မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ချက်ချင်းဝယ် ချက်ချင်းဂရန်လက်ဝယ်အပ်ပေးမည့် The Rich Villa စီမံကိန်းမြေကွက်များ အရောင်းပြပွဲကို မေလ (၂၄) ရက် နှင့် (၂၅) ရက်နေ့များတွင် The Rich Villa Sales Gallery၊ သုဓမ္မာလမ်းမကြီး(New Life Hotel) နှင့် သန္တာမှတ်တိုင်အနီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
အရောင်းပြပွဲ(၂) ရက်အတွင်း ပထမဆုံးဝယ်ယူသူ (၁၀ )ဦးအတွက်
- ၁ ပေ ပတ်လည် ၁ သိန်းဝန်းကျင်ဖြင့် ဝယ်ယူနိုင်ခွင့်
- အတိုးမဲ့ အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခဲ့သည်။
The Rich Villa စီမံကိန်း မြေကွက်များသည်…
ကျန်စစ်သားလမ်းမကြီး၊ အမှတ် (၂) လမ်းမကြီး၊ မင်းရဲကျော်စွာလမ်းနှင့် ဒဂုံတက္ကသိုလ်အနီး၊ ကုန်းဘောင်လမ်းမပေါ်၊ အရှေ့ဒဂုံမြို့နယ်တွင်တည်ရှိပြီး ဂရန်အသင့်ထွက်ပြီးသည့် အိမ်ရာစီမံကိန်း မြေကွက်များဖြစ်သည်။
(40 × 60) ၊ (80 × 60) ပေအကျယ်ရှိ မြေကွက်များ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီး ပိုင်ဆိုင်မှု ခိုင်မာသည်။
အိမ်ရာဝန်းသည် Gated Compound System ပါရှိ၍ လုံခြုံမှု အပြည့်ရှိပြီး Privacy ကောင်းကောင်းဖြင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်သည်။
Facilities အနေဖြင့် Public Area ၊ Walking Area ၊ Mart ၊ အမှိုက်သိမ်းစနစ်များပါရှိပြီး လူနေမှု အဆင့်အတန်းမြင့်မြင့် နေထိုင်ချင်သူများအတွက် အထူးသင့်လျော်သည်။
စီမံကိန်းအနီး မြောက်ဒဂုံ ပင်လုံဆေးရုံ၊ ဒဂုံတက္ကသိုလ် ၊ICEC Private School ၊ အရှေ့ဒဂုံ City Mart ၊ Pinlon City Mall ၊ အဆင့်မြင့်စားသောက်ဆိုင်ကြီးများ ၊ Shwe Yanadar ရုပ်ရှင်ရုံ၊ Mingalar ရုပ်ရှင်ရုံ တို့ရှိခြင်းကြောင့် စည်ကားသည့် နေရာကောင်းဖြစ်ပါသည်။
“ The Rich Villa စီမံကိန်းမြေကွက်တွေက လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးမြို့နယ် တစ်ခုဖြစ်တဲ့ မြောက်ဒဂုံနဲ့ကပ်လျက် အရှေ့ဒဂုံမှာတည်ရှိတဲ့ အိမ်ရာစီမံကိန်းဖြစ်လို့ အဆင့်အတန်းမြင့်တဲ့ လူနေမှုဘဝ၊ လုံခြုံတဲ့အိမ်ရာဝန်းနဲ့ နေထိုင်ချင်သူတွေအတွက် အထူးသင့်တော်ပြီး အရမ်းရှားပါးတဲ့ ဂရန်မြေကွက်တွေကို ၁ ပေပတ်လည် ၁ သိန်းဝန်းကျင်နဲ့ ဝယ်ယူခွင့်ရတာဟာ အရမ်းတန်တဲ့အခွင့်အရေးဖြစ်လို့ ရင်းနှီးမြှုပ်နှံလိုသူတွေ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်