4593 ကြိမ် ကြည့်ရှု့ ပြီး

အခန်းများကုန်အောင် ရောင်းချနိုင်ခဲ့သော Mya Kan Thar ကွန်ဒို အရောင်းပြပွဲ

 

 
iGREEN Development မှ တည်ဆောက်သည့် လှိုင်မြို့ နယ် ၊ မြကန်သာ (၄) လမ်းရှိ Mya Kan Thar Condominium အခန်းများအားရောင်းချရန် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ၊ ၂၈ ရက်များတွင် အရောင်းပြပွဲတစ်ရပ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါသည်။
 
 
အခန်းများကုန်အောင် ရောင်းချနိုင်ခဲ့သော Mya Kan Thar ကွန်ဒို အရောင်းပြပွဲ

 
အဆိုပါအရောင်းပြပွဲအတွင်း ရောင်းရန်ကျန်အခန်းများအားလုံးကို ၃၀% ငွေချေပြီးရုံဖြင့် နေထိုင်ခွင့်ပြုပြီး ကျန် ၇၀% ကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ရာ အရောင်းပြပွဲအတွင်း အခန်းများအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့ပါသည်။
 
အခန်းများကုန်အောင် ရောင်းချနိုင်ခဲ့သော Mya Kan Thar ကွန်ဒို အရောင်းပြပွဲ

မြကန်သာကွန်ဒိုမီနီယံသည် အခန်း (၅၀) နီးပါး ပါရှိသည့် ကွန်ဒိုဖြစ်ပြီး ဈေးနှုန်းအားဖြင့် အိပ်ခန်း (၃) ခန်းပါသည့် ကွန်ဒိုတစ်ခန်းလျှင် ကျပ်သိန်း (၁၅၀၀) ဝန်းကျင် ဖြစ်ပါသည်။ ရန်ကုန်မြို့ ၏ နာမည်ကျော် International School တစ်ခုဖြစ်သည့် ISM ကျောင်းအနီးတွင် တည်ရှိကာ ယခုအခါ အသင့်တည်ဆောက်ပြီး ဖြစ်ပါသည်။
 
“ ဝယ်ယူသူတွေ အဆင်ပြေအောင် ၃၀% ပေးပြီးတာနဲ့ နေလို့ ရအောင် စီမံပေးထားပါတယ်။ အရစ်ကျပေးချေချင်တယ်ဆိုရင် ဘဏ်မှာ သွားလျှောက်ဖို့မလိုဘဲ ၊ ဘဏ်ထက် သက်သာတဲ့ အတိုးနှုန်းဖြင့် ရောင်းချပေးခဲ့တာပါ ” ဟု iGREEN Development ၏  Director တစ်ဦးဖြစ်သူ  ဦးကျော်နိုင်မှ ပြောကြားခဲ့ပါသည်။
 
အခန်းများကုန်အောင် ရောင်းချနိုင်ခဲ့သော Mya Kan Thar ကွန်ဒို အရောင်းပြပွဲ

“ မြကန်သာကွန်ဒိုအရောင်းပြပွဲ (၂) ရက်အတွင်းမှာ အခန်းများအားလုံးကို ကုန်အောင်ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ လုပ်ငန်းဆောင်တာတွေ အားလုံးကို အရှိန်အဟုန်နဲ့ ကြိုးစားလုပ်ကိုင်နေပါတယ်။ အခုလို iMyanmarHouse.com ကို ယုံကြည်စိတ်ချစွာနဲ့ အရောင်းပိုင်းကို တာဝန်ပေးတဲ့ iGREEN Development ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ပြုလုပ်တဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကတော့ အပတ်စဉ် စနေနဲ့ တနင်္ဂနွေတိုင်းမှာ ရှိနေပါတယ်။ ” ဟု အိမ်ခြံမြေ အရောင်းပြပွဲများ စီစဉ်ကျင်းပတဲ့နေရာတွင် အောင်မြင်မှုများအထူးရရှိနေသော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App