မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၂ ရက်နေ့ နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် ၊ ISM ကျောင်းအနီးရှိ Grand MyaKanThar ကွန်ဒို အရောင်းပြပွဲတစ်ရပ်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိပါသည်။
Grand MyaKanThar ကွန်ဒိုသည် အမှတ် (၂၃) ၊ မြကန်သာလမ်း ၊ လှိုင်မြို့နယ် (ISM ကျောင်းအနီး) တွင် တည်ရှိပြီး ရေကူးကန် ၊ အားကစားခန်းမ နှင့် အခြားကွန်ဒို facilities များ ထည့်သွင်းတည်ဆောက်ထားသည့် ကွန်ဒို ဖြစ်ပါသည်။
“ ဒီ Grand Mya Kan Thar ကွန်ဒိုဟာဆိုရင် စုပေါင်းမြေပိုင်ဆိုင်မှု ဥပဒေအရ ရာသက်ပန် အခန်းပိုင်ဆိုင်ခွင့်ရှိတဲ့အတွက်ကြောင့် ပိုင်ဆိုင်မှုခိုင်မာတယ်။ ပြီးတော့ ပေးရတဲ့တန်ဖိုးထက် ပိုသာတဲ့ quality ကို အပြည့်အဝ ရရှိစေတဲ့အတွက်ကြောင့် Quality စိတ်ချရတယ်။ ISM ( International School ) နဲ့လည်း နီးပြီးတော့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဘုရင့်နောင်လမ်းမကြီး ၊ ဗဟိုလမ်းမကြီး ၊ အင်းစိန်လမ်းမကြီး တို့မှ လွယ်ကူလျင်မြန်စွာ ဝင်ထွက်သွားလာနိုင်ပါတယ်။ AYA Bank နှင့်လည်း ချိတ်ဆက်ပြီးတော့ (၁၅) နှစ် အထိ အရစ်ကျဝယ်ယူနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် Grand MyaKanThar ကွန်ဒိုကို ဝယ်ယူထားသင့်ပါတယ်။ ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။
အရောင်းပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းအဖြစ် ၃ဝ% ငွေချေပြီးလျှင် နေထိုင်ခွင့်ပေးမည်ဖြစ်ပြီး ကျန်ငွေကို AYA Home Loan နှင့် ချိတ်ဆက်၍ ၁၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်