မောင်တောဒေသ ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်းရှင်များက သိန်းပေါင်း ၆၂ဝဝ နှင့် အမေရိကန်ဒေါ်လာ ၂၅ဝဝ လှူဒါန်း

မောင်တောဒေသ ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်းရှင်များက သိန်းပေါင်း ၆၂ဝဝ နှင့် အမေရိကန်ဒေါ်လာ ၂၅ဝဝ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
17 Nov 2017 10:25 am တွင် တင်ခဲ့သည်
2792 ကြိမ် ကြည့်ရှု့ပြီး
ဒေသခံလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက မြန်မာကျပ်ငွေသိန်းပေါင်း ၆၂ဝဝနှင့် အမေရိကန်ဒေါ်လာ ၂၅ဝဝ ကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော မောင်တောဒေသ ပြန်လည် တည်ဆောက်ရေးတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု လုပ်ငန်းများအတွက် အလှူငွေ များရရှိရေး ဆွေးနွေးပွဲအခမ်းအနားတွင် လှူဒါန်းခဲ့ကြသည်။

''မောင်တောဒေသ ပြန်လည်ထူထောင် နိုင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများကကိုယ်တိုင်လာရောက်ပြီးတော့ တတ်နိုင်တဲ့ ဘက်က ကူညီဆောင်ရွက်ပေးလျက်ရှိကြပါ တယ်၊ ကျန်ရှိနေတဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များကလည်း ကူညီထောက်ပံ့နိုင်ဖို့ အတွက် အလှူငွေတွေကောက်ခံနေပါတယ်၊ ကျွန်တော်တို့ပြည်နယ်ကလည်း ကာယကံရှင် ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စု ရဲ့ စီမံကိန်းထဲမှာ ကျွန်တော်တို့နဲ့ ပူးပေါင်း ညှိနှိုင်းပြီးတော့ ပိုမိုပါဝင်နိုင်ဖို့လိုအပ် ပါတယ်။ ဒါကြောင့် ဒေသခံလုပ်ငန်းရှင်ကြီး တွေနဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်ကြီးတွေက တတ်နိုင်တဲ့ဘက်က ငွေအားလူအားအကြံÓဏ်မှ အစ ပြည်ထောင်စုစီမံကိန်းထဲမှာ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်တယ်ဆိုတဲ့သဘော သက်ရောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အခုလိုအလှူငွေရရှိအောင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒီဆွေးနွေးပွဲကိုကျင်းပ ရခြင်းဖြစ်တယ်''ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

''ဒီနေ့ ကျွန်တော်တို့ မောင်တောဒေသ ပြန်လည်ထူထောင်ဖို့အတွက် လုပ်ငန်းရှင် တွေ ထည့်ဝင်ကြတဲ့အလှူငွေကျပ် သိန်း ၆၂ဝဝ နဲ့ အမေရိကန်ဒေါ်လာ၂၅ဝဝ ရရှိပါတယ်၊ ဒီနေ့ရရှိတဲ့ အလှူငွေတွေကို မောင်တော ဒေသမှာ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည် နေရာချထားရေးအတွက် ဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျွန်တော့် အနေနဲ့ အခုအလှူငွေလှူဒါန်းကြတဲ့အပေါ် အများကြီး ဝမ်းသာမိပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ကတော့ ပြည်နယ်အတွင်း မှာ လာရောက်လုပ်ကိုင်ကြမယ့် လုပ်ငန်းရှင် တွေကိုရော၊ အလှူရှင်တွေကိုရော အမြဲတမ်း ဖိတ်ခေါ်နေပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ ကိုလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါ တယ်''ဟု ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေး သိန်းက ပြောသည်။

''ကျွန်တော်က ပျက်စီးယိုယွင်းသွားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ မှာ ပြန်လည်တည်ဆောက်ရေးနဲ့ အခြေခံ အဆောက်အအုံကို ပြန်လည်တည်ဆောက်ဖို့ အတွက် တာဝန်ယူထားပါတယ်၊ ဒီနေ့ လှူဒါန်းတဲ့ဟာကတော့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မောင်တောဒေသအတွက် ရခိုင် ပြည်နယ်မှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံးကို ဖိတ်ခေါ်ပြီးတော့ မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးမှာ ရခိုင်ပြည်သူ တွေ တစ်တပ်တစ်အားပါဝင်နိုင်ဖို့အတွက် ဒီနေ့ ဆွေးနွေးညှိနှိုင်းပြီး အလှူခံတဲ့ပွဲဖြစ်ပါ တယ်၊ ကျွန်တော်ကတော့MKSHက ဒုတိယဥက္ကဋ္ဌအနေနဲ့ လာရောက်တာပါ၊ ကျွန်တော့်ကိုယ်ပိုင် နေလသစ္စာကုမ္ပဏီအနေ နဲ့ကတော့ သိန်း ၁ဝဝ လှူပါတယ်၊MKSH ကတော့ သိန်း ၂၁ဝ လှူပါတယ်၊ မောင်တော ဒေသ အထောက်အကူပြုဖို့အတွက်ကတော့ ဒီလောက်ငွေတွေနဲ့ သာမန်လောက်ပဲဖြစ်နိုင် ပါတယ်၊ တကယ်တမ်းတည်ဆောက်ရမှာ ကတော့ ဘီလီယံပေါင်းမြောက်မြားစွာကို နိုင်ငံတော်ကသုံးရမှာပါ၊ ဒီလိုမောင်တောဒေသ ပြန်လည်ထူထောင်ရေးမှာ၊ ပြည်ထောင်စု အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်တယ် ဆိုတဲ့ သဘောမျိုးပါ၊ ကျွန်တော်တို့လည်း နိုင်သလောက် အားလုံးဝိုင်းဝန်း စုပေါင်းပြီး တော့ လှူကြတဲ့အလှူဖြစ်ပါတယ်၊ ကျွန်တော် တို့ မောင်တောဒေသဆိုတာဟာ အခြေခံ အဆောက်အအုံတွေအနေနဲ့ အလွန်အားနည်း တဲ့ဒေသပါ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တော့ လူနေမှုအဆင့်လည်း အလွန်နိမ့်ကျ နေတဲ့ဒေသဖြစ်ပါတယ်၊ တစ်နည်းပြော ရရင် အလွန်ဝေးလံ ခေါင်းပါးတဲ့ ဒေသတွေပါ။ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေကလည်း အလွန်ဆင်းရဲကြတယ်၊ အဲဒီအထဲမှာ တိုင်းရင်းသားမျိုးနွယ်စု တွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ခမီစတဲ့ လူမျိုးစုငယ်တွေလည်း အများစုနေထိုင်ကြ တယ်၊ သူတို့တွေဟာလည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီးတော့ လျှပ်စစ်မီးကောင်းကောင်း မရဘူး၊ သောက်သုံးရေကောင်းကောင်းမရဘူး၊ ဒီလိုဟာတွေကို သူတို့တွေ ခါးသီးစွာရင်ဆိုင်ပြီး ဘဝရပ်တည်နေကြတဲ့ သူတွေဖြစ်တယ်၊ ဒီနေ့တိုင်းပြည်မှာ အနေအထားတစ်ခုကြောင့် အဲဒီမှာပဋိပက္ခဖြစ်ပြီး ဒီလူတွေဆင်းရဲ ဒုက္ခရောက်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံးက ဝိုင်းဝန်းပြီး ဒီမျိုးနွယ်စုလေးတွေ အဲဒီဒေသမှာနေထိုင်ကြ တဲ့ ဆင်းရဲနွမ်းပါးကြတဲ့ ပြည်သူတွေ၊ ကိုယ့်တိုင်းရင်းသားတွေအပေါ်မှာ ကျွန်တော် တို့က စေတနာလုံးဝထားဖို့လိုပါတယ်၊ အဲဒီလို စေတနာထားမှသာလျှင် ဒီလူတွေရဲ့ဘဝတွေ ဟာ ပြန်လည်တိုးတက်လာမှာ ဖြစ်ပါတယ်၊ ဒါဟာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ သန်း ၅ဝ ရဲ့တာဝန်တစ်ရပ်လို့ မြင်ပါတယ်၊ ကျွန်တော်တို့ ကတော့ အဓိကကိုယ်က ရခိုင်တိုင်းရင်းသား တွေဖြစ်တဲ့အတွက် တာဝန်ရှိတယ်လို့ခံယူပါ တယ်၊ ဒါကြောင့် ဒီနေ့ကျွန်တော်တို့ အဲဒီနေရာတွေထိသွားရောက်ပြီး အစွမ်းကုန် ဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့ ဆောင်ရွက်နေတာဟာ ကျွန်တော်တို့ ကိုယ် ကျိုးအတွက် လုံးဝမပါပါဘူး၊ နိုင်ငံတော်မှာ တကယ့်အရေး ကြုံကြိုက်လာတိုင်း ကျွန်တော်တို့တွေဟာ တတ်စွမ်းရာနေရာတွေ က ပါဝင်တယ်ဆိုတာကိုလည်း ပြသခြင်းဖြစ်ပါ တယ်၊ ထိုနည်းတူပဲ ဒါတွေကိုအစိုးရရယ်၊ ပြည်သူရယ်၊ တပ်မတော်ရယ်စသည်ဖြင့်အဖွဲ့ အစည်း၊ ဝန်ထမ်းတွေက အားလုံးဝိုင်းဝန်းပြီး တော့ ဒီဒေသကို အမြန်ဆုံး ပြန်လည် ထူထောင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူတွေအားလုံးက လည်း တတ်စွမ်းသမျှ မိမိတို့နေရာဒေသ အားလုံးက မိမိတတ်နိုင်သလောက်ပါဝင်ပြီး ဒီဒေသကို ဝိုင်းဝန်းပြီး ကူညီစောင့်ရှောက် ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်''ဟု နေလသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကျောက်တောင်က ပြော သည်။

''ကျွန်တော်ကတော့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဒီမောင်တောဒေသအတွက် လုပ်ပေး ရမယ့် တာဝန်ရှိတယ်လို့ ခံယူချက်တွေနဲ့ ပါဝင်လှူဒါန်းတာဖြစ်တယ်၊ ကျွန်တော့် ကုမ္ပဏီအနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ပြည်တွင်းကလုပ်ငန်းရှင်တွေနဲ့ ဒီမှာရှိနေတဲ့ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပေါင်း စပ်ဖြစ်စေဖို့အတွက် ကျွန်တော့်ကုမ္ပဏီက သိန်း ၁ဝဝ လှူဒါန်းပါတယ်၊ အခုလို ပြည်တွင်းကလုပ်ငန်းရှင်တွေရော၊ ဒေသခံ လုပ်ငန်းရှင်တွေရော ပေါင်းစပ်ပြီးတော့ လှူဒါန်းပေးကြတဲ့အတွက် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် အထောက် အပံ့တစ်ခုဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်''ဟု အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးညီညီက ပြော သည်။

အဆိုပါ မောင်တောဒေသ ပြန်လည် တည်ဆောက်ရေးတွင် ရခိုင်ပြည်နယ် ကိုယ်စားပြုလုပ်ငန်းများအတွက် အလှူငွေများ ရရှိရေး ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်တို့က အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက မောင်တောဒေသ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service