ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
5 Mar 2025 11:16 am တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုများပြားလာခြင်း၊ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ထိုပြဿနာကို ဖြေရှင်းနိုင်ရန် ခြေလှမ်းတစ်ရပ်အနေဖြင့် ယခုအခါ တိုကျိုမြို့တွင် ရက်သတ္တပတ်တွင် ရုံးရက် ၄ ရက်သို့ လျှော့ချသတ်မှတ်ရန် စီစဉ်လာသည်။

ဂျပန်၏ အကြီးမားဆုံး အလုပ်ရှင်များတွင် တစ်ခုအပါအဝင်ဖြစ်သော တိုကျိုမြို့တော် အုပ်ချုပ်ရေးအစိုးရအဖွဲ့ သည် ၎င်း၏ ဝန်ထမ်းများကို လာမည့် ဧပြီလမှ စတင်ပြီး တစ်ပတ်လျှင် ရုံးရက် ၄ ရက်သာ သတ်မှတ်ပေးရန် စီစဉ်နေသည်။

ထို့အပြင် ကလေးစောင့်ရှောက်မှုအတွက် ‘တစိတ်တပိုင်းခွင့်’ မူဝါဒကိုလည်း ကျင့်သုံးရန် စီစဉ်ထားသည်။

အဆိုပါမူဝါဒအရ အချို့သောဝန်ထမ်းများအနေဖြင့် တစ်ရက်လျှင် အလုပ်ချိန် ၂ နာရီ ပိုမိုနည်းပါးသွားမည် ဖြစ်သည်။

ထိုမူဝါဒ၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအနေဖြင့် ကလေးစောင့်ရှောက်ရမည့် တာဝန်နှင့် လုပ်ငန်းခွင်အကြား ချိန်ညှိနိုင်စေရန် ဖြစ်ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး ယုရီကို ကိုအိကဲ့က ပြောသည်။

“အမျိုးသမီးတွေအနေနဲ့ သားဖွားတာ (ဒါမှမဟုတ်) ပြုစုစောင့်ရှောက်ရတာတွေလို ကိစ္စတွေကြောင့် အလုပ်ကနေ နှုတ်ထွက်ရတာမျိုး မရှိစေဖို့အတွက် လုပ်ငန်းခွင် ပြုလွယ်ပြောင်းလွယ်ရှိစေဖို့ ကျွန်မတို့ ဆက်လက်သုံးသပ်နေပါတယ်” ဟု မြို့တော်ဝန်က ပြောကြောင်း Japan Times သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ဂျပန်၌ ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်းခဲ့ပြီးနောက် ယခုမူဝါဒများ အကောင်အထည်ဖော်လာခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ဂျပန်တွင် ကလေးမွေးဖွားမှု ၃၅၀၀၇၄ ဦးသာ ရှိခဲ့ရာ ၂၀၂၃ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကျန်းမာရေး၊ အလုပ်သမား ရေးရာနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် ကလေးမွေးဖွားနှုန်း ကျဆင်းနေသည်မှာ ဂျပန်တစ်နိုင်ငံတည်း မဟုတ်ချေ။ New Yorker ၏ ဖော်ပြချက်အရ ၂၁၀၀ ပြည့်နှစ်သို့ ရောက်လျှင် ကမ္ဘာ့နိုင်ငံများ၏ ၉၇ ရာခိုင်နှုန်းမှာ replacement မွေးဖွားနှုန်းအောက်သို့ ကျဆင်းမည်ဟု ဟောကိန်းထုတ်ထားသည်။

Replacement ဖွားနှုန်းမှာ ပုံမှန်လူဦးရေရှိရေးအတွက် လိုအပ်သော မွေးဖွားနှုန်းဖြစ်သည်။

တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနည်းပါးဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယားတွင် ကလေးတွန်းလှည်းထက် ခွေးတွန်းလှည်းများက ရောင်းအားပိုကောင်းခဲ့သည်ဟု ဆိုသည်။

ယခုရာစုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ဆက်လက်တိုးတက်များပြားလာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသော်လည်း ကလေး ၁၃ ယောက်အဖေ Elon Musk အပါအဝင် ကလေးယူရန် တိုက်တွန်းဆော်သြသူတို့ကမူ ကလေးမွေးဖွားနှုန်းကျဆင်းနေမှုမှာ ကမ္ဘာ့အကြီးမားဆုံး ပြဿနာဖြစ်ကြောင်း ပြောဆိုလာနေကြသည်။

(ဆက်စပ်သတင်း)

Elon Musk က သူ့ရဲ့ Neuralink ကုမ္ပဏီက ဝန်ထမ်းနဲ့ လက်မထပ်ဘဲ အတူနေခဲ့ဖွယ်ရှိသော တက္ကဆပ် ပြည်နယ်က ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ်ကြီး၊ လူဦးရေကျဆင်းနေမှု ပြဿနာကို ကူညီပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားနေကြောင်း ကလေး ၉ ယောက်ရဲ့ ဖခင် Elon Musk ပြောကြား

https://www.imyanmarhouse.com/news/read/1116245

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tokyo is turning to a 4-day workweek in a desperate attempt to help Japan shed its unwanted title of ‘world’s oldest population’

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service