အင်္ဂလန်နိုင်ငံ ၊ ဘရစ္စတိုးမြို့တွင် နေထိုင်သူတစ်ဦး အလွန်မြင့်မားသော ခြံစည်းရိုးကာရံထားကာ ခြံပေါက်ဝတွင် မိမိအိမ်အား တံခါးခေါက်ပါက ပေါင် ၂၅၀၀၀ (သို့မဟုတ်) ငွေဒင်္ဂါး ၂၆ ပိဿာ ဒဏ်ငွေပေးရမည်ဖြစ်ကြောင်း သတိပေးစာ ရေးသားထား

အင်္ဂလန်နိုင်ငံ ၊ ဘရစ္စတိုးမြို့တွင် နေထိုင်သူတစ်ဦး အလွန်မြင့်မားသော ခြံစည်းရိုးကာရံထားကာ ခြံပေါက်ဝတွင် မိမိအိမ်အား တံခါးခေါက်ပါက ပေါင် ၂၅၀၀၀ (သို့မဟုတ်) ငွေဒင်္ဂါး ၂၆ ပိဿာ ဒဏ်ငွေပေးရမည်ဖြစ်ကြောင်း သတိပေးစာ ရေးသားထား - Property News in Myanmar from iMyanmarHouse.com
26 Jan 2024 10:58 am တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်တွင် အလွန်မြင့်မားသော ခြံစည်းရိုးကြီး ကာရံကာ ကိုယ်ပိုင်ကမ္ဘာတွင် နေထိုင်လျက်ရှိသူတစ်ဦးက အိမ်ပေါက်ဝတွင် တံခါးခေါက်သူများအနေဖြင့် ပေါင် ၂၅၀၀၀ ဒဏ်ငွေဆောင်ရမည်ဟု ရေးသားထားမှုအပေါ် လူမှုကွန်ရက် သုံးစွဲသူတို့က ပြက်ရယ်ပြုလျက်ရှိသော်လည်း အိမ်နီးချင်းများကမူ ၎င်းဘက်မှ ကာကွယ်ပြောဆိုကြသည်။

အဆိုပါ အိမ်ပိုင်ရှင်မှာ အမျိုးသားတစ်ဦးဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်။

သူ၏ အိမ်မှာ လုံးချင်းအိမ်ဖြစ်ပြီး ဘရစ္စတိုးမြို့တွင် တည်ရှိသည်။

အိပ်ခန်း ၃ ခန်းပါဝင်ကာ ပေါင် ၃၀၀၀၀၀ တန်ကြေးရှိ နေအိမ်ဖြစ်သည်။

 

 

(ဘရစ္စတိုးမြို့ရှိ ဤနေအိမ်တွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်။ ဓာတ်ပုံ-Jon Rowley)

 

(အိမ်ပေါက်ဝတွင် တံခါးခေါက်သည်ကို မကြိုက်ကြောင်း သတိပေးချက် ကပ်ထားသည်။ ဓာတ်ပုံ-Jon Rowley)

 

၎င်းက စာတိုက်ပုံးအတွင်း ကြော်ငြာများ လာထည့်ခြင်းကိုလည်း နှစ်သက်ဟန် မရှိချေ။

သူ၏ အိမ်ရှေ့တွင် လွန်စွာမြင့်မားသော သစ်သားခြံစည်းရိုးကြီး ကာရံထားပြီး ကြီးမားသော အမဲရောင် စာတိုက်ပုံးတစ်ခု ထားရှိထားသည်။

စာတိုက်ပုံးအပေါ်ဘက်ဆီတွင် ထူးခြားသော သတိပေးစာတစ်ခုကို တွေ့ရသည်။

သူ၏ အိမ်ရှေ့ဆင်ဝင်ငယ်သို့ ဝင်ရောက်ကာ တံခါးခေါက်သော အလှူခံများ ၊ နိုင်ငံရေး မဲဆွယ်သူများ ၊ Delievry ပို့သူ၊ အိမ်နီးချင်းများ အစရှိသည့် မည်သူမဆို အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း သတိပေးထားသည်။

ဖိတ်ခေါ်ထားသူများသာ နေအိမ်အတွင်း ဝင်ခွင့်ရှိကြောင်း သတိပေးစာတွင် ဖော်ပြထားပြီး ကျူးကျော်သူများ အနေဖြင့် ထိခိုက်နစ်နာကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အနည်းဆုံး ဒဏ်ကြေးငွေ ပေါင် ၂၅၀၀၀ (သို့မဟုတ်) ဗြိတိသျှ ငွေဒင်္ဂါး ၁၅၀၀ အောင်စ (၂၆ ပိဿာဝန်းကျင်) ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

ထိုဒဏ်ငွေ ပမာဏမှာ လူတစ်ဦးလျှင် (သို့မဟုတ်) ယာဉ်တစ်စီးလျှင် (သို့မဟုတ်) ကျူးလွန်မှုတစ်ကြိမ်လျှင် ပေးဆောင်ရမည့် ပမာဏ ဖြစ်ပြီး မောင်းသူပါသောယာဉ် ၊ မောင်းသူမဲ့ယာဉ်အားလုံး ပါဝင်ကြောင်း ဖော်ပြသည်။

ငွေဒင်္ဂါး ၁၅၀၀ အောင်စမှာ ကာလပေါက်ဈေးအားဖြင့် ပေါင် ၂၇၃၆၀ ခန့်ရှိသည်။

သူ၏ သတိပေးချက်တွင် ကျူးကျော်သူများအား ဒဏ်ငွေ ချမှတ်နိုင်သည့် ဥပဒေကို ကိုးကားထားပြီး ထိုဥပဒေမှာ သြစတေးလျနိုင်ငံ ၊ နယူးဆောက်ဝေးမှ ဖြစ်ပုံရသည်။

မဖိတ်ခေါ်ဘဲ နေအိမ်ပိုင်နက်သို့ ဝင်ရောက်သူများသည် ဤစည်းကမ်းချက်များကို သဘောတူသည်ဖြစ်စေ ၊ မတူသည်ဖြစ်စေ သဘောတူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ၊ လာရောက်သူများသည် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် နိုင်ငံသား ကတ်ပြား ပြသရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လူမှုကွန်ရက်တွင် ၎င်းအား လှောင်ပြောင်မှုများ ရှိသော်လည်း အိမ်နီးချင်းများကမူ ၎င်းဘက်မှ ကာကွယ် ပြောဆိုကြသည်။

အိမ်နီးချင်းတစ်ဦးက ပြောသည်မှာ “သူက လူထူးလူဆန်းတစ်ယောက်ပါ။ မဖိတ်ခေါ်ဘဲ အိမ်တံခါးလာခေါက် သူတွေကြောင့် စိတ်ညစ်နေရတဲ့သူပါ”ဟု ပြောသည်။

 

(နေအိမ်ရှေ့မှ သတိပေးစာကို တွေ့ရပုံ။ ဓာတ်ပုံ-Jon Rowley)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Our neighbour ‘lives in his own world’ behind huge fence & ‘fines’ us £25k for KNOCKING on door…but we’re glad he’s here (thesun) Photo Credit: Jon Rowley

 

 

 

[Zawgyi]

အဂၤလန္ႏိုင္ငံ ၊ ဘရစၥတိုးျမဳိ႕တြင္ ေနထိုင္သူတစ္ဦး အလြန္ျမင့္မားေသာ ျခံစည္းရိုးကာရံထားကာ ျခံေပါက္ဝတြင္ မိမိအိမ္အား တံခါးေခါက္ပါက ေပါင္ ၂၅၀၀၀ (သို႔မဟုတ္) ေငြဒဂၤါး ၂၆ ပိႆာ ဒဏ္ေငြေပးရမည္ျဖစ္ေၾကာင္း သတိေပးစာ ေရးသားထား

 

အဂၤလန္တြင္ အလြန္ျမင့္မားေသာ ျခံစည္းရိုးၾကီး ကာရံကာ ကိုယ္ပိုင္ကမၻာတြင္ ေနထိုင္လ်က္ရွိသူတစ္ဦးက အိမ္ေပါက္ဝတြင္ တံခါးေခါက္သူမ်ားအေနျဖင့္ ေပါင္ ၂၅၀၀၀ ဒဏ္ေငြေဆာင္ရမည္ဟု ေရးသားထားမႈအေပၚ လူမႈကြန္ရက္ သံုးစြဲသူတို႔က ျပက္ရယ္ျပဳလ်က္ရွိေသာ္လည္း အိမ္နီးခ်င္းမ်ားကမူ ၎ဘက္မွ ကာကြယ္ေျပာဆိုၾကသည္။

အဆိုပါ အိမ္ပိုင္ရွင္မွာ အမ်ဳိးသားတစ္ဦးျဖစ္ျပီး တစ္ဦးတည္း ေနထိုင္သူ ျဖစ္သည္။

သူ၏ အိမ္မွာ လံုးခ်င္းအိမ္ျဖစ္ျပီး ဘရစၥတိုးျမဳိ႕တြင္ တည္ရွိသည္။

အိပ္ခန္း ၃ ခန္းပါဝင္ကာ ေပါင္ ၃၀၀၀၀၀ တန္ေၾကးရွိ ေနအိမ္ျဖစ္သည္။

 

(ဘရစၥတိုးျမဳိ႕ရွိ ဤေနအိမ္တြင္ တစ္ဦးတည္း ေနထိုင္သူ ျဖစ္သည္။ ဓာတ္ပံု-Jon Rowley)

(အိမ္ေပါက္ဝတြင္ တံခါးေခါက္သည္ကို မၾကိဳက္ေၾကာင္း သတိေပးခ်က္ ကပ္ထားသည္။ ဓာတ္ပံု-Jon Rowley)

 

၎က စာတိုက္ပံုးအတြင္း ေၾကာ္ျငာမ်ား လာထည့္ျခင္းကိုလည္း ႏွစ္သက္ဟန္ မရွိေခ်။

သူ၏ အိမ္ေရွ႕တြင္ လြန္စြာျမင့္မားေသာ သစ္သားျခံစည္းရုိးၾကီး ကာရံထားျပီး ၾကီးမားေသာ အမဲေရာင္ စာတုိက္ပံုးတစ္ခု ထားရွိထားသည္။

စာတိုက္ပံုးအေပၚဘက္ဆီတြင္ ထူးျခားေသာ သတိေပးစာတစ္ခုကို ေတြ႔ရသည္။

သူ၏ အိမ္ေရွ႕ဆင္ဝင္ငယ္သို႔ ဝင္ေရာက္ကာ တံခါးေခါက္ေသာ အလွဴခံမ်ား ၊ ႏိုင္ငံေရး မဲဆြယ္သူမ်ား ၊ Delievry ပို႔သူ၊ အိမ္နီးခ်င္းမ်ား အစရွိသည့္ မည္သူမဆို အက်ဳိးဆက္ကို ခံစားရမည္ ျဖစ္ေၾကာင္း သတိေပးထားသည္။

ဖိတ္ေခၚထားသူမ်ားသာ ေနအိမ္အတြင္း ဝင္ခြင့္ရွိေၾကာင္း သတိေပးစာတြင္ ေဖာ္ျပထားျပီး က်ဴးေက်ာ္သူမ်ား အေနျဖင့္ ထိခုိက္နစ္နာေၾကး ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အနည္းဆံုး ဒဏ္ေၾကးေငြ ေပါင္ ၂၅၀၀၀ (သို႔မဟုတ္) ျဗိတိသွ် ေငြဒဂၤါး ၁၅၀၀ ေအာင္စ (၂၆ ပိႆာဝန္းက်င္) ေပးေဆာင္ရမည္ဟု ေဖာ္ျပထားသည္။

ထိုဒဏ္ေငြ ပမာဏမွာ လူတစ္ဦးလွ်င္ (သို႔မဟုတ္) ယာဥ္တစ္စီးလွ်င္ (သို႔မဟုတ္) က်ဴးလြန္မႈတစ္ၾကိမ္လွ်င္ ေပးေဆာင္ရမည့္ ပမာဏ ျဖစ္ျပီး ေမာင္းသူပါေသာယာဥ္ ၊ ေမာင္းသူမဲ့ယာဥ္အားလံုး ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ေငြဒဂၤါး ၁၅၀၀ ေအာင္စမွာ ကာလေပါက္ေစ်းအားျဖင့္ ေပါင္ ၂၇၃၆၀ ခန္႔ရွိသည္။

သူ၏ သတိေပးခ်က္တြင္ က်ဴးေက်ာ္သူမ်ားအား ဒဏ္ေငြ ခ်မွတ္ႏိုင္သည့္ ဥပေဒကို ကိုးကားထားျပီး ထုိဥပေဒမွာ ၾသစေတးလ်ႏိုင္ငံ ၊ နယူးေဆာက္ေဝးမွ ျဖစ္ပံုရသည္။

မဖိတ္ေခၚဘဲ ေနအိမ္ပိုင္နက္သို႔ ဝင္ေရာက္သူမ်ားသည္ ဤစည္းကမ္းခ်က္မ်ားကို သေဘာတူသည္ျဖစ္ေစ ၊ မတူသည္ျဖစ္ေစ သေဘာတူျပီးျဖစ္သည္ဟု မွတ္ယူရမည္ ျဖစ္ေၾကာင္း ၊ လာေရာက္သူမ်ားသည္ စံုစမ္းစစ္ေဆးမႈ ျပဳလုပ္ရန္အတြက္ ႏိုင္ငံသား ကတ္ျပား ျပသရမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

လူမႈကြန္ရက္တြင္ ၎အား ေလွာင္ေျပာင္မႈမ်ား ရွိေသာ္လည္း အိမ္နီးခ်င္းမ်ားကမူ ၎ဘက္မွ ကာကြယ္ ေျပာဆုိၾကသည္။

အိမ္နီးခ်င္းတစ္ဦးက ေျပာသည္မွာ “သူက လူထူးလူဆန္းတစ္ေယာက္ပါ။ မဖိတ္ေခၚဘဲ အိမ္တံခါးလာေခါက္ သူေတြေၾကာင့္ စိတ္ညစ္ေနရတဲ့သူပါ”ဟု ေျပာသည္။

 

(ေနအိမ္ေရွ႕မွ သတိေပးစာကို ေတြ႔ရပံု။ ဓာတ္ပံု-Jon Rowley)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Our neighbour ‘lives in his own world’ behind huge fence & ‘fines’ us £25k for KNOCKING on door…but we’re glad he’s here (thesun) Photo Credit: Jon Rowley

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service