Rap-Rock အဆိုတော် Kid Rock ၏ ဖလော်ရီဒါမှ စံအိမ် ရေတိုက်စားမှုကြောင့် ပင်လယ်ထဲသို့ ပြိုကျတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ
Rap-Rock အဆိုတော် Kid Rock ၏ ဖလော်ရီဒါမှ စံအိမ် ရေတိုက်စားမှုကြောင့် ပင်လယ်ထဲသို့ ပြိုကျတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ - Property News in Myanmar from iMyanmarHouse.com
28 Feb 2024 10:54 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Rap နှင့် Rock သည် မည်သည့်အခါမျှ မဆုံစည်းနိုင်သော မျဉ်းပြိုင်နှစ်ကြောင်းသဖွယ် ယူဆရသော်လည်း Kid Rock ကမူ မတူညီသော ထိုနှစ်မျိုးကို ပေါင်းစည်းကာ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သည်။
Kid Rock ၏ American Bas Ass အမည်ရှိ သီချင်းကို မြန်မာပြည်တွင် အန်စာတုံးက သူစိမ်းဟုလည်းကောင်း၊ Prodical Son ကို အချိန်လွန်နောင်တ၊ Only God Knows Why ကို ကလေးသို့…ဟုလည်းကောင်း ပြန်လည် သီဆိုထားသည်။
 Only God Knows Why ကို ဖြိုးကြီးကလည်း အမုန်းကို ပြန်သိမ်းထားမယ်ဟူသောအမည်ဖြင့် ပြန်လည်သီဆိုထားသေးသည်။
အမေရိက၏ အရှေ့နှင့်အနောက် ကမ်းရိုးတန်း နှစ်ဘက်လုံးရှိ ပင်လယ်ကမ်းခြေစံအိမ်များမှာ ရေတိုက်စားမှု ကြောင့် မြေပြိုမှုအန္တရာယ်များ ရင်ဆိုင်ရလျက်ရှိသည်။
Kid Rock ၏ စံအိမ်မှာ ဖလော်ရီဒါပြည်နယ် ၊ ဂျူပီတာ ကျွန်းတွင် တည်ရှိသည်။
Kid Rock အပြင် Conair ကုမ္ပဏီကြီး၏ အမွေခံ Baba Rizzuto က ၂၀၂၂ ခုနှစ်ကမှ ဝယ်ယူထားသော ဂျူပီတာကျွန်းရှိ စံအိမ်ကြီး၏ မြေနေရာများမှာလည်း အတ္တလန္တိတ် သမုဒ္ဒရာအတွင်းသို့ တစထက်တစ ပြိုကျလာလျက်ရှိနေသည်။
Rizzuto က Ocean Drive လမ်း၊ အမှတ် ၁၄ ရှိ သူမ၏ စံအိမ်ကို ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်းက ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေးသည်။
Conair တည်ထောင်သူ ဘီလျံနာကြီး (ကွယ်လွန်) ၏ သမီးဖြစ်သူ Rizzuto သည် အဆိုပါစံအိမ်ကို ၂၀၁၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Rizzuto ၏ စတုရန်းပေ ၅၉၀၀ ကျယ်ဝန်းသော စံအိမ်နှင့် ရေကူးကန်တို့မှာ အန္တရာယ်မကျရောက်သေး သော်လည်း စံအိမ်နောက်ဘက် မြေနေရာအချို့၊ ခြံစည်းရိုးနေရာအချို့နှင့် အုန်းပင်များမှာ ပင်လယ်ထဲသို့ ပြိုကျသွားခဲ့ပြီ ဖြစ်သည်။
Kid Rock က Ocean Drive လမ်း၊ အမှတ် ၁၁ ရှိ ဤစံအိမ်ကို ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၂ သန်း ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရေတိုက်စားမှုကြောင့် ကမ်းခြေသို့ ဆင်းသည့် လှေကားနှင့် ရှုခင်းကြည့် deck နေရာတစိတ်တပိုင်း ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ် ၊ Dana Point မြို့တွင်လည်း ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ စံအိမ်ကြီး ၃ လုံးမှာ မိုးသက်မုန်တိုင်းများကြောင့် ကမ်းပါးများ ပြိုကျခဲ့ပြီး ပင်လယ်အတွင်း အိမ်ပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
အဆိုပါ စံအိမ်များတွင် နေထိုင်သူများ အခြားနေရာသို့ မပြောင်းရွှေ့သည့်အပြင် အန္တရာယ်ရှိသည်ဟုလည်း ၎င်းတို့က မယူဆချေ။သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ကန်ဒေါ်လာ ၁ ထရီလီယံကျော် တန်ကြေးရှိ စံအိမ်များမှာ ပင်လယ်ကမ်းခြေမှ ပေ ၇၀၀ အတွင်း တည်ရှိကြောင်း ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုတွင် ပင်လယ်ကမ်းရိုးတန်း ရေတိုက်စားမှုကြောင့် နှစ်စဉ် ကန်ဒေါ်လာ သန်း ၅၀၀ ဖိုးခန့် အိမ်ခြံမြေများ ဆုံးရှုံးနေရကြောင်း U.S.Climate Resilience Toolkit က ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kid Rock's Oceanfront Home Hangs In The Balance As Erosion Threatens Coastal Properties (finance)
 Photo Credit:  palmbeachpost
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service