ဟောင်ကောင် ရုပ်ရှင်ကြယ်ပွင့် ရှုကြည်၏ ဒေါ်လာ ၂၂ သန်းကျော်တန် လူနေခန်း

ဟောင်ကောင် ရုပ်ရှင်ကြယ်ပွင့် ရှုကြည်၏ ဒေါ်လာ ၂၂ သန်းကျော်တန် လူနေခန်း - Property News in Myanmar from iMyanmarHouse.com
5 May 2022 11:22 am တွင် တင်ခဲ့သည်
3655 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့် ရှုကြည်သည် ဟောင်ကောင်တွင် ဒေါ်လာ ၂၂ ဒသမ ၁ သန်းတန် တန်ဖိုးကြီး လူနေခန်းတစ်ခန်းကို ၂၀၁၈ ခုနှစ်အတွင်းက ဝယ်ယူပိုင်ဆိုင်ထားသည်။

ဟောင်ကောင်တွင် တန်ဖိုးကြီးအိမ်ခြံမြေများ ပိုင်ဆိုင်ထားသည့် ကြယ်ပွင့်များ၌ Joey Yung, Nicholas Tse နှင့် Lin Ching Hsia တို့လည်း ပါဝင်သည်။

ရှုကြည်ဝယ်ယူပိုင်ဆိုင်ထားသောအခန်းမှာ စတုရန်းပေ ၂၄၉၉ ကျယ်ဝန်းသည့် duplex ခန်းဖြစ်ရာ စင်္ကာပူမှ အိပ်ခန်း ၄ ခန်းပါ HDB လူနေခန်း ၂ ခန်းစာခန့် ကျယ်ဝန်းသည်။

ရှုကြည်၏ အခန်းတည်ရှိသည်မှာ Yoo 18 Bonham ဟုအမည်တွင်သည့် အထပ်လတ်တန်ဖိုးကြီး လူနေအိမ်ရာတွင် ဖြစ်သည်။

ဟောင်ကောင်မြေစာရင်းမှတ်ပုံတင်ဌာနမှတဆင့် သတင်းထောက်တစ်ဦးက သိရှိလာသည်မှာ ထိုအခန်းကို ဝယ်ယူခဲ့သူမှာ Lin Li-hui (ရှုကြည်၏ အမည်ရင်း) ဖြစ်ကြောင်း သိခဲ့ရခြင်း ဖြစ်သည်။

ထိုအခန်းကို ရှုကြည်က ဟောင်ကောင်ဒေါ်လာ ၁၂၇ သန်း (ကန်ဒေါ်လာ ၂၂ ဒသမ ၁ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Yoo 18 Bonham မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း ထိုအဆောက်အအုံတွင် ရှုကြည်က အိပ်ခန်း ၄ ခန်းပါ အခန်းတစ်ခန်း ဝယ်ယူခဲ့ကြောင်း အတည်ပြုခဲ့သည်။

ရှုကြည်သည် ၂၀၁၁ ခုနှစ်အတွင်းကလည်း ဟောင်ကောင်မှ Tai Po အရပ်ရှိ The Beverly Hills အိမ်ရာတွင် ဟောင်ကောင်ဒေါ်လာ ၁၈ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၁ သန်း) တန် အခန်း ၁ ခန်း ဝယ်ယူခဲ့သေးသည်။

အိမ်ခြံမြေဈေးနှုန်းများ မတန်တဆ များပြားလွန်းပြီး ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံးဟု နာမည်ကျော်သည့် ဟောင်ကောင်တွင် တန်ဖိုးကြီးနေအိမ်ပိုင်ဆိုင်သူ အနည်းငယ်တွင် ရှုကြည်လည်း ပါဝင်နေသည်။

တရုတ်သတင်းမီဒီယာတို့က ရေးသားကြသည်မှာ ရှုကြည်သည် တရုတ်ပြည်တွင် အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်များ၌ တစ်ဦးအပါအဝင်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ရှုကြည်၏ အနုပညာကြေးမှာ ရုပ်ရှင်တစ်ကားလျှင် ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း ဝန်းကျင် ဖြစ်သည်။

ရှုကြည် နောက်ဆုံးသရုပ်ဆောင်ထားသည်မှာ ၂၀၁၇ ခုနှစ်က ထွက်ရှိထားသော The Adventurers ဇာတ်ကားတွင် Andy Lau နှင့်အတူ သရုပ်ဆောင်ထားသည့် ဇာတ်ကားဖြစ်ပြီး သူ၏ခင်ပွန်း ဒါရိုက်တာ Stephen Fung က ရိုက်ကူးထားခြင်း ဖြစ်သည်။

(ရှုကြည်ဘာလဲ)

Lin Li-hui (မွေး-၁၉၇၆) သည် အနုပညာအမည် ရှုကြည်ဖြင့် လူသိများပြီး ဟောင်ကောင်ရုပ်ရှင်မင်းသမီး ၊ မော်ဒယ်တစ်ဦး ဖြစ်သည်။

၂၀၁၄ ခုနှစ်အချက်အလက်များအရ တရုတ်ပြည် အနုပညာကြေးအများဆုံးသရုပ်ဆောင်များထဲတွင် ပါဝင်သည်။

ထိုင်ဝမ်မြောက်ပိုင်း၊ Xindian မြို့တွင် မွေးဖွားကာ အသက် ၁၇ နှစ်သမီးအရွယ်တွင် ရုပ်ရှင်အခွင့်အလမ်းများ ရှာရန် ဟောင်ကောင်သို့ ရောက်လာသည်။

ဟောင်ကောင်တွင် ရုပ်ရှင်ထုတ်လုပ်သူ Manfred Wong နှင့် Sex & Zen II (၁၉၉၆) ကဲ့သို့ 18+ ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။

ထို့နောက် အချစ်ဒရာမာဇာတ်ကားတစ်ကားဖြစ်သော Bishonen ဇာတ်ကားရိုက်ကူးစဉ်တွင် ဒါရိုက်တာ Stephen Fung နှင့် ချစ်ကြိုက်ခဲ့သည်။

အချစ်ခရီး ၄ နှစ်ကြာမြင့်အပြီး ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ရှုကြည်၏ ထင်ရှားသောဇာတ်ကားများတွင် ဂျေဆင် စတာသမ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော The Transporter (၂၀၀၂) ဇာတ်ကား၊ City Under Siege (၂၀၁၀) ၊ Journey to the West: Conquering the Demons (၂၀၁၃) နှင့် ဂျက်ကီချန်းနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Gorgeous (၁၉၉၉) ဇာတ်ကားများ ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shu Qi Splurges $22.1Mil On Luxury Apartment In Hongkong (8days.sg)

[Zawgyi]

ေဟာင္ေကာင္ ရုပ္ရွင္ၾကယ္ပြင့္ ရႈၾကည္၏ ေဒၚလာ ၂၂ သန္းေက်ာ္တန္ လူေနခန္း

ေဟာင္ေကာင္ရုပ္ရွင္ၾကယ္ပြင့္ ရႈၾကည္သည္ ေဟာင္ေကာင္တြင္ ေဒၚလာ ၂၂ ဒသမ ၁ သန္းတန္ တန္ဖုိးၾကီး လူေနခန္းတစ္ခန္းကို ၂၀၁၈ ခုႏွစ္အတြင္းက ဝယ္ယူပိုင္ဆိုင္ထားသည္။

ေဟာင္ေကာင္တြင္ တန္ဖုိးၾကီးအိမ္ျခံေျမမ်ား ပိုင္ဆိုင္ထားသည့္ ၾကယ္ပြင့္မ်ား၌ Joey Yung, Nicholas Tse ႏွင့္ Lin Ching Hsia တို႔လည္း ပါဝင္သည္။

ရႈၾကည္ဝယ္ယူပိုင္ဆိုင္ထားေသာအခန္းမွာ စတုရန္းေပ ၂၄၉၉ က်ယ္ဝန္းသည့္ duplex ခန္းျဖစ္ရာ စကၤာပူမွ အိပ္ခန္း ၄ ခန္းပါ HDB လူေနခန္း ၂ ခန္းစာခန္႔ က်ယ္ဝန္းသည္။

ရႈၾကည္၏ အခန္းတည္ရွိသည္မွာ Yoo 18 Bonham ဟုအမည္တြင္သည့္ အထပ္လတ္တန္ဖိုးၾကီး လူေနအိမ္ရာတြင္ ျဖစ္သည္။

ေဟာင္ေကာင္ေျမစာရင္းမွတ္ပံုတင္ဌာနမွတဆင့္ သတင္းေထာက္တစ္ဦးက သိရွိလာသည္မွာ ထိုအခန္းကို ဝယ္ယူခဲ့သူမွာ Lin Li-hui (ရႈၾကည္၏ အမည္ရင္း) ျဖစ္ေၾကာင္း သိခဲ့ရျခင္း ျဖစ္သည္။

ထိုအခန္းကို ရႈၾကည္က ေဟာင္ေကာင္ေဒၚလာ ၁၂၇ သန္း (ကန္ေဒၚလာ ၂၂ ဒသမ ၁ သန္း) ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Yoo 18 Bonham မွ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးကလည္း ထိုအေဆာက္အအံုတြင္ ရႈၾကည္က အိပ္ခန္း ၄ ခန္းပါ အခန္းတစ္ခန္း ဝယ္ယူခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။

ရႈၾကည္သည္ ၂၀၁၁ ခုႏွစ္အတြင္းကလည္း ေဟာင္ေကာင္မွ Tai Po အရပ္ရွိ The Beverly Hills အိမ္ရာတြင္ ေဟာင္ေကာင္ေဒၚလာ ၁၈ ဒသမ ၃ သန္း (ကန္ေဒၚလာ ၃ ဒသမ ၁ သန္း) တန္ အခန္း ၁ ခန္း ဝယ္ယူခဲ့ေသးသည္။

အိမ္ျခံေျမေစ်းႏႈန္းမ်ား မတန္တဆ မ်ားျပားလြန္းျပီး ကမၻာေပၚတြင္ အိမ္ျခံေျမေစ်းအၾကီးဆံုးဟု နာမည္ေက်ာ္သည့္ ေဟာင္ေကာင္တြင္ တန္ဖိုးၾကီးေနအိမ္ပိုင္ဆိုင္သူ အနည္းငယ္တြင္ ရႈၾကည္လည္း ပါဝင္ေနသည္။

တရုတ္သတင္းမီဒီယာတို႔က ေရးသားၾကသည္မွာ ရႈၾကည္သည္ တရုတ္ျပည္တြင္ အႏုပညာေၾကးအျမင့္ဆံုး သရုပ္ေဆာင္မ်ား၌ တစ္ဦးအပါအဝင္ျဖစ္သည္ဟု ဆိုသည္။

လက္ရွိအားျဖင့္ ရႈၾကည္၏ အႏုပညာေၾကးမွာ ရုပ္ရွင္တစ္ကားလွ်င္ ကန္ေဒၚလာ ၁ ဒသမ ၇ သန္း ဝန္းက်င္ ျဖစ္သည္။

ရႈၾကည္ ေနာက္ဆံုးသရုပ္ေဆာင္ထားသည္မွာ ၂၀၁၇ ခုႏွစ္က ထြက္ရွိထားေသာ The Adventurers ဇာတ္ကားတြင္ Andy Lau ႏွင့္အတူ သရုပ္ေဆာင္ထားသည့္ ဇာတ္ကားျဖစ္ျပီး သူ၏ခင္ပြန္း ဒါရိုက္တာ Stephen Fung က ရိုက္ကူးထားျခင္း ျဖစ္သည္။

(ရႈၾကည္ဘာလဲ)

Lin Li-hui (ေမြး-၁၉၇၆) သည္ အႏုပညာအမည္ ရႈၾကည္ျဖင့္ လူသိမ်ားျပီး ေဟာင္ေကာင္ရုပ္ရွင္မင္းသမီး ၊ ေမာ္ဒယ္တစ္ဦး ျဖစ္သည္။

၂၀၁၄ ခုႏွစ္အခ်က္အလက္မ်ားအရ တရုတ္ျပည္ အႏုပညာေၾကးအမ်ားဆံုးသရုပ္ေဆာင္မ်ားထဲတြင္ ပါဝင္သည္။

ထိုင္ဝမ္ေျမာက္ပိုင္း၊ Xindian ျမိဳ႕တြင္ ေမြးဖြားကာ အသက္ ၁၇ ႏွစ္သမီးအရြယ္တြင္ ရုပ္ရွင္အခြင့္အလမ္းမ်ား ရွာရန္ ေဟာင္ေကာင္သို႔ ေရာက္လာသည္။

ေဟာင္ေကာင္တြင္ ရုပ္ရွင္ထုတ္လုပ္သူ Manfred Wong ႏွင့္ Sex & Zen II (၁၉၉၆) ကဲ့သို႔ 18+ ဇာတ္ကားမ်ားစြာ ရိုက္ကူးခဲ့သည္။ ထို႔ေနာက္ အခ်စ္ဒရာမာဇာတ္ကားတစ္ကားျဖစ္ေသာ Bishonen ဇာတ္ကားရိုက္ကူးစဥ္တြင္ ဒါရိုက္တာ Stephen Fung ႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

အခ်စ္ခရီး ၄ ႏွစ္ၾကာျမင့္အျပီး ၂၀၁၆ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။ ရႈၾကည္၏ ထင္ရွားေသာဇာတ္ကားမ်ားတြင္ ေဂ်ဆင္ စတာသမ္ႏွင့္ တြဲဖက္သရုပ္ေဆာင္ခဲ့ေသာ The Transporter (၂၀၀၂) ဇာတ္ကား၊ City Under Siege (၂၀၁၀) ၊ Journey to the West: Conquering the Demons (၂၀၁၃) ႏွင့္ ဂ်က္ကီခ်န္းႏွင့္တြဲဖက္သရုပ္ေဆာင္ခဲ့ေသာ Gorgeous (၁၉၉၉) ဇာတ္ကားမ်ား ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Shu Qi Splurges $22.1Mil On Luxury Apartment In Hongkong (8days.sg)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service