5651 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Skysuites  ကွန်ဒိုအထူးအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၂၃ ၊ ၂၄) ရက်များတွင် မနက် (၁၀) နာရီမှ ည (၈) နာရီအထိ အဆိုပါကွန်ဒိုတည်ရှိရာ ၂၃ ၊ ရန်ရှင်းလမ်း ၊ ရန်ကင်းမြို့ နယ်၊ ရန်ကုန်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

အဆိုပါပြပွဲ (၂)ရက်အတွင်း ဝယ်ယူသူများအတွက် အထူးအစီအစဉ်များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

Skysuites Luxury Condo ကို သားစဉ်မြေးဆက်ပိုင်ဆိုင်နိုင်မည့် မြေအမျိုးအစားပေါ်တွင် မြန်မာပြည်၏အကောင်းဆုံးကွန်ဒိုဖြစ်စေရန် QHome Development မှ Quality ပစ္စည်းများကို အသုံးပြုတည်ဆောက်ထားသည်။ စီမံကိန်း ၁ ခုလုံး၏ ၄၀ ရာခိုင်နှုန်းသောမြေကိုသာ အဆောက်အအုံအတွက် အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်းအား Facilities များအတွက် အသုံးပြုထားသည့် ကွန်ဒိုဖြစ်သည်။ Asia Property Awards မှချီးမြှင့်ထားသော Best Condo Design ၊ Best Condo Interior Design နှင့် Best Condo Development စသည့် ဆုပေါင်းများစွာရရှိထားသော ကွန်ဒိုလည်း ဖြစ်ကြောင်းသိရပါသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

" ပြပွဲတွေထဲမှာ iMyanmarHouse.com က ကျင်းပပေးတဲ့ ဒီအရောင်းပြပွဲကတော့ ရောင်းအားအကောင်းဆုံးပွဲဖြစ်ခဲ့ပါတယ်။ ရောင်းအားကောင်းခဲ့တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့  Skysuites ကွန်ဒိုဟာ 90% ပြီးစီးနေတဲ့ Project ဖြစ်ပါတယ်။ လက်ရှိဆောက်လုပ်နေတဲ့ project ထဲမှာ Quality အကောင်းဆုံး Project တစ်ခုဖြစ်ပြီး ၊ မြေအကျယ်အဝန်း ၄၀ ရာခိုင်နှုန်းကိုပဲ အဆောက်အအုံအတွက် သုံးထားတဲ့ Project ဖြစ်ပါတယ်။ External wall တွေကိုလည်း ကွန်ကရစ် wall တွေသုံးထားပါတယ်။ အခန်းတိုင်းမှာ Low E Double Glazing မှန်များကိုပဲသုံးထားပါတယ်။ ကားပါကင်အရေအတွက်လုံလောက်ပြီး ကားအဝင်အထွက်က လွယ်ကူပါတယ်။ အခန်းတိုင်းလေဝင်လေထွက်ကောင်းပြီး သဘာဝအလင်းရောင်ရရှိအောင် တည်ဆောက်ထားပါတယ် " ဟု Skysuites ကွန်ဒို၏ ဒါရိုက်တာဖြစ်သူ ဦးကြည်လွင်မှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

" အခုကွန်ဒိုဝယ်ချင်တဲ့သူတွေက project မပြီးတာစိုးရိမ်ကြတယ်၊ Quality မကောင်းမှာကိုလည်း စိုးရိမ်ကြတယ်။ ကျွန်တော်တို့ရဲ့  Skysuites ကွန်ဒိုဟာဆိုရင် ဒါတွေကို စိုးရိမ်စရာမလိုတော့ဘူး။ လာကြည့်တဲ့သူတိုင်းလည်း Quality ကောင်းမှန်းသိကြတယ်။ မလာဘူးတဲ့သူတွေကိုလည်း တစ်ခေါက်လောက် လာကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။ နောက်အရေးကြီးဆုံးအချက်က ဝယ်ယူပြီးလို့ နေထိုင်တဲ့အခါ Privacy ရှိပြီး ၊ အဆင့်မြင့်မြင့်နေရဖို့ အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ Property Management ရှိဖို့လိုပါတယ်။ ငှားမယ်ဆိုရင်လည်း ငှားရမ်းရတာ လွယ်ကူအောင် Property Management ကို သေချာပြင်ဆင်ထားပါတယ်။ " ဟု ဦးကြည်လွင်မှ ဖြည့်စွက် ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

" ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) က ပေးတဲ့ အကြံဥာဏ်တွေကို Skysuites ဘက်က တာဝန်ရှိသူလူကြီးတွေက သဘောတူပြီး ရောင်းချပေးခဲ့တဲ့အတွက်ကြောင့်နဲ့ ကျွန်တော်တို့ရဲ့  ဈေးကွက်ထိုးဖောက်မှု အားကောင်းခဲ့တာကြောင့် ဒီလိုမျိုး ရောင်းအားကောင်းခဲ့တာပါ။ Skysuites ကွန်ဒိုဟာ ရန်ကုန်မြို့ မှာတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကောင်းဆုံးကွန်ဒိုများထဲက တစ်ခုဖြစ်ပါတယ်။ လာရောက်လေ့လာချင်တယ်ဆိုရင်တော့ iMyanmarHouse.com ရဲ့  Hotline နံပါတ်ဖြစ်တဲ့ 09455294841 ကို ဆက်သွယ်နိုင်ပါတယ် " ဟု အရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ဝယ်ယူနိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ကလော၊ ငွေဆောင်၊ ချောင်းသာ၊ စစ်တွေနဲ့ တခြားမြို့ ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်း အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိသတ်ကြီးအတွက်ကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် အသုံးပြုနေသူပေါင်း (၂.၄) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၆၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် ရန်ကင်းရှိ Skysuites Luxury Condo အရောင်းပြပွဲကြီး


iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ် (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ
သင်္ကြန် အကြို၊ အကျ၊ အကြတ် (၃) ရက်ဆက်တိုက်ကျင်းပပြုလုပ်မည့် ငွေဆောင်ရှိ Sweet Dream Villa မြေကွက်အရောင်းပြပွဲကြီး
HOMES@PONNAMI Block 2 အရောင်းဖွင့်ပွဲ အထူးပရိုမိုးရှင်:ကို စင်ကာပူနှင့် ရန်ကုန် (၂) နေရာတွင် တစ်ပြိုင်တည်းကျင်းပခဲ့ ‌
Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)