[Unicode]
အတူမနေသည့်မိဘတို့အား သားသမီးတို့ ပြုစုစောင့်ရှောက်အပ်သည့် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ပြီး မိဘနှင့် သားသမီးသံယောဇဉ်မပြတ်စဲဘဲ ဆက်သွယ်မှုရှိလျှင် တစ်နည်းအားဖြင့် အတူမနေသည့် မိဘက ထိုသားသမီးအား မိသားစုတစ်ဦးအဖြစ် ပြန်လည်လက်ခံလျှင် မိဘထံမှ အမွေဆက်ခံခွင့်ရှိကြောင်း စီရင်ထုံးများတွင်ထုံးဖွဲ့ထားပါသည်။အမွေပြတ်စွန့်လွှတ်သည်မှအပ သားသမီးတိုင်း မိဘနှစ်ပါးထံမှ အမွေဆက်ခံခွင့်ရရှိကြောင်း ဥပဒေတွင် ဖော်ပြထားပါသည်။
[Zawgyi]
ဆရာ... မင်္ဂလာပါရှင့် သိချင်တာလေးမေးခွင့်ပြုပါ
ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာသားသမီး ၇ယောက်ရှိပြီး ၆ယောက်မှာ အသီးသီးအိမ်ထောင်ကျပြီးဖြစ်ပါတယ်ရှင့်။ ယခုလက်ရှိဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာ သက်ရှိထင်ရှားရှိနေပြီးအိမ်ထောင်မပြုသေးသူသမီးအငယ်ဆုံးဖြစ်သူနှင့်နေထိုင်လျက်ရှိပါတယ်။ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းပိုင်ဆိုင်သည့်ခြံမြေများသည် မည်သည့်သားသမီးကိုမှခွဲဝေပေးခြင်းမရှိသေးပါ။ သို့ဖြစ်ပါ၍ မိဘနှစ်ပါးသက်ရှိထင်ရှားမရှိတော့သောအချိန်တွင်အဆိုပါခြံမြေများသည်အိမ်ထောင်မပြုသေးသူသမီးငယ်သာပိုင်ဆိုင်ပါသလား။ သို့မဟုတ်သားသမီးအကုန်ုလုံး ပိုင်ဆိုင်ပါသလားရှင်။
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။