ရွှေဈေး ဆယ်သိန်းနီးပါးဖြစ်၊ တစ်ဒေါ်လာ ကျပ် ၁,၅၅၀ ကျော်ပေါက်

ရွှေဈေး ဆယ်သိန်းနီးပါးဖြစ်၊ တစ်ဒေါ်လာ ကျပ် ၁,၅၅၀ ကျော်ပေါက် - Property News in Myanmar from iMyanmarHouse.com
30 Aug 2018 10:17 am တွင် တင်ခဲ့သည်
9674 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်ဈေးကွက်တွင် ရွှေဈေးသည် တစ်ကျပ်သား ကျပ်ဆယ်သိန်းနီးပါး ဈေးပေါက်နေပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာ ၁,၅၅၀ ကျပ်ကျော်ရောက်ကာ ဈေးကွက်စံချိန်ကို ဆက်ချိုးလျက်ရှိသည်။

လက်ရှိ၌ အမေရိကန်ဒေါ်လာဈေးသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၅၅၃ ကျပ်၊ ပုဂ္ဂလိကဘဏ်များ၌ တစ်ဒေါ်လာလျှင် ၁,၅၅၃ ကျပ်နှင့် ဗဟိုဘဏ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁,၅၀၅ ကျပ် ဈေးရှိကြောင်းငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

“လက်ရှိမှာရွှေဈေးက ဒေါ်လာဈေး မြင့်လာတာကြောင့် မနက်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ၉၈၄,၅၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်၌ ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံပြီးနောက် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲ၌ ဒေါ်လာဈေးမြင့်တက် ခြင်းနှင့်ပတ်သက်၍ မည်သည့်အဖြေမျှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။

“ဟွန်ဒီမားကက် (တရားမဝင်ငွေ ကြေးဈေးကွက်) က စောင့်ကြည့်နေတာ။ မနေ့ကပွဲက မထူးခြားတော့ ပြန်တက်တာပေါ့” ဟု ဘဏ်လုပ်ငန်းအကြံပေး ဦးသန်းလွင်က ပြောဆိုသည်။

လတ်တလော ဒေါ်လာဈေးမြင့်တက်ရခြင်းသည် ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းနှင့် သက်ဆိုင်သော်လည်း ပြည်တွင်းရှိ တရားမဝင်ငွေကြေးဈေးကွက်အတွင်း ငွေဈေးကစားခြင်းများနှင့်လည်း သက်ဆိုင်ပြီး ထိုဈေးကွက်ကြောင့် အခြားငွေကြေးများထက် မြန်မာကျပ်ငွေတန်ဖိုးမှာ ပိုမိုကျဆင်းနေရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

ရွှေလက်ကားဈေးကွက်အတွင်း၌လည်း အတက်အကျကြမ်းလျက်ရှိသောကြောင့် အရှုံးအမြတ်များပြီး အတုံး (အခေါက်ရွှေ) အရောင်းအဝယ်ဖြစ်နေကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။

ရွှေဈေးမှာ ဩဂုတ်လ ၂၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၆၆,၃၀၀ ကျပ်မှ ဩဂုတ်လ ၂၈ ရက်နေ့၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၈၄,၅၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service