အမေးသာရှိပြီး အဝယ်မလာသေးတဲ့ အိမ်ခြံမြေဈေးကွက်

အမေးသာရှိပြီး အဝယ်မလာသေးတဲ့ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
11 May 2015 11:09 am တွင် တင်ခဲ့သည်
1983 ကြိမ် ကြည့်ရှု့ပြီး
မေလဆန်းပြီးနောက်ပိုင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်မြင့်တက်လာဖွယ်ရှိသည်ဟု အိမ်ခြံမြေဈေး ကွက်ကျွမ်းကျင်သူများမှ သုံးသပ်ထားခဲ့ကြသော်လည်း အမေးသာရှိပြီး ဝယ်လက်မရှိခေါ်ဈေးမြင့်ဖြင့် ဈေးကွက် ရပ်တည်လျှက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

မြေဈေးဟုခေါ်ရာတွင် ယခုလပိုင်း၊ ရက်ပိုင်းအတွင်းအရောင်းအဝယ်ပြုလုပ်မှုအများဆုံးမှာ လယ်မြေများ ပင်ဖြစ်နေကြသည်။ လယ်မြေများကို ရှေးယခင်ငွေသွင်းချလံပြပြီး၊ လယ်သမားများမှမိမိပိုင်ဆိုင် ကြောင်းအထောက်အထားဖြင့်ရောင်းချလာကြသည်။ လယ်ဧကများကို ခြံကွက်အဖြစ်မည်သည့်အထောက် အထားမျှ မပါအရောင်းအဝယ်ပြုလုပ်လာခဲ့ရာ စည်ပင်သာယာနှင့်ပြဿနာဖြစ်သူကဖြစ်၊ အုပ်ချုပ်ရေးဌာနများ နှင့် ပြဿနာဖြစ်သူကဖြစ် မြေပိုင်ရှင်ဆိုသူနှင့် ပြဿနာဖြစ်သူကဖြစ်ခဲ့ကြသည်။ သို့သော်အရောင်းအဝယ်က မပျက်ခဲ့ပေ။

“အမှတ် ၄ လမ်းမကြီးနဲ့ ဆက်ပြီး ကျုပ်တို့ မှော်ဘီဝါးနက်ချောင်းဘက်ကို မြို့ရှောင်လမ်းဖောက်မယ်။ အဲ့မြို့ ရှောင်လမ်းဘေးကလယ် ကွက်တွေအရောင်းအဝယ်ဖြစ်လာကြတယ်။ ပေ ၄၀-၆၀ ကိုသိန်း၆၀ ပဲရှိတယ်။ ပိုင်ဆိုင်မှုအထောက်အထားကိုမြေစာရင်းမှာငါးသောင်းလောက်ပေးရင်ရတယ်ပြောတယ်။ ပိုင်ဆိုင်မှုပါရတယ်ဆို ရင်တော့ ဒီဈေးကအလွန်တန်တဲ့ဈေးပါ။” ဟုမှော်ဘီနေမိတ်ဆွေတစ်ဦးမှ ဆိုခဲ့သည်။ အမှတ် ၄ လမ်းမကြီးသည်လှော်ကားမှမှော်ဘီပြည်လမ်းတွင်ဆုံးပြီး မှော်ဘီတိုက်ကြီး ဥက္ကံမြို့ များသို့သွားလိုလျှင် ပြည်လမ်းပေါ်သို့တက်ပြီးသွားနိုင်သည့် လမ်းမျိုးဖြစ်သည်။ ယင်းကဲ့သို့မှော်ဘီမြို့ ထဲကိုဖြတ်၍သွားရခြင်း ကြောင့် မှော်ဘီမြို့ နယ်မှမြို့ ရှောင်လမ်းအဖြစ်ရွှေမြယာလမ်းသို့ဆက်သွယ်ဖောက်လုပ်ရမည်ဖြစ်သည့် အတွက် အမှတ် ၄ လမ်းမကြီး သည်ပြည်လမ်းကို ရွှေမြယာလမ်းသို့ဆက်သွယ်ဖောက်လုပ်မည့်စီမံကိန်းရှိခြင်း ကြောင့် လမ်းနှင့် မလွတ်ကင်းသော မြေများအားလတန်ဖိုးသင့်ဝယ်ယူပြီး လမ်းဖောက်လုပ်သွားမည့်အတွက် ယင်းလမ်းဖောက်မည့်နေရာတွင်ရှိသော လယ်မြေများကို အဝယ်လိုက်လာခြင်းဖြစ်သည်။ စီမံကိန်းကြောင့်မြေ မှော်ဘီမြို့ ရှိလယ်မြေဈေးများမြင့်တက်လာသည့်သဘောပင်ဖြစ်သည်။

ထို့ကြောင့်လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် လယ်မြေများအဝယ်လိုက်နေခြင်းဖြစ်သည်။ ယခုမေလ ဆန်းပိုင်းတွင် ဈေးကွက်လှုပ်ရှားမှုရှိခဲ့သော်လည်း ယခုနှစ်အတွင်းရှိသည့် အစိုးရရွေးကောက်ပွဲကြောင့် ဈေးကွက်တစ်ခုလုံးအတိုင်းအတာအရ အမေးသာများနေပြီး ဝယ်လက်မရှိသေးပေ။ လမ်းဖောက်လုပ်မည့် စီမံကိန်းရှိသည့် မှော်ဘီရှိလယ်ယာမြေများသာအရောင်းအဝယ်ဖြစ်နေကြသည်။ လက်ရှိအိမ်ခြံမြေဈေးကွက် သည်စောင့်ကြည့်ကာလဖြစ်နေပြီး မြေယာပိုင်ဆိုင်မှုပြဿနာအများဆုံးဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြည်တွင်း အိမ်ခြံမြေဝယ်ယူသူတို့မှာ ရင်းနှီးမြှုပ်နှံမှုများသည့် အိမ်ခြံမြေကိုဝင်ရောက်လုပ်ကိုင်ရန် ချင့်ချိန်နေကြခြင်း ကြောင့်ဖြစ်သည်။

အိမ်ခြံမြေရောင်းဝယ်ခြင်းဆိုသည်မှာ ငွေရှာရလွယ်ကူသည့် လုပ်ငန်းအမျိုးအစားဖြစ်သည့် အတွက် အချို့သော မသမာသူတို့သည် လိမ်လည်၍အိမ်ခြံမြေလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်လာမှုများ ရှိနေသည့်အတွက် လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အကျိုးဆောင်များမှာလည်း မျက်နှာသိများဖြင့်သာ အလုပ်လုပ်ကိုင်လျက်ရှိ သည့်အတွက် လက်ရှိအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်နည်းပါးလျက်ရှိသည်။ “ အခုဈေးကွက်မှာက ဝယ်တဲ့လူတို့ရောင်းမယ်လူတို့လာမေးထားတာတွေရှိတယ်။ ဒါပေမဲ့လည်း မျက်နှာသိမဟုတ်ရင် ငွေရှင်တွေကမလုပ်ရဲဘူးဖြစ်နေတော့ အမေးဈေးကွက်သပ်သပ်ပဲဖြစ်နေတယ်။ ပွဲကတော့ ဖြစ်ပါတယ်။ မေးတာနဲ့ ဖြစ်တဲ့ပွဲအချိုးကတော်တော်လေးကို ကွာနေတယ်။” ဟုစမ်းချောင်းမှ ဝါရင်အိမ်ခြံမြေ တိုက်ခန်းအကျိုးတော်ဆောင်တစ်ဦးက လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်အပေါ်သုံးသပ်ပြောကြားခဲ့သည်။ ထို့အပြင် မသမာသူများမှ အိမ်ခြံမြေဈေးကွက်တွင်ဝင်ရောက်လုပ်ကိုင်လာမှုများမှာ ပိုမိုများပြားလာခြင်းက လည်း လက်ရှိအိမ်ခြံမြေဈေးကွက် အရောင်းအသွားခြင်း၏တရားခံတစ်မျိုးပင်ဖြစ်သည်။ လက်ရှိပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် ယခင်အိမ်ခြံမြေဈေးကွက်လောက်လုပ်ကိုင်ရမလွယ်ကူတော့ပေ။

စာချုပ်စာတမ်း အတုဟုတ်၊ မဟုတ်နှင့် ပိုင်ဆိုင်မှုအတုဟုတ်၊ မဟုတ်စစ်ဆေးနေရသည့်အတွက် မယုံကြည်၍ ပျက်ခဲ့ရသည့် အရောင်းဆိုင်ထားသောပွဲများလည်းအမြောက်အမြားရှိနေလေသည်။ “အစ်မတို့ကလည်း နယ်ကျော်တက် လာတဲ့ ရောင်းကွက်တွေကို ရှောင်ကြတာများတယ်။ ဘာလို့လဲဆိုရင် နယ်ကျော်လာတဲ့ အိမ်ခြံမြေတွေမှာက အမှုတွေဘာတွေဖြစ်တတ်တယ်။ အခုအရောင်းအဝယ်ဖြစ်နေတာကလည်း မြို့ထဲပိုင်းကများတော့ မြို့ပြင်ပိုင်း ကတက်လာတဲ့ ရောင်းကွက်တွေဆိုရှောင်ကြတယ်။ ဒီတော့အရောင်းအဝယ်က ပါးလာတာပေါ့” စမ်းချောင်းမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ထပ်မံဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမှု ယခုမေလဆန်းအိမ်ခြံမြေဈေးကွက်သည် အရောင်းဈေးကွက်သာရှိနေပြီး အဝယ်ဈေးကွက်တွင် မေးသူသာရှိနေပြီး တေ့တေ့ဆိုင်ဆိုင်အဝယ်မရှိသေးပေ။ ယင်းကြောင့်လည်း ငွေကိုင်သူ များမှ မတန်တဆဈေးဆစ်ကာ၊ ဈေးတပေါင်ကျိုးလုပ်နေကြသည်။ ထို့အတွက်လည်း ဗိုက်နာသူများသာ ပေးဈေးနှင့်ထိုးရောင်းနေကြသော်လည်း အချို့ ရောင်းချမည့်သူများမှ ဈေးတက်ချိန်ကိုစောင့်မျှော်နေလျက်ရှိကြ သည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service