4900 ကြိမ် ကြည့်ရှု့ ပြီး

မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး

 
iMyanmarHouse.com မှကြီးမှူး၍ မန္တလေးမြို့ ၊ မြို့ တော်ခန်းမတွင် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးကို  ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၆၊ ၂၇၊ ၂၈ နေ့များ၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
 
ဖွင့်ပွဲတွင် ဦးမျိုးသစ် (ဝန်ကြီး - သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဦးနေမင်းသူ (မန်နေးဂျင်းဒါရိုက်တာ - iMyanmarHouse.com)၊ ဦးတင်မောင် (ဥက္ကဌ - မန္တလေးတိုင်းဒေသကြီး  အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း)၊ ဦးအောင်စိုးအေး (ဒါရိုက်တာ - Naing Group Capital Co., Ltd.) နှင့် ဒေါ်အေးအေးလတ် (မန်နေးဂျင်းဒါရိုက်တာ - Chan Tha Shwe Myay Co., Ltd.) တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ အဖွင့်မှာစကားပြောကြားပေးခဲ့ပါသည်။
 
ထိုအပြင် ပြပွဲ (၃) ရက်အတွင်း အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော ဦးကိုကိုထွေး (တော်ဝင်စင်တာ)၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေ)ဦးပီတာ (အောင်သမာဓိ အကျိုးဆောင်)ဦးတင်မောင် ( မန္တလေးတိုင်းအိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း)ဦးဝင်းဇော် (ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်)ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း)ဦးအေးမင်း (အောင်သမာဓိ အကျိုးဆောင်)ဒေါ်ဆန်းဆန်းလှ ( စီးပွားရေးအကြံပေး  - ချမ်းသာရွှေမြေကုမ္ပဏီ)ဒေါ်စုလတ်ဖြူ (မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း)ဦးနေမင်းသူ ( iMyanmarHouse.com) တို့မှ အသိပညာ ဗဟုသုတများကို ဟောပြောဆွေးနွေးပေးခဲ့ပါသည်။
 
ဤပွဲအတွင်း ပါဝင်ပြသခဲ့သော ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၃၀ကျော် ၊ ပြပွဲအတွင်း ပါဝင်ဟောပြောခဲ့သောပညာရှင်များ ၊ ပြပွဲသို့ တက်ရောက်အားပေးခဲ့သော ထောင်ပေါင်းများစွာသော မန္တလေးပရိသတ်များနှင့်တကွ ဤပြပွဲအောင်မြင်စေရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးကြသော မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (မန္တလေး) ၊ မန္တလေးတိုင်းအိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း နှင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် တို့ကို iMyanmarHouse.com မှအထူးကျေးဇူးတင်ရှိပါသည်။

ပွဲတက်ရောက်သူများအတွက် SAMSUNG Galaxy Tab 3 ၊ Huawei ဖုန်းများ အပါအဝင် အခြား ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိလျှပ်စစ် အသုံးအဆောင် ပစ္စည်းများ ကံစမ်းမဲ ဖောက်ပေးခဲ့ပါသည်။
 
အောက်တွင် မန္တလေးမြို့ ၊ မြို့ တော်ခန်းမတွင် ကျင်းပခဲ့သော  မြန်မာနိုင်ငံ၏အကြီးဆုံး  အိမ်ခြံမြေအရောင်းပြပွဲကြီး ၏ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။
 
မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
 
မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
 
မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
 
မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
 
မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
 
မန္တလေးမြို့ တွင် အောင်မြင်စွာကျင်းပခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)