[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Maha Mini Condo အရောင်းပြပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) နှင့် (၂၅) ရက်နေ့တွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အမှတ် (1074) ၊ မဟာဗန္ဓုလမ်း (မန္တလေးလမ်း ) ၊ ၄၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည်။
အရောင်းပြပွဲအတွင်း လာရောက်ဝယ်ယူသူများအတွက် သိန်း (၅၀) Discount ခံစားခွင့်၊ Bank ဖြင့် (၂၅) နှစ်အရစ်ကျစနစ်၊ ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိသော Samsung Q LED 85” TV -Lucky Draw ကံစမ်းခွင့်များကို စီစဉ်ပေးအပ်ခဲ့သည်။
Maha Mini Condo သည် မြောက်ဒဂုံမြို့နယ်၊မဟာဗန္ဓုလလမ်း (မန္တလေးလမ်း ) ၊ ၄၄ ရပ်ကွက် ကိုယ်ပိုင်မြေပေါ်တွင် ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်း Company မှ တည်ဆောက်နေသည့် ကွန်ဒိုဖြစ်သည်။ အခန်းအမျိုးအစားများတွင် Master Bedroom (၁)ခန်း ၊ Single (၁)ခန်းပါဝင်သွားမည်ဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာတို့ကို (၄)ပေပတ်လည်ကြွေပြားကပ်ပေးခြင်းနှင့် မီးဖိုချောင် Cabinetတို့ ပြုလုပ်ပေးသွားမည်။ Facilities များအနေဖြင့် (8)ယောက်စီး ဓာတ်လှေကား (Card System) ၊ 30 KVA Silent Type Generator အသစ် ၊ အဆင့်မီ လျှပ်စစ်မီးသွယ်တန်းခြင်း ၊ ကြာရှည်ခံ နံရံသုတ်ဆေး ၊ ကိုယ်ပိုင်အိမ်သုံးမီတာ ၊ ကိုယ်ပိုင်ရေမော်တာ တို့အပြည့်အစုံပါဝင်မည်။
Maha Mini Condo တွင် နေထိုင်သူများသာ ရရှိမည့် အထူးအခွင့်အရေးများမှာ Maintenance အတွက် Developer မှ Fund အဖြစ် သိန်း (၁၀၀)ကျပ် မတည်ပေးခြင်း ၊ ကော်ရစ်ဒါမီးနှင့် ဝရန်တာမီးတို့ကို ဆိုလာစနစ်ဖြင့် တပ်ဆင်ပေးခြင်း ၊ အခန်းတိုင်း ရေပူရေအေးယူနစ်တစ်ခုစီ ပါရှိခြင်း ၊ (၂)နှစ်စာ နေ့/ည လုံခြုံရေးဝန်ထမ်းများကို အခမဲ့ခန့်ထားပေးခြင်း (ကုန်ကျစရိတ် free ) ၊ CCTV Camera တပ်ဆင်ပေးခြင်း ၊ အခန်းတိုင်း သောက်ရေသန့်စနစ် တစ်ခုစီတပ်ဆင်ပေးခြင်း စသည့် အခြေခံလိုအပ်ချက်များ ပြည့်စုံအောင် စီမံထားသော အခန်းများဖြစ်ပါသည်။
“ Maha Mini Condo အခန်းတွေက Quality ကောင်းတယ်။ဝယ်ယူတဲ့အပိုင်းမှာ နှစ်ရှည်ဘဏ်ချိတ်နဲ့ဝယ်လို့ရပြီးတော့ တစ်လကို (၈) သိန်းလောက်ပဲသွင်းဖို့လိုမယ်။ မြောက်ဒဂုံက စီးပွားရေးလုပ်ငန်းတွေအခြေစိုက်တာများပြီး နေလို့ကောင်းတဲ့နေရာဖြစ်လို့ ဝယ်ထားသင့်ပါတယ်။” ဟု iMyanmarHouse နှင့်CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲအောင်မြင်စွာကျင်းပပြီးစီး
iMyanmarHouse.com