ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်

ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
16 Oct 2024 4:03 pm တွင် တင်ခဲ့သည်
578 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမှ Al Yalayis 1 အရပ်ရှိ မြေကွက်ကြီးတစ်ခု အာရပ်ငွေ (AED)၂ ဒသမ ၈၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၇၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Dubai REST မှ အချက်အလက်များ အရ သိရကြောင်း gulfnews သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော မြေကွက်ကြီးကို ၁ စတုရန်းပေလျှင် ၉၄ AED ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွင်း ဒူဘိုင်း၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။

ဒူဘိုင်းအုပ်ချုပ်ရေးအဖွဲ့သည် အိမ်ခြံမြေ၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲရန်အတွက် ရည်မှန်းချက်ကြီးမားသော မာစတာ plan တစ်ခုကို မကြာသေးမီက ချပြခဲ့သည်။

အိမ်ခြံမြေမဟာဗျူဟာတွင် ၂၀၃၃ ခုနှစ်သို့ ရောက်ရှိပါက ဒူဘိုင်း အိမ်ခြံမြေအရောင်းအဝယ် AED ၁ ထရီလီယံဖိုးအထိ မြှင့်တင်ပေးနိုင်ရန် ရည်မှန်းထားသည်။

ဒူဘိုင်း၏ အိမ်ရှေ့စံ ရှိတ်ခ် ဟမ်ဒန် ဘင် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်က “ဒီမဟာဗျူဟာက အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့်အပြင် အိမ်ခြံမြေပိုင်ဆိုင်မှုကိုလည်း တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အယ်လ် မက်ခ်တိုအမ်သည် အာရပ်စော်ဘွားများပြည်ထောင်စု၏ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။

အိမ်ခြံမြေအရောင်းအဝယ်ပမာဏ ၇၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေကာ ဒူဘိုင်းအိမ်ခြံမြေတို့၏ တန်ဖိုးကို အဆ ၂၀ ခန့်အထိ AED ၂၀ ဘီလီယံသို့ မြင့်တက်စေခြင်းအားဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ GDP ကို AED ၇၃ ဘီလီယံ ပံ့ပိုးပေးနိုင်ရန် ၂၀၃၃ ခုနှစ် အိမ်ခြံမြေမဟာဗျူဟာက မျှော်မှန်းထားသည်။

ထိုမဟာဗျူဟာသည် ဒူဘိုင်းစီးပွားရေး အာဂျန်ဒါ D33 ၏ ပင်မဒေါက်တိုင်တစ်ခုဖြစ်ပြီး ဒူဘိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမည် ဖြစ်သည်။

ထို့အပြင် ဒူဘိုင်းကို ကွဲပြားမှုများ ပေါင်းစုရာ ကမ္ဘာ့စီးပွားရေးဗဟိုချက်ဖြစ်လာစေရန်လည်း ရည်ရွယ်ထားသည်။

၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ်ကာလအတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေဈေးကွက် ရောင်းအားစံချိန်တင်ခဲ့ပြီး အာရပ်ငွေ ၁၄၁ ဒသမ ၉ ဘီလီယံ (ကန်ဒေါ်လာ ၃၈ ဒသမ ၆ ဘီလီယံ) အထိ ရှိခဲ့သည်။

ထိုပမာဏမှာ ဒုတိယ ၃ လပတ်ရောင်းအား အာရပ်ငွေ ၁၂၄ ဒသမ ၀၇ ဘီလီယံကို ဖြတ်ကျော်ခဲ့ခြင်းလည်း ဖြစ်သည်။

နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၃၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

Fam Properties မှ ဈေးကွက်အချက်အလက်များအရ တတိယ ၃ လပတ်တွင် အိမ်ခြံမြေအရောင်းအဝယ် ၅၀၄၂၃ ခု ဖြစ်ပေါ်ခဲ့ရာ ယခင်နှစ်အလားတူကာလထက် ၃၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယင်းကာလအတွင်း ဖြစ်ပေါ်ခဲ့သော အိမ်ခြံမြေအရောင်းအဝယ်များအနက် ၇၇ ရာခိုင်နှုန်းမှာ တိုက်ခန်းများဖြစ်ပြီး အရောင်းအဝယ် ၃၉၀၅၈ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး တန်ဖိုးအားဖြင့် အာရပ်ငွေ ၇၀ ဒသမ ၅ ဘီလီယံဖိုး ရှိသည်။

တိုက်ခန်းရောင်းအားမှာ ၂၀၂၃ ခုနှစ် အလားတူကာလထက် ၄၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 30 million-square-foot plot in Dubai’s Al Yalayis 1 sold for Dh2.83 billion (gulfnews)

 

 

[Zawgyi]

ဒူဘိုင္းတြင္ စတုရန္းေပ သန္း ၃၀ က်ယ္ဝန္းေသာ ၾကီးမားလွသည့္ေျမကြက္ၾကီးတစ္ခု အာရပ္ေငြ ၂ ဒသမ ၈၃ ဘီလီယံျဖင့္ အေရာင္းအဝယ္ျဖစ္

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဒူဘိုင္းမွ Al Yalayis 1 အရပ္ရွိ ေျမကြက္ၾကီးတစ္ခု အာရပ္ေငြ (AED)၂ ဒသမ ၈၃ ဘီလီယံ (ကန္ေဒၚလာ သန္း ၇၇၀) ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း Dubai REST မွ အခ်က္အလက္မ်ား အရ သိရေၾကာင္း gulfnews သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

စတုရန္းေပ သန္း ၃၀ က်ယ္ဝန္းေသာ ေျမကြက္ၾကီးကို ၁ စတုရန္းေပလွ်င္ ၉၄ AED ျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ကာ ယခုႏွစ္အတြင္း ဒူဘိုင္း၏ အၾကီးမားဆံုး အိမ္ျခံေျမအေရာင္းအဝယ္မ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္လာခဲ့သည္။

ဒူဘိုင္းအုပ္ခ်ဳပ္ေရးအဖြဲ႔သည္ အိမ္ျခံေျမ၊ ပညာေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးက႑မ်ားကို ျပဳျပင္ေျပာင္းလဲရန္အတြက္ ရည္မွန္းခ်က္ၾကီးမားေသာ မာစတာ plan တစ္ခုကို မၾကာေသးမီက ခ်ျပခဲ့သည္။

အိမ္ျခံေျမမဟာဗ်ဴဟာတြင္ ၂၀၃၃ ခုႏွစ္သို႔ ေရာက္ရွိပါက ဒူဘိုင္း အိမ္ျခံေျမအေရာင္းအဝယ္ AED ၁ ထရီလီယံဖုိးအထိ ျမွင့္တင္ေပးႏိုင္ရန္ ရည္မွန္းထားသည္။

ဒူဘိုင္း၏ အိမ္ေရွ႕စံ ရွိတ္ခ္ ဟမ္ဒန္ ဘင္ မိုဟာမက္ ဘင္ ရာရွစ္ အယ္လ္ မက္ခ္တိုအမ္က “ဒီမဟာဗ်ဴဟာက အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုရဲ႕ ယွဥ္ျပိဳင္ႏိုင္စြမ္းကို ျမွင့္တင္ေပးႏိုင္မယ့္အျပင္ အိမ္ျခံေျမပိုင္ဆိုင္မႈကိုလည္း တိုးျမွင့္ေပးႏိုင္မွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

အယ္လ္ မက္ခ္တိုအမ္သည္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၏ ဒုတိယဝန္ၾကီးခ်ဳပ္၊ ကာကြယ္ေရးဝန္ၾကီးလည္း ျဖစ္သည္။

အိမ္ျခံေျမအေရာင္းအဝယ္ပမာဏ ၇၀ ရာခုိင္ႏႈန္းအထိ တိုးျမင့္ေစကာ ဒူဘိုင္းအိမ္ျခံေျမတို႔၏ တန္ဖုိးကို အဆ ၂၀ ခန္႔အထိ AED ၂၀ ဘီလီယံသို႔ ျမင့္တက္ေစျခင္းအားျဖင့္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၏ GDP ကို AED ၇၃ ဘီလီယံ ပံ့ပိုးေပးႏိုင္ရန္ ၂၀၃၃ ခုႏွစ္ အိမ္ျခံေျမမဟာဗ်ဴဟာက ေမွ်ာ္မွန္းထားသည္။

ထိုမဟာဗ်ဴဟာသည္ ဒူဘိုင္းစီးပြားေရး အာဂ်န္ဒါ D33 ၏ ပင္မေဒါက္တိုင္တစ္ခုျဖစ္ျပီး ဒူဘိုင္းအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဆြဲေဆာင္ႏိုင္စြမ္းကို ျမွင့္တင္ေပးမည္ ျဖစ္သည္။

ထို႔အျပင္ ဒူဘိုင္းကို ကြဲျပားမႈမ်ား ေပါင္းစုရာ ကမၻာ့စီးပြားေရးဗဟိုခ်က္ျဖစ္လာေစရန္လည္း ရည္ရြယ္ထားသည္။

၂၀၂၄ ခုႏွစ္၊ တတိယ ၃ လပတ္ကာလအတြင္း ဒူဘိုင္းတြင္ အိမ္ျခံေျမေစ်းကြက္ ေရာင္းအားစံခ်ိန္တင္ခဲ့ျပီး အာရပ္ေငြ ၁၄၁ ဒသမ ၉ ဘီလီယံ (ကန္ေဒၚလာ ၃၈ ဒသမ ၆ ဘီလီယံ) အထိ ရွိခဲ့သည္။

ထိုပမာဏမွာ ဒုတိယ ၃ လပတ္ေရာင္းအား အာရပ္ေငြ ၁၂၄ ဒသမ ၀၇ ဘီလီယံကို ျဖတ္ေက်ာ္ခဲ့ျခင္းလည္း ျဖစ္သည္။

ႏွစ္အလိုက္ ႏႈိင္းယွဥ္မႈတြင္ ၃၀ ဒသမ ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျခင္းလည္း ျဖစ္သည္။

Fam Properties မွ ေစ်းကြက္အခ်က္အလက္မ်ားအရ တတိယ ၃ လပတ္တြင္ အိမ္ျခံေျမအေရာင္းအဝယ္ ၅၀၄၂၃ ခု ျဖစ္ေပၚခဲ့ရာ ယခင္ႏွစ္အလားတူကာလထက္ ၃၇ ဒသမ ၉ ရာခုိင္ႏႈန္း ျမင့္တက္ခဲ့သည္။

ယင္းကာလအတြင္း ျဖစ္ေပၚခဲ့ေသာ အိမ္ျခံေျမအေရာင္းအဝယ္မ်ားအနက္ ၇၇ ရာခိုင္ႏႈန္းမွာ တိုက္ခန္းမ်ားျဖစ္ျပီး အေရာင္းအဝယ္ ၃၉၀၅၈ ၾကိမ္ျဖစ္ေပၚခဲ့ျပီး တန္ဖိုးအားျဖင့္ အာရပ္ေငြ ၇၀ ဒသမ ၅ ဘီလီယံဖုိး ရွိသည္။

တိုက္ခန္းေရာင္းအားမွာ ၂၀၂၃ ခုႏွစ္ အလားတူကာလထက္ ၄၃ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 30 million-square-foot plot in Dubai’s Al Yalayis 1 sold for Dh2.83 billion (gulfnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service