်းပတ်အတွင်း အရောင်းအဝယ်ပြုလုပ်ရန် သဘောတူခဲ့သည်ဟု Wall Street Journal မှ ဖော်ပြသည်။
ယခုအရောင်းအဝယ်နှင့် စပ်လျဉ်းပြီး ကုမ္ပဏီ ၂ ဖက်လုံးမှ တရားဝင်ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးချေ။
Mirae သည် ယခုဝယ်ယူမှုမှ အမေရိကန်တစ်ဝန်းရှိ ဟိုတယ်နှင့် အပန်းဖြေစခန်းများ ပိုင်ဆိုင်လာမည်ဖြစ်ရာ နယူးယောက်မြို့၊ မန်ဟက်တန်ရှိ Essex House ၊ ဆန်ဖရန်စစ္စကိုရှိ Westin St Francis ဟိုတယ်၊ ပါလို အယ်လ်တိုနှင့် ဝိုင်ယွမ်းမင်ပြည်နယ် ဂျက်ဆင်ဟိုးလ်တောင်ကြားတို့ရှိ Four Seasons ဟိုတယ်များ ပါဝင်မည် ဖြစ်သည်။
တရုတ်ပြည်၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အလွန်အားကောင်းနေချိန် ၂၀၁၆ ခုနှစ်အတွင်း Anbang က Strategic Hotels and Resorts ကို Blackstone ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအရောင်းအဝယ်မှာလည်း တောင်ကိုရီးယားရှိ အင်စတီကျူးရှင်းများက နယ်စပ်ဖြတ်ကျော် အိမ်ခြံမြေ ဝယ်ယူမှုများ မြင့်တက်လာနေချိန်မျိုးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ပထမ ၆ လတာကာလအတွင်း ကိုရီးယား ရင်းနှီးမြှုပ်နှံသူတို့သည် ပြည်ပအိမ်ခြံမြေများကို ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံဖိုးခန့် ဝယ်ယူခဲ့ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ JLL ၏ မကြာသေးမီက အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါပမာဏသည် ကိုရီးယားရင်းနှီးမြှုပ်နှံသူတို့ နှစ်ဝက်တာအတွင်း ဝယ်ယူခဲ့ဖူးသည့် အမြင့်မားဆုံး ပမာဏလည်း ဖြစ်သည်။
တောင်ကိုရီးယားကုမ္ပဏီ Mirae ၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီခွဲဖြစ်သော Mirae Asset Daewoo က ပြင်သစ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ၄၅ ထပ် မိုးမျှော်တိုက်ကြီးဖြစ်သော Majunga Tower ကို ကိုရီးယားဝမ်ငွေ ၁ ဒသမ ၀၈ ထရီလီယံ (ကန်ဒေါ်လာ ၉၂၅ သန်း) ဖြင့် ဝယ်ယူပြီး ၂ လမျှသာ ကြာမြင့်သေးချိန်တွင် Anbang ထံမှ ဟိုတယ်များ ဆက်လက်ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
kalaw-garden-valley
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service