2325 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော Skysuites Luxury Condo ကွန်ဒို အထူးအရောင်းပြပွဲကြီး

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အမှတ် (၂၃) ၊ ရန်ရှင်းလမ်း ၊ ရန်ကင်းမြို့နယ်ရှိ Skysuites Luxury Condo အထူးအရောင်းပြပွဲကို ၂ဝ၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၄ ရက် နှင့် ၂၅ ရက် (စနေ / တနင်္ဂနွေ) ၂ ရက်များတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

 ကျပ်ငွေ (၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော Skysuites Luxury Condo ကွန်ဒို အထူးအရောင်းပြပွဲကြီး

အဆိုပါအရောင်းပြပွဲ ၂ ရက်အတွင်း အထူးအစီအစဉ်အဖြစ် ၁ပေပတ်လည်ကို အမေရိကန်ဒေါ်လာ (၁၉၈) မှ စတင်ရောင်းချပြီး Downpayment ပေးရန်မလိုဘဲ အတိုးမဲ့ အရစ်ကျပေးချေနိုင်မဲ့ အခွင့်အရေးတွေကို ထည့်သွင်းပြီးရောင်းချခဲ့ရာ တန်ဖိုးငွေ (၇) ဘီလီယံကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။

 ကျပ်ငွေ (၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော Skysuites Luxury Condo ကွန်ဒို အထူးအရောင်းပြပွဲကြီး

 iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ Skysuites Luxury Condo ဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ရန်ကင်းမြို့နယ်မှာ တည်ရှိပြီးတော့ စင်္ကာပူကွန်ဒိုစံနှုန်းနဲ့ တည်ဆောက်ထားပါတယ်။ ရန်ကုန်မြို့ ရဲ့  အကောင်းဆုံး ကွန်ဒို တစ်ခုလည်း ဖြစ်ပါတယ်။ Fully Funished ဖြစ်တဲ့အတွက်ကြောင့် ဝယ်ယူကြမဲ့ customer တွေအနေနဲ့ အဆင်သင့် တက်ရောက်နေထိုင်နိုင်ပါတယ်။ ဒီကွန်ဒိုဟာ ၇၅% ဆောက်လုပ်ပြီးစီးနေပြီး ကျွန်တော်တို့ iMyanmarHouse.com မှ တဆင့် ဈေးကွက်ထဲမှာ စတင်ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အများကြီး ဂုဏ်ယူမိပါတယ်။ (၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့အတွက်လည်း ဝယ်ယူအားပေးကြတဲ့ Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ရှင်းလင်းပြောကြားသွားခဲ့ပါသည်။

 ကျပ်ငွေ (၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော Skysuites Luxury Condo ကွန်ဒို အထူးအရောင်းပြပွဲကြီး

“ ကျွန်တော်တို့ ဒီ Skysuites Luxury Condo ကို အကောင်းဆုံး Material တွေသုံးပြီး သတ်မှတ်ထားတဲ့ Schedule အတိုင်း ပြီးစီးအောင် ဆောက်လုပ်ထားပါတယ်။ အကျိုးအမြတ်ကို အဓိကမထားဘဲ နေထိုင်လို့ကောင်းအောင် Common Area နဲ့ Public Area တို့ကို အကျယ်ကြီးသုံးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီပွဲမှာ ဒီလို ကောင်းတဲ့ result တွေရတာလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ် ” ဟု Skysuites Luxury Condo ၏ တာဝန်ရှိသူ Sales Director တစ်ဦးမှ ပြောကြားသွားခဲ့ပါသည်။

 ကျပ်ငွေ (၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော Skysuites Luxury Condo ကွန်ဒို အထူးအရောင်းပြပွဲကြီး

ယခုအချိန်တွင် Skysuites Luxury Condo သည် ၇၅ % ဆောက်လုပ်ပြီးစီးနေပြီး ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အခန်းအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App