မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အိမ်ရာဝန်းအတွင်းမှာ အပြည့်အဝထောက်ပံ့ပေးထားတာကြောင့် အပြင်ကို ခြေတစ်ဖဝါးမှချစရာမလိုအောင် ပြီးပြည့်စုံစွာ နေထိုင်နိုင်မည့် HOMES@PONNAMI အခန်းများ အရောင်းပြပွဲကြီးကို ၂၀၂၅ ခုနှစ် မတ်လ (၂၂)ရက်နှင့်(၂၃)ရက်နေ့တွင် ရန်ကုန်မှာသာမက မန္တလေးမှာပါ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဆုံးဝယ်ယူသူ ငါးဦးအတွက်
- 10% Discount အထိ ခံစားခွင့်
- ဘဏ်နှင့်ချိတ်ဆက်ပြီး 15 နှစ် အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခဲ့ပါသည်။
HOMES@PONNAMI အိမ်ရာသည် ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိပါသည်။၁၂ ထပ်အမြင့်ရှိသော အဆောက်အဦးဖြစ်ပြီး တစ်လွှာတွင် ၁၆ ခန်းသာပါရှိပါသည်။ အခန်းအမျိုးအစားများမှာ 1 BR / 2 BR / 3 BR စသည်ဖြင့် sqft အလိုက် စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါသည်။ဝယ်ယူသူများအနေဖြင့် အိုးအိမ်မှ Owner Book ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာပါသည်။
"ပိုင်ဆိုင်မှုအခိုင်အမာနဲ့ သာယာအေးချမ်းတဲ့ နေအိမ်တစ်ခု ပိုင်ဆိုင်နိုင်ဖို့ဆို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ့် HOMES@PONNAMI က ရွေးချယ်ဖို့အသင့်တော်ဆုံး" ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်