Ghost ကားမှ အကြားအမြင်ဆရာမကြီး ဝူပီ ဂိုးဘတ်၏ စံအိမ်

Ghost ကားမှ အကြားအမြင်ဆရာမကြီး ဝူပီ ဂိုးဘတ်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
1 Mar 2022 11:06 am တွင် တင်ခဲ့သည်
2602 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပက်ထရစ် ဆွေဇီနှင့် ဒင်မီမိုးတို့ ပါဝင်သရုပ်ဆောင်ထားသော Ghost ရုပ်ရှင်ကားတွင် အကြားအမြင်ဆရာမကြီးအဖြစ် သရုပ်ဆောင်ခဲ့သူ ဝူပီဂိုးဘတ်သည် အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုရရှိခဲ့သူ ဖြစ်သည့်အပြင် ထိုအချိန်မှစကာ ကမ္ဘာကျော်ခဲ့သူလည်း ဖြစ်သည်။

ဝူပီ ဂိုးဘတ်သည် ဟာသသရုပ်ဆောင်၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ၊ ရုပ်သံတင်ဆက်ခြင်း အစရှိသည့် များပြားလှသည့် နယ်ပယ်များမှ ချီးမွမ်းထောပနာပြုခံရမှု များစွာနှင့်အတူ ဝင်ငွေလည်း ကြီးမားစွာ ရရှိခဲ့သည်။

နှစ်ပေါင်းများစွာ ကာလအတွင်း ဝူပီ ဂိုးဘတ်သည် သူ၏ များပြားလှသော ဝင်ငွေများကို အမေရိက အရှေ့ဖျားမှ အနောက်ဖျားတစ်လွှား အိမ်ခြံမြေများ ဝယ်ယူရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

ပထမဆုံး စတင်ဝယ်ယူခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်မှသည် မကြာသေးမီက ဝယ်ယူလိုက်သော နယူးဂျာစီပြည်နယ်မှ စံအိမ်အထိ ပိုင်ဆိုင်ခဲ့သော စံအိမ်များ များစွာရှိသည်။

(ဝူပီဂိုးဘတ် ဘယ်မှာနေလဲ)

ဝူပီဂိုးဘတ်၏ နေအိမ်များမှာ အလွန်များပြားလှသည်။ နယူးယောက်ပြည်နယ်မှသည် နယူးဂျာစီပြည်နယ်၊ ကယ်လီဖိုးနီးယားမှသည် ဗားမောင့်အထိ နေရာအနှံ့ဖြန့်ကျက်ထားသည်။

(ဝူပီဂိုးဘတ်၏ နယူးဂျာစီပြည်နယ်စံအိမ်)

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ West Orange မြို့၊ လီဝဲလင်း ပါ့ခ် (Llewellyn Park) အိမ်ရာဝန်းအတွင်း တည်ရှိသည့်စံအိမ်မှာ ဝူပီဂိုးဘတ်၏ အဓိကနေအိမ် ဖြစ်သည်။

လီဝဲလင်းသည် ၄၂၅ ဧက ကျယ်ဝန်းပြီး ၂၄ နာရီ လုံခြုံရေး၊ ဧက ၅၀ ကျယ်ဝန်းသော ပန်းခြံနှင့် နာမည်ကျော် အထင်ကရပုဂ္ဂိုလ်များ၊ သူဌေးသူကြွယ်ကြီးများ များစွာနေထိုင်သည့်နေရာ ဖြစ်သည်။

အထက်တန်းကျပြီး လွန်စွာတကိုယ်ရည်လွတ်လပ်မှုရှိသော ထိုအရပ်တွင် ဝူပီဂိုးဘတ်သည် ၂၀၀၉ ခုနှစ်ကတည်းက နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ခမ်းနားလှသော ဂျော်ဂျီယာ ကိုလိုနီ ဗိသုကာဟန် စံအိမ်ကို ဝူပီဂိုးဘတ်က ကန်ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နယူးဂျာစီမှ အဆိုပါစံအိမ်သည် ဝူပီဂိုးဘတ်၏ အကြိုက်ဖြစ်ပြီး ဆူညံရှုပ်ထွေးမှုများမှ ကင်းဝေးပြီး နယူးယောက်နှင့်လည်း များစွာမဝေးလှ။

၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အိပ်ခန်း ၈ ခန်းပါဝင်ကာ အကျယ်အဝန်း ၉၄၈၆ စတုရန်းပေ ရှိသည်။

ခမ်းနားထည်ဝါသော အဝင်ခန်းမ၊ ကြီးမားသည့် ညစာစားခန်း၊ စားသောက်ရန် နေရာပါဝင်သည့် မီးဖိုဆောင်၊ နှမ်းဖတ်ကျောက် စားပွဲမျက်နှာပြင်မှသည် ကြီးမားသည့် အလယ်ဗဟိုချက်ပြုတ်ရန် နေရာအထိ အကောင်းဆုံးသော အဆောင်အယောင်များ ပါဝင်သည်။

Master Bedroom ရှိ ရေချိုးခန်းမှာ ရှေးဆန်သည့်အငွေ့အသက် ခံစားရသော်လည်း စံအိမ်အတွင်းရှိ အခြားသော အခန်းများတွင်မူ စကျင်ကျောက် မီးလင်းဖိုများ၊ အမိုးခုံးပြတင်းများ ပါဝင်သည်ကို တွေ့ရသည်။ ထို့အပြင် ဘိလိယက်ခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ နေအလင်းရောင် ကောင်းစွာရစေရန် စီမံထားသည့်အခန်းတစ်ခန်းနှုင့် ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်သေးသည်။

(လော့စ်အိန်ဂျလိ စံအိမ်)

ဝူပီဂိုးဘတ်သည် ဒေါ်လာသန်းပေါင်းများစွာတန်သည့် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည့်အနက် လော့စ်အိန်ဂျလိမြို့တွင် အာ့ထ် ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်လည်း ပါဝင်ပြီး အဆိုပါစံအိမ်ကို ပိုင်ဆိုင်ထားသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် တည်ရှိပြီး စတုရန်းပေ ၇၀၀၀ အကျယ်အဝန်းရှိကာ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

၁၉၃၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး Grand Hotel ဝတ္ထုကြီးကို ရေးသားခဲ့သည့် စာရေးဆရာ Vicki Baum နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများဖြစ်သော The Pink Panther နှင့် Around the World in 80 Days ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော David Niven လည်း နေထိုင်ခဲ့ဖူးသည်။ David Niven သည် Separate Tables ရုပ်ရှင်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။

ဝူပီဂိုးဘတ်က အဆိုပါစံအိမ်ကို ၁၉၉၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ နေထိုင်ခဲ့သည်။ ယင်းနောက်ပိုင်း ပြန်လည်ရောင်းချရာတွင် ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းအထိ ရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Whoopi Goldberg House Pics: Los Angeles, New York, Vermont, New Jersey – She’s A Mogul (velvetropes)

[Zawgyi]

Ghost ကားမွ အၾကားအျမင္ဆရာမၾကီး ဝူပီ ဂိုးဘတ္၏ စံအိမ္

ပက္ထရစ္ ေဆြဇီႏွင့္ ဒင္မီမိုးတို႔ ပါဝင္သရုပ္ေဆာင္ထားေသာ Ghost ရုပ္ရွင္ကားတြင္ အၾကားအျမင္ဆရာမၾကီးအျဖစ္ သရုပ္ေဆာင္ခဲ့သူ ဝူပီဂိုးဘတ္သည္ အဆိုပါဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ပို႔အျဖစ္ ေအာ္စကာဆုရရွိခဲ့သူ ျဖစ္သည့္အျပင္ ထိုအခ်ိန္မွစကာ ကမၻာေက်ာ္ခဲ့သူလည္း ျဖစ္သည္။

ဝူပီ ဂိုးဘတ္သည္ ဟာသသရုပ္ေဆာင္၊ ရုပ္ရွင္သရုပ္ေဆာင္၊ စာေရးဆရာမ၊ ရုပ္သံတင္ဆက္ျခင္း အစရွိသည့္ မ်ားျပားလွသည့္ နယ္ပယ္မ်ားမွ ခ်ီးမြမ္းေထာပနာျပဳခံရမႈ မ်ားစြာႏွင့္အတူ ဝင္ေငြလည္း ၾကီးမားစြာ ရရွိခဲ့သည္။

ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ဝူပီ ဂိုးဘတ္သည္ သူ၏ မ်ားျပားလွေသာ ဝင္ေငြမ်ားကို အေမရိက အေရွ႕ဖ်ားမွ အေနာက္ဖ်ားတစ္လႊား အိမ္ျခံေျမမ်ား ဝယ္ယူေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ပထမဆံုး စတင္ဝယ္ယူခဲ့ေသာ ကယ္လီဖိုးနီးယားျပည္နယ္မွ စံအိမ္မွသည္ မၾကာေသးမီက ဝယ္ယူလိုက္ေသာ နယူးဂ်ာစီျပည္နယ္မွ စံအိမ္အထိ ပိုင္ဆိုင္ခဲ့ေသာ စံအိမ္မ်ား မ်ားစြာရွိသည္။

(ဝူပီဂိုးဘတ္ ဘယ္မွာေနလဲ)

ဝူပီဂိုးဘတ္၏ ေနအိမ္မ်ားမွာ အလြန္မ်ားျပားလွသည္။ နယူးေယာက္ျပည္နယ္မွသည္ နယူးဂ်ာစီျပည္နယ္၊ ကယ္လီဖိုးနီးယားမွသည္ ဗားေမာင့္အထိ ေနရာအႏွံ႔ျဖန္႔က်က္ထားသည္။

(ဝူပီဂိုးဘတ္၏ နယူးဂ်ာစီျပည္နယ္စံအိမ္)

အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ West Orange ျမိဳ႕၊ လီဝဲလင္း ပါ့ခ္ (Llewellyn Park) အိမ္ရာဝန္းအတြင္း တည္ရွိသည့္စံအိမ္မွာ ဝူပီဂိုးဘတ္၏ အဓိကေနအိမ္ ျဖစ္သည္။

လီဝဲလင္းသည္ ၄၂၅ ဧက က်ယ္ဝန္းျပီး ၂၄ နာရီ လံုျခံဳေရး၊ ဧက ၅၀ က်ယ္ဝန္းေသာ ပန္းျခံႏွင့္ နာမည္ေက်ာ္ အထင္ကရပုဂၢိဳလ္မ်ား၊ သူေဌးသူၾကြယ္ၾကီးမ်ား မ်ားစြာေနထုိင္သည့္ေနရာ ျဖစ္သည္။

အထက္တန္းက်ျပီး လြန္စြာတကိုယ္ရည္လြတ္လပ္မႈရွိေသာ ထိုအရပ္တြင္ ဝူပီဂိုးဘတ္သည္ ၂၀၀၉ ခုႏွစ္ကတည္းက ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ခမ္းနားလွေသာ ေဂ်ာ္ဂ်ီယာ ကိုလိုနီ ဗိသုကာဟန္ စံအိမ္ကို ဝူပီဂိုးဘတ္က ကန္ေဒၚလာ ၂ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

နယူးဂ်ာစီမွ အဆိုပါစံအိမ္သည္ ဝူပီဂိုးဘတ္၏ အၾကိဳက္ျဖစ္ျပီး ဆူညံရႈပ္ေထြးမႈမ်ားမွ ကင္းေဝးျပီး နယူးေယာက္ႏွင့္လည္း မ်ားစြာမေဝးလွ။

၁၉၂၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး အိပ္ခန္း ၈ ခန္းပါဝင္ကာ အက်ယ္အဝန္း ၉၄၈၆ စတုရန္းေပ ရွိသည္။

ခမ္းနားထည္ဝါေသာ အဝင္ခန္းမ၊ ၾကီးမားသည့္ ညစာစားခန္း၊ စားေသာက္ရန္ ေနရာပါဝင္သည့္ မီးဖိုေဆာင္၊ ႏွမ္းဖတ္ေက်ာက္ စားပြဲမ်က္ႏွာျပင္မွသည္ ၾကီးမားသည့္ အလယ္ဗဟိုခ်က္ျပဳတ္ရန္ ေနရာအထိ အေကာင္းဆံုးေသာ အေဆာင္အေယာင္မ်ား ပါဝင္သည္။

Master Bedroom ရွိ ေရခ်ဳိးခန္းမွာ ေရွးဆန္သည့္အေငြ႔အသက္ ခံစားရေသာ္လည္း စံအိမ္အတြင္းရွိ အျခားေသာ အခန္းမ်ားတြင္မူ စက်င္ေက်ာက္ မီးလင္းဖိုမ်ား၊ အမိုးခံုးျပတင္းမ်ား ပါဝင္သည္ကို ေတြ႔ရသည္။ ထို႔အျပင္ ဘိလိယက္ခန္း၊ အားကစားေလ့က်င့္ခန္းမ၊ ေနအလင္းေရာင္ ေကာင္းစြာရေစရန္ စီမံထားသည့္အခန္းတစ္ခန္းႏွုင့္ ဝိုင္သိုေလွာင္ခန္းတို႔လည္း ပါဝင္ေသးသည္။

(ေလာ့စ္အိန္ဂ်လိ စံအိမ္)

ဝူပီဂိုးဘတ္သည္ ေဒၚလာသန္းေပါင္းမ်ားစြာတန္သည့္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည့္အနက္ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ အာ့ထ္ ဒက္ကို ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္လည္း ပါဝင္ျပီး အဆိုပါစံအိမ္ကို ပိုင္ဆိုင္ထားသည္မွာ ကာလၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ပစိဖိတ္ ပါလစ္ဆိတ္အရပ္တြင္ တည္ရွိျပီး စတုရန္းေပ ၇၀၀၀ အက်ယ္အဝန္းရွိကာ အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္း ပါဝင္သည္။

၁၉၃၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ျပီး Grand Hotel ဝတၳဳၾကီးကို ေရးသားခဲ့သည့္ စာေရးဆရာ Vicki Baum ေနထိုင္ရန္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ကမၻာေက်ာ္ရုပ္ရွင္ဇာတ္ကားမ်ားျဖစ္ေသာ The Pink Panther ႏွင့္ Around the World in 80 Days ဇာတ္ကားမ်ားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ David Niven လည္း ေနထုိင္ခဲ့ဖူးသည္။ David Niven သည္ Separate Tables ရုပ္ရွင္ကားျဖင့္ ေအာ္စကာဆု ရရွိခဲ့သည္။

ဝူပီဂိုးဘတ္က အဆိုပါစံအိမ္ကို ၁၉၉၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၅၄၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ၂၀၁၈ ခုႏွစ္အထိ ေနထိုင္ခဲ့သည္။ ယင္းေနာက္ပိုင္း ျပန္လည္ေရာင္းခ်ရာတြင္ ကန္ေဒၚလာ ၈ ဒသမ ၈ သန္းအထိ ရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Whoopi Goldberg House Pics: Los Angeles, New York, Vermont, New Jersey – She’s A Mogul (velvetropes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service