919 ကြိမ် ကြည့်ရှု့ ပြီး

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

[Unicode]

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက် ဖြစ်သော iMyanmarHouse မှ ကြီးမှူး၍ Cherry ကွန်ဒို အရောင်းပြပွဲကို မေလ(၄) ရက်နဲ့ (၅)ရက်ဖြစ်တဲ့ (စနေနဲ့ တနင်္ဂနွေ) နေ့တွေမှ မနက်(၉ နာရီကနေ ညနေ ၅ နာရီ)အထိ အဆိုပါ Cherry Condo   မှာပင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

အဲဒီ အရောင်းပြပွဲအချိန်အတွင်း ပထမဆုံး ရောင်းချရတဲ့ အခန်း (၅) ခန်းအတွက် Up to 10% discount ၊ Home loan ဖြင့် (၁၅) နှစ်အရစ်ကျ 100% bank transfer ဆိုပြီး အထူးပရိုမိုးရှင်းတွေ ပေးထားကြောင်း သိရပါတယ်။

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

Cherry Condo   ဟာဆိုရင် မြို့ထဲဧရိယာနဲ့ အနီးဆုံးရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ရပ်ကွက်သန့်တစ်ခုမှာ တည်ဆောက်ထားတဲ့ ကွန်ဒိုဖြစ်ပါတယ်။ BCC ကျပြီးသား ကွန်ဒိုအသစ်ဖြစ်လို့ ဝယ်ယူသူတွေအနေနဲ့ အသင့်နေထိုင်နိုင်မယ့် ကွန်ဒိုဖြစ်ပါတယ်။

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

Cherry Condo   ဟာဆိုရင် ၇ ထပ် အဆောက်အဦးဖြစ်ပြီး တစ်လွှာမှာ ၄ ခန်းသာ ပါရှိတဲ့အတွက် Privacy ကောင်းကောင်းနဲ့ နေထိုင်လိုသူတွေက ရွေးချယ်ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

Cherry Condo   ရဲ့အခန်းတွေက 850 sqft နှင့် 1350 sqft ရှိတဲ့ အခန်းကျယ်များဖြစ်လို့ အခန်းဖွဲ့စည်းပုံ ကောင်းမွန်တဲ့အတွက် မိသားစုနေလို့ အဆင်ပြေတဲ့ အခန်းများဖြစ်ပါတယ်။ ဝယ်ယူလိုသူတွေနေအနေနဲ့လည်း မိမိတို့စိတ်ကြိုက် အခန်းတွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

Cherry Condo   ရဲ့ဘေးပတ်ပတ်လည်မှာ အခြားတိုက်မြင့်တွေ မရှိတာမို့ သဘာဝအတိုင်း လေနှင့် အလင်းရောင်တို့ ကောင်းကောင်းရလို့ သဘာဝတရားကြီးနဲ့ နေမယ်ဆိုလည်း နေနိုင်တဲ့အခွင့်အရေး ရှိပါတယ်။

Cherry Condo  ကို ဝယ်ယူသူတွေအနေနဲ့ ဘာကြောင့် ဝယ်ယူကြလဲဆိုတော့ Cherry Condo ရဲ့ အားသာချက်တွေကို သိထားကြလို့သာ လက်မလွတ်တန်း ဝယ်ယူကြကြောင်း သိရပါတယ်။

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

အဲဒီအားသာချက်တွေကတော့ Piled Foundation and Mat Footing တို့နဲ့ တည်ဆောက်ထားလို့ တိုက်ခိုင်ခံ့မှုအတွက် စိတ်ချရခြင်း၊ ဝရန်တာကျယ်ကျယ်ပါရှိပြီး အခန်းဖွဲ့စည်းမှုကောင်းမွန်ခြင်း၊ ကွန်ဒိုတစ်ခန်းအတွက် ကားပါကင် (၁) နေရာစာရရှိခြင်း၊ Lift ၊ CCTV Monitoring System၊ 24hour Backup Generator ၊ Private Transformer ၊ Security System အစရှိတဲ့ အပြင်အဆင်တွေ အပြည့်အစုံပါဝင်ခြင်း၊ အခန်းတွင်းအခန်းဖွဲ့ပေးခြင်း၊ မျက်နှာကျက်ပါရှိခြင်း၊ ပါကေးခင်းပေးခြင်း၊ ရေချိုးခန်းနှင့်အိမ်သာများကို ကြွေပြားများကပ်ပေးခြင်း၊ ဘေစင်နဲ့ ဘိုထိုင်များတပ်ဆင်ပေးခြင်း ၊ Kitchen counter များ တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခြင်း ဆိုတဲ့ အားသာချက်တွေက Cherry Condo ကို ရွေးချယ်ဖို့ အကြောင်းအချက်တွေဖြစ်ပါတယ်။

BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ

Cherry Condo   ဟာဆိုရင် (Junction Zawanna အနီး) ဇဋိလလမ်းနှင့် ဇဋိလ ၂ လမ်းထောင့် ၊ (သုမင်္ဂလာလမ်းမကြီးမှဝင်လျင် ၅ ကွက်မြောက်) မှာ ရှိပြီးတော့ လမ်းကျယ်လမ်းသာတဲ့ ရတနာလမ်း ၊ သုမင်္ဂလာလမ်း ၊ ပြည်သာယာ လမ်းမကြီးတို့ကို တည့်ထွက်နိုင်ပြီး သွားရေးလာရေးလွယ်ကူခြင်း၊ အနီးအနားမှာ ILBC International School ၊ Brain Works၊ မိုးသောက်ပန်း ကိုယ်ပိုင်အထက်တန်းကျောင်း၊ Juction Zawana ၊ AKK shoping mall ၊ အောင်ရတနာဆေးရုံ၊ စံပြဆေးရုံ ၊ City Mart တို့ရှိပြီး မိသားစုနေ့စဉ်ကိစ္စ အဝဝအတွက် အဆင်ပြေလို့ လက်မနှေးဘဲဝယ်ထားသင့်တဲ့ Condo ဖြစ်ပါတယ်။

“ အေးအေးချမ်းချမ်းနဲ့ အချက်အချာကျတဲ့နေရာမှာ ကွန်ဒိုကောင်းကောင်း ရှာနေသူများအတွက် မိသားစုနောင်ရေး စိတ်အေးရအောင်  Cherry Condo   ကို ရွေးချယ်မယ်ဆိုရင်လည်း အမှန်ကန်ဆုံးရွေးချယ်မှု ဖြစ်ပါတယ် ” လို့ iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 


[Zawgyi]


 










iMyanmarHouse.com




 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App