1588 ကြိမ် ကြည့်ရှု့ ပြီး

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောစ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ဂမုန်းပွင့် (ကမ္ဘာအေး Shopping Mall) အပေါ်ရှိ အသင့်နေ ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲကို ၂၀၂၀ ပြည့်နှစ် ၊ မတ်လ ( ၂၁ ၊ ၂၂) နေ့ (စနေ ၊ တနင်္ဂနွေ) နေ့များတွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ စီမံကိန်းတည်ရှိရာ ကမ္ဘာအေးဂမုန်းပွင့် (Shopping Mall) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

အဆိုပါ အရောင်းပြပွဲနှစ်ရက်အတွင်းတွင် အထူးလျှော့ဈေးများ ၊ အတိုးမဲ့အရစ်ကျစနစ်များ ၊ ဘဏ်ဖြင့် နှစ်ရှည်အရစ်ကျစနစ် များဖြင့် ရောင်းချခဲ့ရာ မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

ကမ္ဘာအေးကွန်ဒို သည် ဂမုန်းပွင့်မှတာဝန်ယူတည်ဆောက်ထားသည့် အသင့်နေထိုင်နိုင်သော စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ အချက်အချာကျသည့် မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်တွင် တည်ရှိသော ဂမုန်းပွင့် (ကမ္ဘာအေး Shopping Mall) ၏ အပေါ်ထပ်များတွင် တည်ရှိသည်။ ဝယ်ယူသူများအတွက် Owner Book ရရှိမည်ဖြစ်သည်။ ကွန်ဒိုရှိ အခန်းများအားလုံးကို သဘာ၀ အလင်းရောင်ရရှိပြီး လေဝင်လေထွက် ကောင်းမွန်စေရန် စီမံတည်ဆောက်ထားသည်။ ကမ္ဘာအေးဘုရား ၊ ရန်ကုန် လေဆိပ် ၊ အင်းယားကန် ၊ တောင်ဥက္ကလာဂေါက်ကွင်းတို့သို့ အချိန်အနည်းငယ်အတွင်း ရောက်ရှိနိုင်သည့် Location ကိုပိုင်ဆိုင်ထားသည်။

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

ကမ္ဘာအေးကွန်ဒို ဟာ သွားလာရလွယ်ကူအဆင်ပြေတဲ့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်မှာရှိပြီး မြေပိုင်ဆိုင်မှုအားသာချက်ရှိလို့ ဝယ်ယူသင့်တဲ့ကွန်ဒိုတစ်ခုပါ။ ဝယ်ယူပြီး အသင့်နေထိုင်နိုင်ပါတယ်။ ကွန်ဒိုရဲ့ အောက်ထပ်မှာ Shopping Mall ရှိတဲ့အတွက် လိုအပ်သည်များကို အချိန်မရွေး ၊ လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်လို့ နေထိုင်သူများအတွက် အချိန်ကုန်သက်သာစေပါတယ် " ဟု iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားနေချိန် iMyanmarHouse.com ကို ယုံကြည်စွာဖြင့် အရောင်းကိုယ်စားလှယ်အဖြစ်အပ်နှံကာ အရောင်းဖွင့်ခဲ့သည့် ဂမုန်းပွင့်ကုမ္ပဏီ နှင့် စိတ်ချစွာ အားပေးကြသည့် iMyanmarHouse.com ၏ ဝယ်ယူသူပရိသတ်များကြောင့် မျှော်မှန်းထားသည်ထက် ပိုမိုရောင်းအားကောင်းခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုလိုရောင်းအား ကောင်းခဲ့ခြင်းသည် အိမ်ခြံမြေလောကအတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။ " အခုလို ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ မြန်မာ့စီးပွားရေးနဲ့ အိမ်ခြံမြေ လောကကို ဂရက်ရိုက်ခတ်မှာကို စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ အခုလိုမျိုးအချိန်မှာ ရောင်းအားကောင်းခဲ့တဲ့အတွက် ဂမုန်းပွင့်ကုမ္ပဏီအတွက်ရော၊ မြန်မာ့အိမ်ခြံမြေလောကအတွက်ပါ ဝမ်းသာဂုဏ်ယူမိပါတယ် " ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

မျှော်မှန်းသည်ထက် (၂) ဆ ပိုမိုရောင်းအားကောင်းခဲ့သည့် ကမ္ဘာအေးကွန်ဒို အရောင်းပြပွဲ

 

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

### Zawgyi Version ###








iMyanmarHouse.com




 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ် (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ
သင်္ကြန် အကြို၊ အကျ၊ အကြတ် (၃) ရက်ဆက်တိုက်ကျင်းပပြုလုပ်မည့် ငွေဆောင်ရှိ Sweet Dream Villa မြေကွက်အရောင်းပြပွဲကြီး
HOMES@PONNAMI Block 2 အရောင်းဖွင့်ပွဲ အထူးပရိုမိုးရှင်:ကို စင်ကာပူနှင့် ရန်ကုန် (၂) နေရာတွင် တစ်ပြိုင်တည်းကျင်းပခဲ့ ‌
Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)