ဗြိတိန်ပေါ့ပ်ဂီတအဖွဲ့ S Club 7 မှပေါ့ပ်ကြယ်ပွင့် အိမ်ရှင်နှင်ချသောကြောင့် ခရစ္စမတ်ကာလကတည်းက အိမ်ယာမဲ့ဖြစ်လျက်ရှိ

ဗြိတိန်ပေါ့ပ်ဂီတအဖွဲ့ S Club 7 မှပေါ့ပ်ကြယ်ပွင့် အိမ်ရှင်နှင်ချသောကြောင့် ခရစ္စမတ်ကာလကတည်းက အိမ်ယာမဲ့ဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Jan 2023 12:48 pm တွင် တင်ခဲ့သည်
620 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗြိတိန်ပေါ့ပ်ဂီတအဖွဲ့ S Club 7 မှ အဖွဲ့ဝင် အမျိုးသမီး Hannah Spearritt က ထုတ်ဖော်ပြောကြားသည်မှာ သူမသည် ယခုအခါ အိမ်ယာမဲ့ ဖြစ်လျက်ရှိပြီး ကလေးနှစ်ဦးနှင့်အတူ ရုံးတစ်ရုံးတွင် အိပ်စက်ရလျက် ရှိကြောင်း ပြောသည်။

အသက် ၄၁ နှစ်အရွယ်ရှိ အဆိုတော်က ပြောသည်မှာ သူမနှင့် အမျိုးသား အဒမ် သောမတ်စ် (၄၂ နှစ်)နှင့် သမီးနှစ်ဦးဖြစ်သော Tea (၄ နှစ်) ၊ Tora (၂ နှစ်) တို့ကို အိမ်ရှင်က ခရစ်စမတ်ကာလဝန်းကျင်တွင် အခြားနေရာရှာရန် ၂ ရက်သာ အချိန်ပေးကာ နှင်ထုတ်ခဲ့ကြောင်းပြောသည်။

သူမတို့အား ခေတ္တနေထိုင်ရန်အတွက် ကြိုသွင်းငွေ ဒေါ်လာ ၁၀၄၀၀ ပေးသွင်းရန် မပေးပါက နေအိမ်မှ ဆင်းပေးရန် အိမ်ရှင်ကပြောသောကြောင့် Hannah Spearritt မှာ သူငယ်ချင်းများထံမှ လိုက်လံ အကူအညီတောင်းခဲ့ ရသည်။

 

“ကျွန်မတို့ကို အကျပ်တွေ့စေတာက နေရာသစ်ရှာဖို့ အချိန်မလောက်တာပါပဲ။ ခရစ္စမတ်ပြီးသွားရင်တော့ ပြောင်းလို့ရမယ့် နေရာတွေ ရှိပါတယ်။ အဲဒါကလည်း ရက်သတ္တပတ် အနည်းငယ်လိုပါသေးတယ်။ အဲဒါကြောင့် မဖွင့်ရသေးတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ထဲမှာ ကျွန်မတို့ ပစ္စည်းပစ္စယတွေကို ရွှေ့ထားခဲ့ရပါတယ်။ အဲဒီနေရာတစ်ခု ရှိနေတာ ကျွန်မတို့အတွက် အရမ်းကံကောင်းပါတယ်။ တခြားသွားစရာ နေရာမရှိတော့ပါဘူး။”

 

 

(Hannah Spearritt တို့မိသားစု။ ဓာတ်ပုံ- Instagram@hannahspearritt )

 

Hannah Spearritt ၏ ဂီတအဖွဲ့သည် ၁၉၉၀ ပြည့်လွန်ကာလများနှင့် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများ တွင် ဝင်ငွေ ဒေါ်လာ ၈၅ သန်း ရှာဖွေပေးနိုင်ခဲ့သော်လည်း သူမအတွက်မူ ထိုက်တန်သည့် ငွေကြေး မရခဲ့ ကြောင်း Hannah Spearritt က ပြောသည်။

“လူတွေက ကျွန်မတို့အဖွဲ့သားအားလုံး သန်းကြွယ်သူဌေးတွေ ဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ စိတ်မကောင်း စရာက သူတို့ထင်တာမမှန်ပါဘူး။ အဲဒါကတော့ အဲဒါပေါ့။ ဒါပေမဲ့ ကျွန်မတို့ အမြဲပျော်ရွှင်ခဲ့ပါတယ်။”

 

 

 

(S Club 7 အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများနှင့် ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် ပေါ့ပ်ဂီတ အရောင်းရဆုံး စာရင်းတွင် လွှမ်းမိုးခဲ့သည်။ ဓာတ်ပုံ- Getty Images)

 

S Club 7 အဖွဲ့၏ မန်နေဂျာမှာ Simon Fuller ဖြစ်သည်။

Simon သည် Spice Girls အဖွဲ့ကိုလည်း စီမံခန့်ခွဲပေးသူ တစ်ဦးဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၆၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။

Hannah Spearritt မှာမူ ထိုအဖွဲ့တွင် ရှိနေစဉ်ကာလအတွင်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၉၀,၀၀၀ သာရှိခဲ့သည်။

Hannah Spearrittက ပြောသည်မှာ လက်ရှိအားဖြင့် သူမနှင့်မိသားစုမှာ သူငယ်ချင်းတစ်ဦး၏ စီးပွားရေး လုပ်ငန်း အဆောက်အအုံတွင် အိပ်စက်ရလျက်ရှိပြီး ရုံးခန်းနေရာကို ဧည့်ခန်းအဖြစ် သုံးနေရသည်ဟု ဆိုသည်။

 

 

(Hannah Spearritt တို့စုံတွဲကို တွေ့ရပုံ။ ဓာတ်ပုံ- Instagram@hannahspearritt)

 

 

ပိုမိုဆိုးရွားစေသည့်အချက်မှာ Hannah Spearritt သည် မကြာသေးမီကာလများအတွင်း ကျန်းမာရေး မကောင်းသောကြောင့် အိပ်ယာထဲတွင် နေရသူဖြစ်ရာ လက်ရှိရင်ဆိုင်ရသည့်အခြေအနေကြောင့် များစွာ အခက်ကြုံလာရသည်။

Hannah Spearritt တို့စုံတွဲသည် ကိုယ်ပိုင် ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း နေအိမ်မှ နှင်ထုတ်ခံရမှုကြောင့် အစီအစဉ်ရပ်ဆိုင်းထားရသည်။ S Club 7 ၏ အကျော်ကြားဆုံးသီချင်းများတွင် Don’t Stop Movin , Bring It All Back နှင့် Have You Ever သီချင်းများအပါအဝင် ဖြစ်သည်။

S Club 7 အဖွဲ့သည် ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ပတ်လည် BRIT ဆုပေးပွဲတွင် ထိုးဖောက်နိုင်မှုအကောင်းဆုံး ဂီတအဖွဲ့ဆု ရရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: S Club 7 pop star Hannah Spearritt left homeless since Christmas, sleeps in an office with her two kids (nypost)

 

 

 

[Zawgyi]

ျဗိတိန္ေပါ့ပ္ဂီတအဖြဲ႔ S Club 7 မွေပါ့ပ္ၾကယ္ပြင့္ အိမ္ရွင္ႏွင္ခ်ေသာေၾကာင့္ ခရစၥမတ္ကာလကတည္းက အိမ္ယာမဲ့ျဖစ္လ်က္ရွိ

 

ျဗိတိန္ေပါ့ပ္ဂီတအဖြဲ႔ S Club 7 မွ အဖြဲ႔ဝင္ အမ်ဳိးသမီး Hannah Spearritt က ထုတ္ေဖာ္ေျပာၾကားသည္မွာ သူမသည္ ယခုအခါ အိမ္ယာမဲ့ ျဖစ္လ်က္ရွိျပီး ကေလးႏွစ္ဦးႏွင့္အတူ ရံုးတစ္ရံုးတြင္ အိပ္စက္ရလ်က္ ရွိေၾကာင္း ေျပာသည္။

အသက္ ၄၁ ႏွစ္အရြယ္ရွိ အဆိုေတာ္က ေျပာသည္မွာ သူမႏွင့္ အမ်ိဳးသား အဒမ္ ေသာမတ္စ္ (၄၂ ႏွစ္)ႏွင့္ သမီးႏွစ္ဦးျဖစ္ေသာ Tea (၄ ႏွစ္) ၊ Tora (၂ ႏွစ္) တို႔ကို အိမ္ရွင္က ခရစ္စမတ္ကာလဝန္းက်င္တြင္ အျခားေနရာရွာရန္ ၂ ရက္သာ အခ်ိန္ေပးကာ ႏွင္ထုတ္ခဲ့ေၾကာင္းေျပာသည္။

သူမတို႔အား ေခတၱေနထိုင္ရန္အတြက္ ၾကိဳသြင္းေငြ ေဒၚလာ ၁၀၄၀၀ ေပးသြင္းရန္ မေပးပါက ေနအိမ္မွ ဆင္းေပးရန္ အိမ္ရွင္ကေျပာေသာေၾကာင့္ Hannah Spearritt မွာ သူငယ္ခ်င္းမ်ားထံမွ လိုက္လံ အကူအညီေတာင္းခဲ့ ရသည္။

“ကၽြန္မတို႔ကို အက်ပ္ေတြ႔ေစတာက ေနရာသစ္ရွာဖို႔ အခ်ိန္မေလာက္တာပါပဲ။ ခရစၥမတ္ျပီးသြားရင္ေတာ့ ေျပာင္းလို႔ရမယ့္ ေနရာေတြ ရွိပါတယ္။ အဲဒါကလည္း ရက္သတၱပတ္ အနည္းငယ္လိုပါေသးတယ္။ အဲဒါေၾကာင့္ မဖြင့္ရေသးတဲ့ ေကာ္ဖီဆုိိင္တစ္ဆိုင္ထဲမွာ ကၽြန္မတို႔ ပစၥည္းပစၥယေတြကို ေရႊ႕ထားခဲ့ရပါတယ္။ အဲဒီေနရာတစ္ခု ရွိေနတာ ကၽြန္မတို႔အတြက္ အရမ္းကံေကာင္းပါတယ္။ တျခားသြားစရာ ေနရာမရွိေတာ့ပါဘူး။”

 

 

(Hannah Spearritt တို႔မိသားစု။ ဓာတ္ပံု- Instagram@hannahspearritt )

Hannah Spearritt ၏ ဂီတအဖြဲ႔သည္ ၁၉၉၀ ျပည့္လြန္ကာလမ်ားႏွင့္ ၂၀၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ား တြင္ ဝင္ေငြ ေဒၚလာ ၈၅ သန္း ရွာေဖြေပးႏိုင္ခဲ့ေသာ္လည္း သူမအတြက္မူ ထုိက္တန္သည့္ ေငြေၾကး မရခဲ့ ေၾကာင္း Hannah Spearritt က ေျပာသည္။

“လူေတြက ကၽြန္မတို႔အဖြဲ႔သားအားလံုး သန္းၾကြယ္သူေဌးေတြ ျဖစ္လိမ့္မယ္လို႔ ထင္ၾကတယ္။ စိတ္မေကာင္း စရာက သူတို႔ထင္တာမမွန္ပါဘူး။ အဲဒါကေတာ့ အဲဒါေပ့ါ။ ဒါေပမဲ့ ကၽြန္မတို႔ အျမဲေပ်ာ္ရႊင္ခဲ့ပါတယ္။”

 

 

(S Club 7 အဖြဲ႔သည္ ၁၉၉၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားႏွင့္ ၂၀၀၀ ျပည့္လြန္အေစာပိုင္းကာလမ်ားတြင္ ေပါ့ပ္ဂီတ အေရာင္းရဆံုး စာရင္းတြင္ လႊမ္းမိုးခဲ့သည္။ ဓာတ္ပံု- Getty Images)

S Club 7 အဖြဲ႔၏ မန္ေနဂ်ာမွာ Simon Fuller ျဖစ္သည္။

Simon သည္ Spice Girls အဖြဲ႔ကိုလည္း စီမံခန္႔ခြဲေပးသူ တစ္ဦးျဖစ္ျပီး သူ၏ ၾကြယ္ဝမႈမွာ ေဒၚလာ သန္း ၆၀၀ ခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

Hannah Spearritt မွာမူ ထိုအဖြဲ႔တြင္ ရွိေနစဥ္ကာလအတြင္း တစ္ႏွစ္ဝင္ေငြ ေဒၚလာ ၁၉၀,၀၀၀ သာရွိခဲ့သည္။

Hannah Spearrittက ေျပာသည္မွာ လက္ရွိအားျဖင့္ သူမႏွင့္မိသားစုမွာ သူငယ္ခ်င္းတစ္ဦး၏ စီးပြားေရး လုပ္ငန္း အေဆာက္အအံုတြင္ အိပ္စက္ရလ်က္ရွိျပီး ရံုးခန္းေနရာကို ဧည့္ခန္းအျဖစ္ သံုးေနရသည္ဟု ဆိုသည္။

 

 

(Hannah Spearritt တို႔စုံတြဲကို ေတြ႕ရပုံ။ ဓာတ္ပုံ- Instagram@hannahspearritt)

 

ပိုမိုဆိုးရြားေစသည့္အခ်က္မွာ Hannah Spearritt သည္ မၾကာေသးမီကာလမ်ားအတြင္း က်န္းမာေရး မေကာင္းေသာေၾကာင့္ အိပ္ယာထဲတြင္ ေနရသူျဖစ္ရာ လက္ရွိရင္ဆိုင္ရသည့္အေျခအေနေၾကာင့္ မ်ားစြာ အခက္ၾကံဳလာရသည္။

Hannah Spearritt တို႔စံုတြဲသည္ ကိုယ္ပိုင္ ေကာ္ဖီဆိုင္တစ္ဆိုင္ဖြင့္လွစ္ရန္ စီစဥ္ထားေသာ္လည္း ေနအိမ္မွ ႏွင္ထုတ္ခံရမႈေၾကာင့္ အစီအစဥ္ရပ္ဆိုင္းထားရသည္။ S Club 7 ၏ အေက်ာ္ၾကားဆံုးသီခ်င္းမ်ားတြင္ Don’t Stop Movin , Bring It All Back ႏွင့္ Have You Ever သီခ်င္းမ်ားအပါအဝင္ ျဖစ္သည္။

S Club 7 အဖြဲ႔သည္ ၂၀၀၀ ျပည့္ႏွစ္အတြင္း ႏွစ္ပတ္လည္ BRIT ဆုေပးပြဲတြင္ ထုိးေဖာက္ႏုိင္မႈအေကာင္းဆံုး ဂီတအဖြဲ႔ဆု ရရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: S Club 7 pop star Hannah Spearritt left homeless since Christmas, sleeps in an office with her two kids (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service