ရွှေဈေး ဆယ်သိန်းနီးပါးဖြစ်၊ တစ်ဒေါ်လာ ကျပ် ၁,၅၅၀ ကျော်ပေါက် - Property News in Myanmar from iMyanmarHouse.com
9717 Views

ရွှေဈေး ဆယ်သိန်းနီးပါးဖြစ်၊ တစ်ဒေါ်လာ ကျပ် ၁,၅၅၀ ကျော်ပေါက်

ရန်ကုန်ဈေးကွက်တွင် ရွှေဈေးသည် တစ်ကျပ်သား ကျပ်ဆယ်သိန်းနီးပါး ဈေးပေါက်နေပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာ ၁,၅၅၀ ကျပ်ကျော်ရောက်ကာ ဈေးကွက်စံချိန်ကို ဆက်ချိုးလျက်ရှိသည်။

လက်ရှိ၌ အမေရိကန်ဒေါ်လာဈေးသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၅၅၃ ကျပ်၊ ပုဂ္ဂလိကဘဏ်များ၌ တစ်ဒေါ်လာလျှင် ၁,၅၅၃ ကျပ်နှင့် ဗဟိုဘဏ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁,၅၀၅ ကျပ် ဈေးရှိကြောင်းငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

“လက်ရှိမှာရွှေဈေးက ဒေါ်လာဈေး မြင့်လာတာကြောင့် မနက်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ၉၈၄,၅၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်၌ ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံပြီးနောက် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲ၌ ဒေါ်လာဈေးမြင့်တက် ခြင်းနှင့်ပတ်သက်၍ မည်သည့်အဖြေမျှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။

“ဟွန်ဒီမားကက် (တရားမဝင်ငွေ ကြေးဈေးကွက်) က စောင့်ကြည့်နေတာ။ မနေ့ကပွဲက မထူးခြားတော့ ပြန်တက်တာပေါ့” ဟု ဘဏ်လုပ်ငန်းအကြံပေး ဦးသန်းလွင်က ပြောဆိုသည်။

လတ်တလော ဒေါ်လာဈေးမြင့်တက်ရခြင်းသည် ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းနှင့် သက်ဆိုင်သော်လည်း ပြည်တွင်းရှိ တရားမဝင်ငွေကြေးဈေးကွက်အတွင်း ငွေဈေးကစားခြင်းများနှင့်လည်း သက်ဆိုင်ပြီး ထိုဈေးကွက်ကြောင့် အခြားငွေကြေးများထက် မြန်မာကျပ်ငွေတန်ဖိုးမှာ ပိုမိုကျဆင်းနေရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

ရွှေလက်ကားဈေးကွက်အတွင်း၌လည်း အတက်အကျကြမ်းလျက်ရှိသောကြောင့် အရှုံးအမြတ်များပြီး အတုံး (အခေါက်ရွှေ) အရောင်းအဝယ်ဖြစ်နေကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။

ရွှေဈေးမှာ ဩဂုတ်လ ၂၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၆၆,၃၀၀ ကျပ်မှ ဩဂုတ်လ ၂၈ ရက်နေ့၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၈၄,၅၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service