အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၁၁ ဒသမ ၈၇ သန်းဖြင့် ရောင်းမည်
အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၁၁ ဒသမ ၈၇ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
15 Feb 2024 1:43 pm တွင် တင်ခဲ့သည်
1166 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရှေးခေတ်ခံတပ်ကြီးတစ်ခုတွင် ဧကရာဇ်တစ်ပါးသဖွယ် နေထိုင်နိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက် နေသည်။
အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် တချိန်က ဘုရင်များ၊ ဘုရင်မများ စံမြန်းခဲ့သော နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ Appleby အမည်ရှိ ရဲတိုက်ကြီးမှာ ငွေကြေးချမ်းသာကြွယ်ဝသော ဝယ်လက်တစ်ဦး ရှာဖွေလျက်ရှိကြောင်း Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ရဲတိုက်ကြီးသည် ခြံအကျယ် ၂၅ ဧကပေါ်တွင် တည်ရှိပြီး အိပ်ခန်း ၂၂ ခန်းနှင့် ရေချိုးခန်း ၁၉ ခန်း ပါဝင် ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
ကန်ဒေါ်လာ ၁၈ ဒသမ ၈၇ သန်း ဈေးခေါ်ထားပြီး အရောင်းဈေးကွက်တင်ပေးသူမှာ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ Guy Bradshaw ဖြစ်သည်။
၁၂ ရာစုတွင် ဆောက်လုပ်ခဲ့ပြီး ဘုရင်ဧကရာဇ်တို့၏ Amenity များဖြစ်သော ၁၃ ရာစုနှစ် မျှော်စင်၊ ၁၅ ရာစု ခေတ် ညစာစားခန်း ၊ မဟာခန်းမကြီး ၂ ခု (တစ်ခုမှာ ၁၂ ရာစုမှဖြစ်ပြီး ကျန်တစ်ခုမှာ ၁၅ ရာစုမှဖြစ်)၊ သံကြိုး ဖြင့် အတင်အချလုပ်ရသော အလတ်ခေတ် ရဲတိုက်ဂိတ်တံခါး ၊ သင်ပုန်းအုတ်ကြွပ်နှင့် ခဲသတ္တုအမိုး၊ သဲကျောက် နံရံများနှင့် အခန်းဖွင့်ခင်းကျင်းထားသော အဆောက်အအုံ ၃ လုံးတို့ ပါဝင်သည်။
ထို့အပြင် ရုံးခန်းများစွာ၊ စတိုခန်းများနှင့် Eden မြစ်တွင် ငါးဖမ်းခွင့်တို့ ပါဝင်သည်။
Eden မြစ်သည် ရဲတိုက်ကြီး၏ ခြေရင်းတွင် တည်ရှိသည်။
ခေတ်သစ် အဆောင်အယောင်များဖြစ်သော အားကစားလေ့ကျင့်ခန်းမ၊ ရေပူစိမ်ကန်နှင့် Sauna တို့လည်း ပါဝင်သည်။
(မဟာခန်းမကြီး ၂ ခု။ ဓာတ်ပုံ- Sotheby’s International Realty)
(ရဲတိုက်ကြီးကို လက်ရှိအားဖြင့် ဟိုတယ်နှင့် သီးသန့်ကိုယ်ပိုင်နေရာတို့အဖြစ် ပိုင်းခြားထားသည်။ ဓာတ်ပုံ-Sotheby’s International Realty)
(အိပ်ခန်းများ။ ဓာတ်ပုံ- Sotheby’s International Realty)
(သမိုင်းဝင်အဆောက်အအုံဖြစ်သောကြောင့် မွမ်းမံမှုအချို့သာ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဓာတ်ပုံ- Sotheby’s International Realty)
(အခန်းဖွင့်ခင်းကျင်းထားသော အဆောက်အအုံ ၃ ခုပါဝင်သည်။ဓာတ်ပုံ- Sotheby’s International Realty)
(လက်ရှိပိုင်ရှင်က ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲထားသည်။ ဓာတ်ပုံ- Sotheby’s International Realty)
(အိပ်ခန်း ၂၂ ခန်းပါဝင်သည်။ ဓာတ်ပုံ- Sotheby’s International Realty)
(၁၉၉၇ ခုနှစ်တွင် နောက်ဆုံးအကြိမ် ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားသည်။ ဓာတ်ပုံ- Sotheby’s International Realty)
(ခြံအကျယ် ၂၅ ဧကရှိသည်။ ဓာတ်ပုံ- Sotheby’s International Realty)
ရောင်းချသူမှာ Sally Nightingale အမည်ရှိ အမျိုးသမီး ဖြစ်သည်။
သူမက ၂၀၁၃ ခုနှစ်တွင် ရဲတိုက်ကြီး၏ နေရာအများစုကို ဟိုတယ်အဖြစ် ပြောင်းလဲခဲ့ပြီး ကျန် စတုရန်းပေ ၇၇၅၀ ကျယ်ဝန်းသောနေရာကို သူမအတွက် ထားရှိခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This 900-year-old English castle seeks a new generation of owners — for $11.87M (nypost)
Photo Credit: United Kingdom Sotheby's International Realty
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service