ချင်းပြည်နယ်တွင် မြို့တစ်မြို့တိုးမည်

ချင်းပြည်နယ်တွင် မြို့တစ်မြို့တိုးမည် - Property News in Myanmar from iMyanmarHouse.com
16 May 2017 9:58 am တွင် တင်ခဲ့သည်
1555 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရှိ ဝေဘူလ ကျေးရွာကို ယခုနှစ်အတွင်း မြို့အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖလမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။

ဝေဘူလကျေးရွာမှာ စစ်ကိုင်းတိုင်းဒေသကြီးမှတစ်ဆင့် ချင်းပြည်နယ် မြောက်ပိုင်းမြို့များသို့ သွားရောက်မည်ဆိုပါက ပထမဆုံး တွေ့ရသည့် ကျေးရွာဖြစ်ကြောင်း၊ ယင်းကျေးရွာတွင် အိမ်ထောင်စု ၁၀၅ စု နေထိုင်ပြီး မြို့အဖြစ် သတ်မှတ်ရေးအတွက် အိမ်ထောင်စု ၄၀ဝ သို့မဟုတ် ၅၀ဝ အထိ ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝေဘူလ ကျေးရွာကို အိမ်ကွက်သစ်များ ရိုက်ကာ အမှန်တကယ် နေထိုင်သူများကို ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မြို့အဖြစ် သတ်မှတ်ဖို့ ဆိုတာက လူတွေ လာနေဖို့ လိုတာ၊ လူမနေဘဲနဲ့လည်း လုပ်လို့မရပြန်ဘူး။ မြေကွက် ချထားပေးရာမှာလည်း လာမနေဘဲနဲ့ မြေကွက်ဦးတဲ့အနေနဲ့ လျှောက်ထားတာဆိုရင်လည်း လက်မခံဘူး၊ အမှန်တကယ် လာနေတဲ့သူတွေကို မြေကွက် ချပေးမယ်”ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။

ဝေဘူလကျေးရွာတွင် လာရောက် နေထိုင်လိုသူများ အနေနှင့် ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် မြေကွက် လာရောက် လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားသူများကို အမှန်တကယ် နေထိုင်မည့်သူ ဟုတ်မဟုတ် စိစစ်ကာ မြေကွက် ချထားပေးမည်ဖြစ်ပြီး မြေကွက် ၅၀ဝ ခန့်ကို ပြင်ဆင်ထားကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အသစ် လက်ထက်တွင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်နိမိတ်ချင်း ထိစပ်နေသော နေရာဖြစ်သည့် ဖလမ်းခရိုင်ရှိ ခိုင်ကမ်းကျေးရွာကို မြို့အဖြစ် သတ်မှတ်ချထားပေးပြီး ဝေဘူလကျေးရွာကိုလည်း မြို့အဖြစ် သတ်မှတ်ချထားပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ ချင်းပြည်နယ်တွင် ခိုင်ကမ်း မြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး၊ ဝေဘူလမြို့ ထပ်တိုးပါက မြို့နယ် ၁၁ မြို့နယ်အထိ ရှိလာမည်ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service