ကမ်းဇော်ပင်အကြောင်းနှင့် ဆေးဖက်ဝင်ပုံများ
ကမ်းဇော်ပင်အကြောင်းနှင့် ဆေးဖက်ဝင်ပုံများ - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2021 11:50 am တွင် တင်ခဲ့သည်
10389 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကမ်းဇော်ပင်သည် အပင်ကြီးအမျိုးအစားဖြစ်သည်။ အပင်သက်တမ်းမှာ နှစ်(၁၀၀)ခန့်ရှိသည့် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောအရိပ်ရအပင်ဖြစ်သည်။ အပင်သက်တမ်း(၅)နှစ်သားတွင် လုံးပတ် (၂ပေခွဲ မှ ၃ပေ) ရှိမှသာ အသီးစတင်သီးလေ့ရှိသည်။ ကမ်းဇော်ပင်သည် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည်။
ပုံသဏ္ဍာန်
မယ်ဇယ်ပင်နှင့်တူသည်။ အစေးထွက်သည်။ အစေ့မှ အဆီထွက်သည်။ အဆီသည် အဝါရောင်ရှိသည်။
အရွက် အစိမ်းရင့်ရောင်ဖြစ်ပြီး ထိပ်ချွန်သည်။ရွက်လွှဲထွက်သည်။အလျား(၈)လက်မ အနံ (၂)လက်မခန့်ရှိပြီး ငှက်မွှေးပုံစံကဲ့သို့ရှိသည်။
အပွင့်တပို့တွဲ၊ တပေါင်းလများတွင်ပွင့်သည်။ အဝါနုရောင်ပွင့်သည်။
အသီး အစိမ်းရောင်ဖြစ်သည်။ တပေါင်း၊ တန်ခူးလများတွင် အသီးသီးသည်။ ကဆုန်၊ နယုန် အသီးကြွေချိန်တွင် အစေ့များကောက်ယူကြသည်။
အစေ့ အစေ့ပုံစံမှာ ပြောင်ချောပြီးမာကျောသည်။ အညိုရင့်ရောင်/ကျွန်းသားရောင်ဖြစ်ပြီး ခရေစေ့နှင့် တူသော်လည်း ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးသည်။
ပေါက်ရောက်ရာဒေသ အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ဘက်ဖျား တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သစ်တောများ၏ မြေနိမ့်ချိုင့်ဝှမ်း ၊ရွံ့နွံပေါ၍ ရေရှိသော စွတ်စိုဒေသများတွင် အဓိကပေါက်ရောက်သည်။
ကမ်းဇော်ပင်အစိတ်အပိုင်းများ၏ကျန်းမာရေးအတွက် အသုံးဝင်မှုများ
- ကမ်းဇော်အပွင့်ကို နှလုံးရောဂါ၊ သွေးရောဂါ၊ ချောင်းဆိုး၊ လည်ချောင်းနာ ရောဂါများအတွက် အသုံးပြုနိုင်သည်။
- ကမ်းဇော်အရွက်ကို နာကျင်ကိုက်ခဲမှုများ၊ မီးလောင်အပူနာများ၊ ထိခိုက်ရှနာများအတွက် အရွက်ကိုပြာချ၍ ထောပတ်နှင့် ရောလိမ်းနိုင်ပေသည်။
- ကမ်းဇော်အခေါက်ကို အရေပြားယားယံခြင်း၊ နူနာ၊ အရေပြားရောဂါ နှင့် ဆီးချိုရောဂါများအတွက် အသုံးပြုနိုင်သည်။
- အစေ့အဆီကို အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားအရည်လှပဆေး၊ နားကိုက်ခြင်း၊ ဝမ်းချုပ်ရောဂါ၊ သွားသွေးယိုစိမ့်ခြင်း နှင့် ခြေကွဲ၊ လက်ကွဲ၊ အသားအရည်ကွဲအက်ခြင်းများအတွက် အသုံးပြုနိုင်ပေသည်။
ကမ်းဇော်ပင်၏ အစိတ်အပိုင်းတိုင်းသည် အသုံးဝင်လှပေသည်။
ကမ်းဇော်ပင် အစိတ်အပိုင်းများမှာ အသုံးဝင်သော်လည်း ကမ်းဇော်ဆီ၏ဆေးဖက်ဝင်မှုမှာ ပို၍ကျော်ကြားသည်။ ကမ်းဇော်ဆီသည်အဝါရောင်ရှိပြီး အနံ့မှာ သစ်ဂျပိုးနံ့ရှိသည်။
ကမ်းဇော်ဆီတွင် Polysaccbaride , Saponin, Flavonoid , Sterol , B-carotene and aleanoliid acid Fatty acid စသောဒြပ်ပေါင်းများပါဝင်သည်။
ကမ်းဇော်ဆီမှာ ဈေးကွက်ဝင်ပြီး ပေါက်ဈေးမှာ ဝိုင်ပုလင်းပုံစံ တစ်ပုလင်းလျှင် (၁သိန်း‌ကျော်)ခန့်ရှိပေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: အစိမ်းရောင်လမ်း
[Zawgyi]
ပုံသဏ္ဍာန်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Magical World
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service