မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2022 12:14 pm တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။

အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။

မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။

မာလာရှမ်းကော ဆိုတာ

မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပာယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ စီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။

မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့ ငရုတ်သီးခြောက်၊ ဒူဘန်းလို့ ခေါ်တဲ့ ပဲအစပ်နှစ်၊ စီချွမ်ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ လေးညှင်း၊ စမုန်စပါး၊ စမုန်နက်၊ ဖာလာနက်၊ ချင်း၊ စင်နာမွန်၊ ဆားနဲ့ သကြားတို့ပါပဲ။ ဒီအရာတွေကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမှမဟုတ် ဟင်းရွက်ဆီတွေနဲ့ မီးအေးအေးမှာတင်ပြီး နာရီနဲ့ချီကြိုချက်ထားတာပါ။

 

မာလာအနှစ်ထဲက ပါဝင်ပစ္စည်းအများစုဟာ သဘာဝထုတ်ကုန်တွေချည်းဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာတွေရော ကျန်းမာရေးနဲ့မညီညွတ်တာတွေပါ ရောနှောပါဝင်နေပြီး အဓိကအားဖြင့် အပူအစပ်စာတွေကိုချည်း စုစည်းထားတာမို့ အစာခြေစနစ်နဲ့ ဝမ်းဗိုက်ပြဿနာတွေကို ရင်ဆိုင်ရစေနိုင်ပါတယ်။

မာလာရှမ်းကောဆိုတာက ဒီမာလာအနှစ်ကို အသားတွေ၊ အသင့်စားအသားလုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဟင်းချက်ဆီတွေနဲ့ တွဲဖက်ချက်ပြုတ်ဖန်တီးရတာကြောင့် ကယ်လိုရီပါဝင်မှုမြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အသားတစ်မျိုးမျိုးနဲ့ဖန်တီးထားတဲ့ မာလာရှမ်းကော ၂၀၀ ဂရမ်မှာ ကယ်လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ်၊ ပရိုတင်း ၅၄ ဂရမ်၊ ဆား ၃၆၇ မီလီဂရမ်၊ ပိုတက်ဆီယမ် ၇၂၀ ဂရမ်၊ ကိုလက်စထေရာ ၁၅၁ မီလီဂရမ်၊ ဖိုင်ဘာ ၃ ဂရမ်၊ သကြား ၁ ရမ်နဲ့ ကာဘိုဟိုက်ဒြိတ် ဂရမ်ပါဝင်နေတတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်တော့ မဖြစ်မနေရှောင်ကြဉ်ရမယ့် အစားအစာလို့ ဆိုရပါလိမ့်မယ်။

မာလာရှမ်းကောက စွဲလမ်းစေသလား

ပြောရရင် ပိုင်မုန့်တွေလိုပါပဲ။ သာမန်အခြေအနေတွေကနေကွဲထွက်ပြီး ရိုးရိုးရှင်းရှင်းနဲ့ကို ထူးခြားနေတာမျိုးပေါ့။ မာလာရှမ်းကောတွေကလည်း လူတွေစွဲမက်သွားစေတဲ့ အရသာတစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ စပ်တဲ့ ပူတဲ့အစားအစာတွေ အများကြီးရှိပေမယ့် မာလာရှမ်းကောလောက်တော့ လူတွေကို ဆွဲဆောင်နိုင်စွမ်းမမြင့်မားလှပါဘူး။

ပူစပ်တဲ့ အနှစ်နဲ့ လတ်ဆတ်ပြီး အရသာပြည့်ဝတဲ့ အသီးအရွက်တွေ၊ အသားငါးတွေ၊ ပင်လယ်စာတွေ ရောနှောချက်ပြုတ်ထားတာမို့ ပူပူနွေးနွေးစားမယ်ဆိုရင် အစားအသောက်ရဲ့ အရသာအပြင် ပူပူစပ်စပ်ဝေဒနာကြောင့် စိတ်လှုပ်ရှားစေတာကလည်း ဒီဟင်းအမယ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

 

စိတ်ပညာသဘောအရဆိုရင်လည်း လူတွေဟာ အရသာကြောင့်အစားအစာကို နှစ်သက်ကြတာဖြစ်ပေမယ့် အရသာထက်ပိုကဲပြီး စိတ်ခံစားချက်တစ်စုံတစ်ရာကိုပါ နှိုးဆော်နိုင်တဲ့ အစားအစာတွေကို ပိုနှစ်သက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ ကော်ဖီတို့ ချောကလက်တို့လိုမျိုးပေါ့။

မာလာရှမ်းကောကို ဆိုရင်လည်း ပူလိုက်တာ စပ်လိုက်တာဆိုတဲ့ စကားတွေနောက်မှာ လျှာကို တဟူးဟူး မှုတ်ရင်း မကုန်မချင်းစားမိသွားတတ်ကြတာ လူတိုင်းနီးပါးပါ။ မာလာရှမ်းကောကို ဆွဲဆောင်မှုဖြစ်စေတဲ့ နောက်ထပ်တစ်ချက်ကတော့ ပါဝင်ပစ္စည်းထဲက စီချွမ်ဒေသထွက် ငရုတ်ကောင်းမှုန့်ဖြစ်ပြီးတော့ သူ့ရဲ့ အပူအစပ်အရသာက ဒီအစားအသောက်ရဲ့ အသက်လို့တောင်ဆိုကြပါတယ်။

မာလာရှမ်းကော ကိုလည်းကြိုက်တယ် ဝိတ်လည်းမတက်ချင်ဘူး

မာလာရှမ်းကောမှာ အဓိက ကျန်းမာရေးနဲ့ မညီညွတ်စေတာက အဆီနဲ့ ဖြည့်စွက်အမယ်တွေပါပဲ။ ဆီတွေ၊ အသားတွေ၊ အဆီများတဲ့ ဝက်သားတွေ၊ အသင့်ပြုပြင်ထားတဲ့ အသားလုံးတွေ၊ အပိုဖြည့်စွက်ထားတဲ့ ဆားနဲ့ သကြားတွေက ကျန်းမာရေးကို အဓိက ထိခိုက်စေတာပါ။

ဒါပေမယ့် ဒါတွေကို ဖယ်လိုရင် ကျန်းမာရေးနဲ့ ညီညွတ်သွားမယ်လို့ မဆိုသာပါဘူး။ သူ့ရဲ့ အနှစ်မှာနဂိုပါဝင်နေတဲ့ ပစ္စည်းတွေက ဗိုက်မကောင်းသူတွေနဲ့ မသင့်လျော်ပါဘူး။ ဒါကြောင့် မာလာရှမ်းကောကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

တစ်ခုရှိတာက အမြဲတမ်းမဟုတ်ပဲ နှစ်ပတ် ၁ ခါ ဒါမှမဟုတ် ၁ လ တစ်ခါလောက်သာ စားမယ်ဆိုရင် ကုန်ကျစရိတ်လည်း နည်းပါးမှာဖြစ်သလို ဒီလိုစားသောက်မှုကြောင့် ရလာမယ့် အဆီတွေ၊ ကယ်လိုရီတွေကိုလည်း ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်းခြေဖျက်နိုင်တာမို့ အဆင်ပြေနိုင်ပါတယ်။

ကိုယ်တိုင် အိမ်မှာလုပ်စားမယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ သားငါးတွေကို အဓိက အသုံးပြုပြီး ဆီ၊ ဟင်းခတ်မှုန့်နဲ့ ဆားတွေကို ပမာဏနည်းနည်းသာထည့်သွင်းပြီး ချက်ပြုတ်စားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

 

[Zawgyi]

 

မာလာ႐ွမ္းေကာက ဘာလို႔ စြဲလမ္းစရာျဖစ္ေနတာလဲ

 

မာလာ႐ွမ္းေကာ စားမလား” လို႔ ေမးလိုက္တာနဲ႔ ေခါင္းကေလးေထာင္ၿပီး “ဘယ္မွာလဲ” လို႔ ေမးရင္း တံေတြးကို ဂလုခနဲ မ်ိဳခ်မိသြားၿပီလား။

အသီးအ႐ြက္ေတြ အသားငါးေတြ စုံစုံလင္လင္ပါဝင္ၿပီး ပူပူစပ္စပ္အရသာနဲ႔ တ႐ုတ္ဟင္းလ်ာဟာ ဒီကေန႔ ကမ႓ာေပၚမွာ အလြန္ေရပန္းစားေနတဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ အထူးသျဖင့္ အေ႐ွ႕တိုင္းနဲ႔ အေ႐ွ႕ေတာင္အာ႐ွတိုင္းျပည္ေတြမွာေပါ့။

ျမန္မာႏိုင္ငံမွာဆိုရင္လည္း မာလာ႐ွမ္းေကာဆိုင္ေတြ အလွ်ိဳလွ်ိဳေပၚလာေနၿပီး လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ အလြန္လူႀကိဳက္မ်ားလြန္းလွတဲ့ အစားအစာတစ္ခုအျဖစ္လာေနပါတယ္။ ဒီလိုအခ်ိန္တိုအတြင္း ဘာေၾကာင့္ လူႀကိဳက္မ်ားလာတာလဲ၊ မာလာ႐ွမ္းေကာက က်န္းမာေရးနဲ႔ ကိုက္ညီရဲ႕လားဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

မာလာ႐ွမ္းေကာ ဆိုတာ

မာလာဆိုတာက တ႐ုတ္စကားလုံးျဖစ္ၿပီးေတာ့ “အထုံအစပ္” လို႔ အဓိပၸာယ္ရပါတယ္။ ပါးစပ္ထဲထည့္လိုက္ခ်ိန္မွာ ခံစားရတဲ့ ခံစားခ်က္ကို အစြဲျပဳၿပီး ေခၚဆိုၾကတာပါ။ စီခြၽမ္ျပည္နယ္ ယန္ဇီျမစ္တြင္းက ေရလုပ္သားေတြ ေလွေပၚမွာ ခ်က္ျပဳတ္စားခဲ့တဲ့ အစားအစာတစ္ခုျဖစ္ၿပီး ခုခ်ိန္မွာေတာ့ ကမ႓ာေက်ာ္ အစားအစာတစ္ခုျဖစ္ေနပါၿပီ။

မာလာ႐ွမ္းေကာရဲ႕ အဓိကပစၥည္းျဖစ္တဲ့ မာလာအႏွစ္မွာ အဓိကအားျဖင့္ ပါဝင္တာေတြကေတာ့ င႐ုတ္သီးေျခာက္၊ ဒူဘန္းလို႔ ေခၚတဲ့ ပဲအစပ္ႏွစ္၊ စီခြၽမ္င႐ုပ္ေကာင္း၊ ၾကက္သြန္ျဖဴ၊ ေလးညႇင္း၊ စမုန္စပါး၊ စမုန္နက္၊ ဖာလာနက္၊ ခ်င္း၊ စင္နာမြန္၊ ဆားနဲ႔ သၾကားတို႔ပါပဲ။ ဒီအရာေတြကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမွမဟုတ္ ဟင္း႐ြက္ဆီေတြနဲ႔ မီးေအးေအးမွာတင္ၿပီး နာရီနဲ႔ခ်ီႀကိဳခ်က္ထားတာပါ။

မာလာအႏွစ္ထဲက ပါဝင္ပစၥည္းအမ်ားစုဟာ သဘာဝထုတ္ကုန္ေတြခ်ည္းျဖစ္ေပမယ့္ က်န္းမာေရးနဲ႔ ညီၫြတ္တာေတြေရာ က်န္းမာေရးနဲ႔မညီၫြတ္တာေတြပါ ေရာေႏွာပါဝင္ေနၿပီး အဓိကအားျဖင့္ အပူအစပ္စာေတြကိုခ်ည္း စုစည္းထားတာမို႔ အစာေျခစနစ္နဲ႔ ဝမ္းဗိုက္ျပႆနာေတြကို ရင္ဆိုင္ရေစႏိုင္ပါတယ္။

မာလာ႐ွမ္းေကာဆိုတာက ဒီမာလာအႏွစ္ကို အသားေတြ၊ အသင့္စားအသားလုံးေတြ၊ ေခါက္ဆြဲေျခာက္ေတြ၊ ဟင္းခ်က္ဆီေတြနဲ႔ တြဲဖက္ခ်က္ျပဳတ္ဖန္တီးရတာေၾကာင့္ ကယ္လိုရီပါဝင္မႈျမင့္မားတဲ့ အစားအစာတစ္ခုလည္းျဖစ္ပါတယ္။ အၾကမ္းဖ်ဥ္းအားျဖင့္ အသားတစ္မ်ိဳးမ်ိဳးနဲ႔ဖန္တီးထားတဲ့ မာလာ႐ွမ္းေကာ ၂၀၀ ဂရမ္မွာ ကယ္လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ္၊ ပ႐ိုတင္း ၅၄ ဂရမ္၊ ဆား ၃၆၇ မီလီဂရမ္၊ ပိုတက္ဆီယမ္ ၇၂၀ ဂရမ္၊ ကိုလက္စေထရာ ၁၅၁ မီလီဂရမ္၊ ဖိုင္ဘာ ၃ ဂရမ္၊ သၾကား ၁ ရမ္နဲ႔ ကာဘိုဟိုက္ၿဒိတ္ ဂရမ္ပါဝင္ေနတတ္ပါတယ္။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတြအတြက္ေတာ့ မျဖစ္မေနေ႐ွာင္ၾကဥ္ရမယ့္ အစားအစာလို႔ ဆိုရပါလိမ့္မယ္။

မာလာ႐ွမ္းေကာက စြဲလမ္းေစသလား

ေျပာရရင္ ပိုင္မုန္႔ေတြလိုပါပဲ။ သာမန္အေျခအေနေတြကေနကြဲထြက္ၿပီး ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ကို ထူးျခားေနတာမ်ိဳးေပါ့။ မာလာ႐ွမ္းေကာေတြကလည္း လူေတြစြဲမက္သြားေစတဲ့ အရသာတစ္မ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။ စပ္တဲ့ ပူတဲ့အစားအစာေတြ အမ်ားႀကီး႐ွိေပမယ့္ မာလာ႐ွမ္းေကာေလာက္ေတာ့ လူေတြကို ဆြဲေဆာင္ႏိုင္စြမ္းမျမင့္မားလွပါဘူး။

ပူစပ္တဲ့ အႏွစ္နဲ႔ လတ္ဆတ္ၿပီး အရသာျပည့္ဝတဲ့ အသီးအ႐ြက္ေတြ၊ အသားငါးေတြ၊ ပင္လယ္စာေတြ ေရာေႏွာခ်က္ျပဳတ္ထားတာမို႔ ပူပူေႏြးေႏြးစားမယ္ဆိုရင္ အစားအေသာက္ရဲ႕ အရသာအျပင္ ပူပူစပ္စပ္ေဝဒနာေၾကာင့္ စိတ္လႈပ္႐ွားေစတာကလည္း ဒီဟင္းအမယ္ရဲ႕ ဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။

စိတ္ပညာသေဘာအရဆိုရင္လည္း လူေတြဟာ အရသာေၾကာင့္အစားအစာကို ႏွစ္သက္ၾကတာျဖစ္ေပမယ့္ အရသာထက္ပိုကဲၿပီး စိတ္ခံစားခ်က္တစ္စုံတစ္ရာကိုပါ ႏိႈးေဆာ္ႏိုင္တဲ့ အစားအစာေတြကို ပိုႏွစ္သက္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ဥပမာ ေကာ္ဖီတို႔ ေခ်ာကလက္တို႔လိုမ်ိဳးေပါ့။

မာလာ႐ွမ္းေကာကို ဆိုရင္လည္း ပူလိုက္တာ စပ္လိုက္တာဆိုတဲ့ စကားေတြေနာက္မွာ လွ်ာကို တဟူးဟူး မႈတ္ရင္း မကုန္မခ်င္းစားမိသြားတတ္ၾကတာ လူတိုင္းနီးပါးပါ။ မာလာ႐ွမ္းေကာကို ဆြဲေဆာင္မႈျဖစ္ေစတဲ့ ေနာက္ထပ္တစ္ခ်က္ကေတာ့ ပါဝင္ပစၥည္းထဲက စီခြၽမ္ေဒသထြက္ င႐ုတ္ေကာင္းမႈန္႔ျဖစ္ၿပီးေတာ့ သူ႕ရဲ႕ အပူအစပ္အရသာက ဒီအစားအေသာက္ရဲ႕ အသက္လို႔ေတာင္ဆိုၾကပါတယ္။

မာလာ႐ွမ္းေကာ ကိုလည္းႀကိဳက္တယ္ ဝိတ္လည္းမတက္ခ်င္ဘူး

မာလာ႐ွမ္းေကာမွာ အဓိက က်န္းမာေရးနဲ႔ မညီၫြတ္ေစတာက အဆီနဲ႔ ျဖည့္စြက္အမယ္ေတြပါပဲ။ ဆီေတြ၊ အသားေတြ၊ အဆီမ်ားတဲ့ ဝက္သားေတြ၊ အသင့္ျပဳျပင္ထားတဲ့ အသားလုံးေတြ၊ အပိုျဖည့္စြက္ထားတဲ့ ဆားနဲ႔ သၾကားေတြက က်န္းမာေရးကို အဓိက ထိခိုက္ေစတာပါ။

ဒါေပမယ့္ ဒါေတြကို ဖယ္လိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္သြားမယ္လို႔ မဆိုသာပါဘူး။ သူ႕ရဲ႕ အႏွစ္မွာနဂိုပါဝင္ေနတဲ့ ပစၥည္းေတြက ဗိုက္မေကာင္းသူေတြနဲ႔ မသင့္ေလ်ာ္ပါဘူး။ ဒါေၾကာင့္ မာလာ႐ွမ္းေကာကို က်န္းမာေရးနဲ႔ ညီၫြတ္စြာစားဖို႔ဆိုတာကေတာ့ မျဖစ္ႏိုင္ပါဘူး။

တစ္ခု႐ွိတာက အၿမဲတမ္းမဟုတ္ပဲ ႏွစ္ပတ္ ၁ ခါ ဒါမွမဟုတ္ ၁ လ တစ္ခါေလာက္သာ စားမယ္ဆိုရင္ ကုန္က်စရိတ္လည္း နည္းပါးမွာျဖစ္သလို ဒီလိုစားေသာက္မႈေၾကာင့္ ရလာမယ့္ အဆီေတြ၊ ကယ္လိုရီေတြကိုလည္း က်န္တဲ့အခ်ိန္ေတြမွာ ေကာင္းေကာင္းေျခဖ်က္ႏိုင္တာမို႔ အဆင္ေျပႏိုင္ပါတယ္။

ကိုယ္တိုင္ အိမ္မွာလုပ္စားမယ္ဆိုရင္ေတာ့ လတ္ဆတ္တဲ့ အသီးအ႐ြက္ေတြ၊ သားငါးေတြကို အဓိက အသုံးျပဳၿပီး ဆီ၊ ဟင္းခတ္မႈန္႔နဲ႔ ဆားေတြကို ပမာဏနည္းနည္းသာထည့္သြင္းၿပီး ခ်က္ျပဳတ္စားႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service