အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ မမြင်ရစေရေးအတွက် ၆ ပေမြင့်သော ခြံစည်းရိုးကာရန် အမိန့်ထုတ်ခဲ့ရာ ခြံစည်းရိုးကာပြီးနောက် ပန်းချီဆရာတစ်ဦး ငှားရမ်းကာ ခြံစည်းရိုးတွင် သူ၏လှေပုံကို ပန်းချီရေးဆွဲခဲ့

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ မမြင်ရစေရေးအတွက် ၆ ပေမြင့်သော ခြံစည်းရိုးကာရန် အမိန့်ထုတ်ခဲ့ရာ ခြံစည်းရိုးကာပြီးနောက် ပန်းချီဆရာတစ်ဦး ငှားရမ်းကာ ခြံစည်းရိုးတွင် သူ၏လှေပုံကို ပန်းချီရေးဆွဲခဲ့ - Property News in Myanmar from iMyanmarHouse.com
24 May 2024 12:47 pm တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ Seaside အမည်ရှိ မြို့ကလေးတစ်ခုတွင် မြို့အုပ်ချုပ်ရေးအဖွဲ့က ဒေသခံတစ်ဦးဖြစ်သော အီတီယန်း ကန်စတေဘယ်လ်အား သူ၏ အိမ်ရှေ့တွင် ထားရှိသော လှေကို ဖုံးကွယ်သွားစေရန်အတွက် ခြံစည်းရိုးကာရန် ညွှန်ကြားခဲ့ရာ အီတီယန်းက ညွှန်ကြားချက်အတိုင်း ခြံစည်းကာရံခဲ့သည်။

အီတီယန်းတွင် လှေတစ်စီးပိုင်ဆိုင်ထားပြီး သူက အိမ်ရှေ့ မြေပြောင်ပြောင် ကွက်လပ်တစ်ခုတွင် ထားရှိခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် မြို့အုပ်ချုပ်ရေးအဖွဲ့က အီတီယန်းအား ၆ ပေအမြင့်ရှိ ခြံစည်းကာရံကာ လှေကို ဖုံးကွယ်ရန် ညွှန်ကြားခဲ့သည်။

အီတီယန်းအနေဖြင့် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ခြံစည်းမကာလျှင် ဒဏ်ငွေ ဒေါ်လာ ၁၀၀ ချမှတ်မည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့သည်။

အီတီယန်းက မြို့အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ခြံစည်းကာရံ ခဲ့သော်လည်း အိမ်နီးချင်းဖြစ်သူ ပန်းချီဆရာ Hanif Panni အား ငှားရမ်းကာ ခြံစည်းရိုးပေါ်တွင် သူ၏ လှေပုံကို ပန်းချီရေးဆွဲစေခဲ့သည်။

အီတီယန်းက ပန်းချီဆရာအတွက် ပန်းချီလက်ရာခတစ်ခုတည်းအတွက်ပင်လျှင် မြို့အုပ်ချုပ်ရေးအဖွဲ့ သတ်မှတ်သည့် ဒဏ်ငွေထက် ပိုမိုကုန်ကျခဲ့သည်။

အီတီယန်းက Fox Business Digital သတင်းဌာနနှင့် ပြီးခဲ့သော တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်မှာ မိမိအနေဖြင့် ပုဂ္ဂလိကပိုင် နေအိမ်တစ်လုံး၏ အခွင့်အရေးနှင့် စပ်လျဉ်းပြီး မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခြင်းမဟုတ်ကြောင်း၊ သို့သော် မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များက မိမိ၏ လှေကို မျက်စိ စပါးမွေး စူးစရာအဖြစ် ရှုမြင်နေခြင်းအပေါ် သဘောမတူကြောင်း ပြောသည်။

“ဥပဒေမှာက တချို့အချက်တွေရှိတယ်။ ဟောင်းနွမ်းအိုမင်းနေတဲ့ ယာဉ်တွေ မထားရဘူး။ အခုဟာက မြင်မကောင်း ရှုမကောင်းအောင် ဖြစ်မနေဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်ကို ဘာကြောင့် အခုလိုလုပ်တာလဲ ကျွန်တော်မသိပါဘူး”

(မြို့ကောင်စီထံမှ သတိပေးအကြောင်းကြားစာ လက်ခံရရှိပြီးနောက် အီတီယန်းက ခြံစည်းရိုးခတ်ခဲ့ပြီးနောက် လှေပုံ ပန်းချီရေးဆွဲခဲ့သည်။ ဓာတ်ပုံ-@hanifwondir/ Instagram)

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ကိုယ့်အတွက်ကိုယ် ရပ်တည်တဲ့သဘောပါ” ပန်းချီမှာ အလွန်လက်ရာမြောက်လှသည်။

အမှတ်တမဲ့ကြည့်ပါက ခြံစည်းရိုးမရှိသည့်အလား မှတ်ထင်ရသည်။ အီတီယန်းက ရှင်းပြသည်မှာ မိမိအနေဖြင့် ဆွဲဆောင်မှုမရှိသော ခြံစည်းရိုး မဖြစ်စေလိုကြောင်း၊ နှစ်သက်ဖွယ်ရာ သွင်ပြင်ရှိသော ခြံစည်းရိုးသာ လိုချင်ခဲ့ကြောင်း ပြောသည်။

(အီတီယန်းက ခြံစည်းရိုးပေါ်တွင် လှေပုံ ပန်းချီဆွဲရန် ပန်းချီဆရာ Hanif Panni အား တာဝန်အပ်နှင်းခဲ့သည်။ ဓာတ်ပုံ-@hanifwondir/ Instagram)

(လှေပုံ ပန်းချီမှာ အစစ်အလား အသက်ဝင်လှပြီး အမြင်အာရုံကို လှည့်စားထားသည့် လက်ရာဖြစ်သောကြောင့် ဒေသတွင်း သတင်းမီဒီယာ၊ မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ကယ်လီဖိုးနီးယား ဒေသခံတို့ များစွာ စိတ်ဝင်စားခဲ့သည်။ ဓာတ်ပုံ-@hanifwondir/ Instagram)

(မြို့ကောင်စီ အပါအဝင် ဒေသခံတို့က ပန်းချီလက်ရာကို များစွာသဘောကျကြသည်။ ဓာတ်ပုံ-@hanifwondir/ Instagram)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Man Was Ordered to Build a Fence to Hide His Boat. He Asked an Artist to Paint the Boat on the Fence (foxnews)

Photo Credit- @hanifwondir/ Instagram

[Zawgyi]

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားတြင္ ျခံဝန္းအတြင္း ေလွတစ္စင္းထားေသာ အမ်ဳိးသားကို ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေလွကို အျခားသူမ်ား မျမင္ရေစေရးအတြက္ ၆ ေပျမင့္ေသာ ျခံစည္းရိုးကာရန္ အမိန္႔ထုတ္ခဲ့ရာ ျခံစည္းရိုးကာျပီးေနာက္ ပန္းခ်ီဆရာတစ္ဦး ငွားရမ္းကာ ျခံစည္းရိုးတြင္ သူ၏ေလွပံုကို ပန္းခ်ီေရးဆြဲခဲ့

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္မွ Seaside အမည္ရွိ ျမိဳ႕ကေလးတစ္ခုတြင္ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေဒသခံတစ္ဦးျဖစ္ေသာ အီတီယန္း ကန္စေတဘယ္လ္အား သူ၏ အိမ္ေရွ႕တြင္ ထားရွိေသာ ေလွကို ဖံုးကြယ္သြားေစရန္အတြက္ ျခံစည္းရိုးကာရန္ ညႊန္ၾကားခဲ့ရာ အီတီယန္းက ညႊန္ၾကားခ်က္အတိုင္း ျခံစည္းကာရံခဲ့သည္။

အီတီယန္းတြင္ ေလွတစ္စီးပိုင္ဆိုင္ထားျပီး သူက အိမ္ေရွ႕ ေျမေျပာင္ေျပာင္ ကြက္လပ္တစ္ခုတြင္ ထားရွိျခင္း ျဖစ္သည္။

၂၀၂၃ ခုႏွစ္၊ ဇူလိုင္လတြင္ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က အီတီယန္းအား ၆ ေပအျမင့္ရွိ ျခံစည္းကာရံကာ ေလွကို ဖံုးကြယ္ရန္ ညႊန္ၾကားခဲ့သည္။

အီတီယန္းအေနျဖင့္ ညႊန္ၾကားခ်က္အတိုင္း မလိုက္နာဘဲ ျခံစည္းမကာလွ်င္ ဒဏ္ေငြ ေဒၚလာ ၁၀၀ ခ်မွတ္မည္ဟု ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာခဲ့သည္။

အီတီယန္းက ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔၏ ညႊန္ၾကားခ်က္အတိုင္း ျခံစည္းကာရံ ခဲ့ေသာ္လည္း အိမ္နီးခ်င္းျဖစ္သူ ပန္းခ်ီဆရာ Hanif Panni အား ငွားရမ္းကာ ျခံစည္းရိုးေပၚတြင္ သူ၏ ေလွပံုကို ပန္းခ်ီေရးဆြဲေစခဲ့သည္။

အီတီယန္းက ပန္းခ်ီဆရာအတြက္ ပန္းခ်ီလက္ရာခတစ္ခုတည္းအတြက္ပင္လွ်င္ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ သတ္မွတ္သည့္ ဒဏ္ေငြထက္ ပိုမိုကုန္က်ခဲ့သည္။

အီတီယန္းက Fox Business Digital သတင္းဌာနႏွင့္ ျပီးခဲ့ေသာ တနလၤာေန႔က ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာသည္မွာ မိမိအေနျဖင့္ ပုဂၢလိကပိုင္ ေနအိမ္တစ္လံုး၏ အခြင့္အေရးႏွင့္ စပ္လ်ဥ္းျပီး ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ ထိပ္တိုက္ေတြ႔ရန္ ၾကိဳးစားျခင္းမဟုတ္ေၾကာင္း၊ သို႔ေသာ္ ျမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားက မိမိ၏ ေလွကို မ်က္စိ စပါးေမြး စူးစရာအျဖစ္ ရႈျမင္ေနျခင္းအေပၚ သေဘာမတူေၾကာင္း ေျပာသည္။

“ဥပေဒမွာက တခ်ဳိ႕အခ်က္ေတြရွိတယ္။ ေဟာင္းႏြမ္းအိုမင္းေနတဲ့ ယာဥ္ေတြ မထားရဘူး။ အခုဟာက ျမင္မေကာင္း ရႈမေကာင္းေအာင္ ျဖစ္မေနဘူးလို႔ ကၽြန္ေတာ္ထင္တယ္။ ကၽြန္ေတာ့္ကို ဘာေၾကာင့္ အခုလိုလုပ္တာလဲ ကၽြန္ေတာ္မသိပါဘူး”

(ျမိဳ႕ေကာင္စီထံမွ သတိေပးအေၾကာင္းၾကားစာ လက္ခံရရွိျပီးေနာက္ အီတီယန္းက ျခံစည္းရိုးခတ္ခဲ့ျပီးေနာက္ ေလွပံု ပန္းခ်ီေရးဆြဲခဲ့သည္။ ဓာတ္ပံု-@hanifwondir/ Instagram)

“ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ လြတ္လပ္စြာ ေရးသားေဖာ္ျပခြင့္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ကိုယ္ ရပ္တည္တဲ့သေဘာပါ” ပန္းခ်ီမွာ အလြန္လက္ရာေျမာက္လွသည္။

အမွတ္တမဲ့ၾကည့္ပါက ျခံစည္းရိုးမရွိသည့္အလား မွတ္ထင္ရသည္။ အီတီယန္းက ရွင္းျပသည္မွာ မိမိအေနျဖင့္ ဆြဲေဆာင္မႈမရွိေသာ ျခံစည္းရိုး မျဖစ္ေစလိုေၾကာင္း၊ ႏွစ္သက္ဖြယ္ရာ သြင္ျပင္ရွိေသာ ျခံစည္းရိုးသာ လိုခ်င္ခဲ့ေၾကာင္း ေျပာသည္။

(အီတီယန္းက ျခံစည္းရိုးေပၚတြင္ ေလွပံု ပန္းခ်ီဆြဲရန္ ပန္းခ်ီဆရာ Hanif Panni အား တာဝန္အပ္ႏွင္းခဲ့သည္။ ဓာတ္ပံု-@hanifwondir/ Instagram)

(ေလွပံု ပန္းခ်ီမွာ အစစ္အလား အသက္ဝင္လွျပီး အျမင္အာရံုကို လွည့္စားထားသည့္ လက္ရာျဖစ္ေသာေၾကာင့္ ေဒသတြင္း သတင္းမီဒီယာ၊ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ ကယ္လီဖိုးနီးယား ေဒသခံတို႔ မ်ားစြာ စိတ္ဝင္စားခဲ့သည္။ ဓာတ္ပံု-@hanifwondir/ Instagram)

(ျမိဳ႕ေကာင္စီ အပါအဝင္ ေဒသခံတို႔က ပန္းခ်ီလက္ရာကို မ်ားစြာသေဘာက်ၾကသည္။ ဓာတ္ပံု-@hanifwondir/ Instagram)

Ref: A Man Was Ordered to Build a Fence to Hide His Boat. He Asked an Artist to Paint the Boat on the Fence (foxnews)

Photo Credit- @hanifwondir/ Instagram

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service