1682 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ

 ### Zawgyi Version ###


iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ


iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ


iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ


iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ

 

iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ဈေးချိုတော်ပလာဇာ ( Night Bazaar ) ဆိုင်ခန်းများ အငှားဖွင့်ပွဲကို ၂ဝ၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ( ၁၁ ၊ ၁၂ ၊ ၁၃ ) ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ နေ့များတွင် မန္တလေးမြို့ ဈေးချိုတော်ပလာဇာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဈေးချိုတော်ညဈေး မိတ်ဆက်ပွဲ အခမ်းအနားတွင် နာမည်ကျော် ပန်းချီဆရာ (၇) ဦး၏ ပန်းချီကားများ ၊ ကျောက်ပန်းချီကားများ ၊ ပန်းပုလက်ရာများ ၊ ကြေးသွန်းထည်များ ၊ ကိုရီးယားစတိုင်ဝတ်စုံများ ပါဝင်ပြသရောင်းချပေးသွားခဲ့သည်။ အထူးအစီအစဉ်များအနေဖြင့် ၁၁ ရက်နေ့ ဒီဇင်ဘာလ ( ဗုဒ္ဓဟူးနေ့ ) ညနေတွင် ရုပ်သေးနှင့် ခြင်းလုံးအကများဖြင့် ဖျော်ဖြေတင်ဆက် ပေးသွားခဲ့ကြောင်း သိရသည်။

မန္တလေးဈေးချိုတော်ပလာဇာသည် မန္တလေးမြို့၏ ပထမဆုံး Night Bazaar ( ညဈေး ) တစ်ခုဖြစ်သည်။ ဆိုင်ခန်းများကို နေ့လည် ၁၁ နာရီ မှ ည ၁၁ နာရီ အထိ ဖွင့်လှစ်နိုင်ပြီး အပတ်စဉ် စနေ ၊ တနင်္ဂနွေ နေ့များတွင် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ အဝတ်အထည်များ ၊ အလှကုန်ပစ္စည်းများ ၊ လက်ဝတ်ရတနာပစ္စည်းများ ၊ ဖန်စီပစ္စည်းများ ၊ ပရိဘောဂပစ္စည်းများ ၊ မီးဖိုချောင်သုံးပစ္စည်းများ နှင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

ဆိုင်ခန်းတစ်ခန်းစီအတွက် အကျယ်အဝန်း ၁၀ ပေ ပတ်လည်မှစတင်ငှားရမ်းနိုင်သည်။ အဆိုပါပွဲအတွင်းတွင် ငှားရမ်းဖြစ်ပါက ၃ လအထိ ဆိုင်ခန်းများ အခမဲ့ ဖွင့်လှစ်ခွင့် ၊ ဆိုင်ခန်းငှားခ၏ ၅၀% အထိ အထူးသက်သာခွင့်များဖြင့် ငှားရမ်းခွင့်များပေးခဲ့ကြောင်း သိရသည်။

“ အခုကျင်းပနေတဲ့ပွဲဟာ မန္တလေးဈေးချိုတော်ပလာဇာမှာ Night Bazzar (ညဈေး)အဖြစ် ဆိုင်ခန်းများ ငှားရမ်းနိုင်ရန်အတွက် ကျင်းပပြုလုပ်ပေးတဲ့ပွဲပါ။ ဈေးချိုတော်ပလာဇာက မန္တလေးမြို့ရဲ့ ပထမဆုံးညဈေးတစ်ခုဖြစ်ပြီး အချက်အချာကျတဲ့ မြို့လည်မှာတည်ရှိတာဖြစ်တဲ့အတွက် ဆိုင်ခန်းငှားရမ်းသူများအနေဖြင့် အလုပ်အကိုင်တွေ အဆင်ပြေစေမယ်လို့ ယုံကြည်မိပါတယ် " ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

 

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App