မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက် (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Downtown က မီနီကွန်ဒိုကောင်းကောင်းဖြစ်တဲ့ 42 Mini Condo အသစ်စက်စက်အခန်းများကို သင့်တင့်တဲ့ဈေးနှုန်းဖြင့် ရောင်းချပေးတဲ့ အရောင်းပြပွဲကို မေလ (၁၇) ရက် နှင့် (၁၈) ရက်နေ့များတွင် အမှတ် (၁၄/ဂျီ)၊ ၄၂ လမ်း အောက်ဘလောက် (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့ရှိ 42 Mini Condo တွင် အောင်မြင့်စွာကျင်းပပြုလုပ်ခဲ့သည်။
ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများကို
? သိန်း ၂၀၀ အထိ သက်သာခွင့်
? ဘဏ်ဖြင့်ချိတ်ဆက်၍ ၁၅ နှစ်အရစ်ကျငွေချေစနစ်နှင့်
? 100% Bank Transfer အခွင့်အရေးတို့ဖြင့် ရောင်းချပေးခဲ့ပါသည်။
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိ၍ ပိုင်ဆိုင်မှုခိုင်မာပြီး မြေအကျယ် 40' x 50' ပေါ်တွင် အခန်းအကျယ် (19' x 47') ကျယ်ဝန်းတဲ့ တစ်လွှာ ၂ ခန်း အခန်းကျယ်များကိုစိတ်ကြိုက်ရွေချယ်ဝယ်ယူနိုင်တဲ့ အသင့်နေအသစ်စက်စက်အခန်းများဖြစ်ပါသည်။
မီးအတွက် ၂၄နာရီ လုံခြုံရေးနှင့် Generator ပါရှိသောကြောင့် (၂၄) နာရီ ဓာတ်လှေကားအသုံးပြုနိုင်ပြီး ရေအတွက် အဝီစိရေနှင့် ဂျိုးဖြူရေ နှစ်မျိုးလုံးပါရှိပါသည်။
“ 42 Mini Condo သည် အချက်အချာကျလူစည်ကားပြီး သွားရေးလာရေးလွယ်ကူအဆင်ပြေတဲ့ ရန်ကုန်မြို့လယ် Downtown မှာ မီနီကွန်ဒိုကောင်းကောင်း ရှာနေသူတွေအတွက် လက်လွတ်မခံသင့်သည့် အခွင့်အရေးပါ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်