တစ်ရက်လျှင် ၅ နာရီအချိန်ယူ အိမ်ရှင်းသည့် သြစတေးလျအမျိုးသမီး၊ မှန်ကို အကြိမ် ၅၀ တိုက်ချွတ်ပြီး ရေပန်းခန်းကို အလှပြရန်သာထားကာ အိမ်သားများအား အသုံးပြုခွင့်မပေး

တစ်ရက်လျှင် ၅ နာရီအချိန်ယူ အိမ်ရှင်းသည့် သြစတေးလျအမျိုးသမီး၊ မှန်ကို အကြိမ် ၅၀ တိုက်ချွတ်ပြီး ရေပန်းခန်းကို အလှပြရန်သာထားကာ အိမ်သားများအား အသုံးပြုခွင့်မပေး - Property News in Myanmar from iMyanmarHouse.com
27 Jan 2021 11:49 am တွင် တင်ခဲ့သည်
1248 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ရှင်းလင်းရသည်ကို စွဲလမ်းနေသည့် သြစတေးလျ အိမ်ထောင်ရှင်မတစ်ဦးက သူ၏နေအိမ်ကို နေ့စဉ် ၅ နာရီခန့်အထိ အချိန်ယူ သန့်ရှင်းရေးလုပ်ကာ ရေပန်းရေချိုးခန်းကို မိသားစုအား အသုံးပြုခွင့် မပေးရာ သူမ၏ နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းစဉ်မှာ မည်မျှအချိန်ယူထားသည်ကို ပြသနေသည်။

ခရစ္စတယ်လ် (Krystal) ဟု အမည်ရသော သြစတေးလျနိုင်ငံသူ အမျိုးသမီးသည် ၂၀၁၆ ခုနှစ်အတွင်းကလည်း Channel 4 ရုပ်သံလိုင်း၏ စွဲလမ်းပြင်းပြ အိမ်ရှင်းသူတို့ဘဝ (Obsessive Compulsive Cleaners) အမည်ရှိ ရုပ်သံအစီအစဉ်တွင် ဖော်ပြခံခဲ့ရဖူးသည်။

သို့သော် မကြာသေးမီက သူမ၏ အိမ်ရှင်းမှု အလေ့အထများအကြောင်း TikTok တွင် ရောက်ရှိခဲ့ရာ လူမှုကွန်ရက်တွင် တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။

ခရစ္စတယ်လ်သည် အိမ်ရာခင်းများကို နေ့စဉ်နေ့တိုင်း မီးပူတိုက်ပြီး မှန်တွင်လည်း အစွန်းထင်းများ လုံးဝမရှိစေရန် တစ်ရက်လျှင် အနည်းဆုံး အကြိမ် ၅၀ တိုက်လေ့ရှိသည်။

“ဒီရေပန်းအခန်းကို ကျွန်မတို့ မသုံးပါဘူး။ ဒါက အလှပြထားဖို့ သက်သက်ပါ” ဟု ခရစ္စတယ်လ်က ရုပ်သံအစီအစဉ်တွင် ပြောကြားသည်။

သူ၏ ရေပန်းခန်းကို ဖုန်စုပ်သန့်ရှင်း၊ သဲသဲမဲမဲ တိုက်ချွတ်ဆေးကြောကာ အရောင်တင်ဆေးဖြင့် တိုက်ချွတ်နေချိန်တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ မိခင်တစ်ဦးဖြစ်သူ ခရစ္စတယ်လ်က ပြောရာတွင် နေ့စဉ် ၅ နာရီခန့် အချိန်ယူ အိမ်ရှင်းကာ လန်ဒန်မှ အိပ်ခန်း ၂ ခန်းပါ လူနေခန်းကို အမြဲပြောင်လက်တောက်ပနေအောင် ထိန်းသိမ်းထားကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန် နံနက် ၅ နာရီမှ စတင်ကာ လုပ်ဆောင်ရကြောင်း ပြောကြားသည်။

“ကျွန်မ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ရှင်းရမယ့်ဟာတွေအတွက် အချိန်သတ်မှတ်ရပါတယ်။ ဒါက စစ်တပ်က စစ်ဆင်ရေးတစ်ခုလိုပါပဲ။ ဒါကို ပြီးအောင်လုပ်ဆောင်ဖို့ လိုပါတယ်”

“အမြဲတမ်း လုပ်စရာတစ်ခုခုက ရှိနေပါတယ်။ မှန်မှာ အစက်အပြောက်တွေ စွန်းထင်းလာတာမျိုး။ ကျွန်မက မှန်ကို တစ်ရက်မှာ အကြိမ် ၅၀ တိုက်ချွတ်ပါတယ်။ အိပ်ရာခင်းတွေ အခြောက်ခံစက်က ထွက်လာရင် တော်တော်လေး တွန့်ကြေနေတတ်ပါတယ်။ ဒါကြောင့် သူတို့ကို မီးပူတိုက်ရပါတယ်။ လူတိုင်းလည်း အိပ်ရာခင်းတွေကို မီးပူတိုက်သင့်တယ်လို့ ကျွန်မထင်ပါတယ်”

သူ၏ အိမ်ရှင်းခြင်း စွဲလမ်းမှုသည် အချစ်ရေးကိုပင် ထိခိုက်စေခဲ့ကြောင်း ခရစ္စတယ်လ်က ဝန်ခံ၏။

လက်ထပ်ရန် စီစဉ်တိုင်းလည်း အခက်ကြုံရကြောင်း၊ သူမနှင့် လက်တွဲမည့်သူများစွာမှာ သူမ သဘောတွေ့နိုင်ဖွယ် မရှိကြောင်း ဝန်ခံခဲ့သည်။

“အိမ်ရှင်းတာကို အပြစ်မယူတဲ့သူမျိုးပဲ လက်တွဲဖော်ဖြစ်နိုင်မှာပါ။ လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကျွန်မက သူတို့နဲ့ အချိန်ပေးဖို့ထက် အိမ်ပဲ အမြဲရှင်းနေမယ်ဆိုရင် သူတို့ကကော ကျွန်မကို ဘာကြောင့်လက်ထပ်ချင်ကြမှာလဲ”ဟု ခရစ္စတယ်လ်က ဆိုသည်။

ခရစ္စတယ်လ်က ဆက်လက်ပြောကြားသည်မှာ သူမတွင် ၈ လအရွယ် သားတစ်ဦးရှိကြောင်း၊ အိမ်ရှင်းလင်းရေး လုပ်ငန်းစဉ် တစ်ခုနှင့်တစ်ခုအကြားတွင် ကလေးကို ကြည့်ရှုစောင့်ရှောက်ကြောင်း ပြောကြားသည်။

ခရစ္စတယ်လ်၏ ဗွီဒီယိုဖိုင်ကို ကြည့်ရှုရသူ ထောင်ပေါင်းများစွာက သူမ၏ စွဲလမ်းမှုကို တုန်လှုပ်မိကြောင်း ပြောကြားကြသည်။

လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “ဗိုင်းရပ်စ်အမှုန်အမွှားတွေနဲ့ တစ်ခါမှ မထိတွေ့ရတော့ သနားစရာကောင်းတဲ့ ကလေးလေးမှာ ကိုယ်ခံအားစနစ် ရှိလိမ့်မှာမဟုတ်ဘူး” ဟု မှတ်ချက်ပြုသည်။

“ရေပန်းအခန်းကို အလှပြဖို့ထားတာတဲ့လား။ ကြားဖူးသမျှထဲမှာ အဆန်းကြယ်ဆုံးပဲ” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Aussie mum who cleans for FIVE HOURS a day reveals her crazy schedule - which includes buffing the mirror 50 times and keeping a sparkling shower just for show (dailymail)

[Zawgyi]

တစ္ရက္လွ်င္ ၅ နာရီအခ်ိန္ယူ အိမ္ရွင္းသည့္ ၾသစေတးလ်အမ်ဳိးသမီး၊ မွန္ကို အၾကိမ္ ၅၀ တိုက္ခၽြတ္ျပီး ေရပန္းခန္းကို အလွျပရန္သာထားကာ အိမ္သားမ်ားအား အသံုးျပဳခြင့္မေပး

အိမ္ရွင္းလင္းရသည္ကို စြဲလမ္းေနသည့္ ၾသစေတးလ် အိမ္ေထာင္ရွင္မတစ္ဦးက သူ၏ေနအိမ္ကို ေန႔စဥ္ ၅ နာရီခန္႔အထိ အခ်ိန္ယူ သန္႔ရွင္းေရးလုပ္ကာ ေရပန္းေရခ်ဳိးခန္းကို မိသားစုအား အသံုးျပဳခြင့္ မေပးရာ သူမ၏ ေန႔စဥ္သန္႔ရွင္းေရးလုပ္ငန္းစဥ္မွာ မည္မွ်အခ်ိန္ယူထားသည္ကို ျပသေနသည္။

ခရစၥတယ္လ္ (Krystal) ဟု အမည္ရေသာ ၾသစေတးလ်ႏိုင္ငံသူ အမ်ဳိးသမီးသည္ ၂၀၁၆ ခုႏွစ္အတြင္းကလည္း Channel 4 ရုပ္သံလုိင္း၏ စဲြလမ္းျပင္းျပ အိမ္ရွင္းသူတို႔ဘဝ (Obsessive Compulsive Cleaners) အမည္ရွိ ရုပ္သံအစီအစဥ္တြင္ ေဖာ္ျပခံခဲ့ရဖူးသည္။

သို႔ေသာ္ မၾကာေသးမီက သူမ၏ အိမ္ရွင္းမႈ အေလ့အထမ်ားအေၾကာင္း TikTok တြင္ ေရာက္ရွိခဲ့ရာ လူမႈကြန္ရက္တြင္ တဟုန္ထိုး ပ်ံ႕ႏွံ႔သြားခဲ့သည္။

ခရစၥတယ္လ္သည္ အိမ္ရာခင္းမ်ားကို ေန႔စဥ္ေန႔တိုင္း မီးပူတိုက္ျပီး မွန္တြင္လည္း အစြန္းထင္းမ်ား လံုးဝမရွိေစရန္ တစ္ရက္လွ်င္ အနည္းဆံုး အၾကိမ္ ၅၀ တိုက္ေလ့ရွိသည္။

“ဒီေရပန္းအခန္းကို ကၽြန္မတို႔ မသံုးပါဘူး။ ဒါက အလွျပထားဖို႔ သက္သက္ပါ” ဟု ခရစၥတယ္လ္က ရုပ္သံအစီအစဥ္တြင္ ေျပာၾကားသည္။

သူ၏ ေရပန္းခန္းကို ဖုန္စုပ္သန္႔ရွင္း၊ သဲသဲမဲမဲ တိုက္ခၽြတ္ေဆးေၾကာကာ အေရာင္တင္ေဆးျဖင့္ တိုက္ခၽြတ္ေနခ်ိန္တြင္ ယင္းသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

အသက္ ၃၅ ႏွစ္အရြယ္ရွိ မိခင္တစ္ဦးျဖစ္သူ ခရစၥတယ္လ္က ေျပာရာတြင္ ေန႔စဥ္ ၅ နာရီခန္႔ အခ်ိန္ယူ အိမ္ရွင္းကာ လန္ဒန္မွ အိပ္ခန္း ၂ ခန္းပါ လူေနခန္းကို အျမဲေျပာင္လက္ေတာက္ပေနေအာင္ ထိန္းသိမ္းထားေၾကာင္း၊ ထိုသို႔ လုပ္ေဆာင္ႏိုင္ရန္ နံနက္ ၅ နာရီမွ စတင္ကာ လုပ္ေဆာင္ရေၾကာင္း ေျပာၾကားသည္။

“ကၽြန္မ သန္႔ရွင္းေရးလုပ္တဲ့အခ်ိန္မွာ ရွင္းရမယ့္ဟာေတြအတြက္ အခ်ိန္သတ္မွတ္ရပါတယ္။ ဒါက စစ္တပ္က စစ္ဆင္ေရးတစ္ခုလိုပါပဲ။ ဒါကို ျပီးေအာင္လုပ္ေဆာင္ဖုိ႔ လိုပါတယ္”

“အျမဲတမ္း လုပ္စရာတစ္ခုခုက ရွိေနပါတယ္။ မွန္မွာ အစက္အေျပာက္ေတြ စြန္းထင္းလာတာမ်ဳိး။ ကၽြန္မက မွန္ကို တစ္ရက္မွာ အၾကိမ္ ၅၀ တိုက္ခၽြတ္ပါတယ္။ အိပ္ရာခင္းေတြ အေျခာက္ခံစက္က ထြက္လာရင္ ေတာ္ေတာ္ေလး တြန္႔ေၾကေနတတ္ပါတယ္။ ဒါေၾကာင့္ သူတို႔ကို မီးပူတိုက္ရပါတယ္။ လူတိုင္းလည္း အိပ္ရာခင္းေတြကို မီးပူတိုက္သင့္တယ္လို႔ ကၽြန္မထင္ပါတယ္”

သူ၏ အိမ္ရွင္းျခင္း စြဲလမ္းမႈသည္ အခ်စ္ေရးကိုပင္ ထိခိုက္ေစခဲ့ေၾကာင္း ခရစၥတယ္လ္က ဝန္ခံ၏။

လက္ထပ္ရန္ စီစဥ္တိုင္းလည္း အခက္ၾကံဳရေၾကာင္း၊ သူမႏွင့္ လက္တြဲမည့္သူမ်ားစြာမွာ သူမ သေဘာေတြ႔ႏိုင္ဖြယ္ မရွိေၾကာင္း ဝန္ခံခဲ့သည္။

“အိမ္ရွင္းတာကို အျပစ္မယူတဲ့သူမ်ဳိးပဲ လက္တြဲေဖာ္ျဖစ္ႏိုင္မွာပါ။ လက္ထပ္ဖို႔ ဆႏၵရွိပါတယ္။ ဒါေပမယ့္ ကၽြန္မက သူတုိ႔နဲ႔ အခ်ိန္ေပးဖို႔ထက္ အိမ္ပဲ အျမဲရွင္းေနမယ္ဆိုရင္ သူတို႔ကေကာ ကၽြန္မကို ဘာေၾကာင့္လက္ထပ္ခ်င္ၾကမွာလဲ”ဟု ခရစၥတယ္လ္က ဆိုသည္။

ခရစၥတယ္လ္က ဆက္လက္ေျပာၾကားသည္မွာ သူမတြင္ ၈ လအရြယ္ သားတစ္ဦးရွိေၾကာင္း၊ အိမ္ရွင္းလင္းေရး လုပ္ငန္းစဥ္ တစ္ခုႏွင့္တစ္ခုအၾကားတြင္ ကေလးကို ၾကည့္ရႈေစာင့္ေရွာက္ေၾကာင္း ေျပာၾကားသည္။

ခရစၥတယ္လ္၏ ဗီြဒီယိုဖိုင္ကို ၾကည့္ရႈရသူ ေထာင္ေပါင္းမ်ားစြာက သူမ၏ စြဲလမ္းမႈကို တုန္လႈပ္မိေၾကာင္း ေျပာၾကားၾကသည္။

လူမႈကြန္ရက္အသံုးျပဳသူတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “ဗိုင္းရပ္စ္အမႈန္အမႊားေတြနဲ႔ တစ္ခါမွ မထိေတြ႔ရေတာ့ သနားစရာေကာင္းတဲ့ ကေလးေလးမွာ ကိုယ္ခံအားစနစ္ ရွိလိမ့္မွာမဟုတ္ဘူး” ဟု မွတ္ခ်က္ျပဳသည္။

“ေရပန္းအခန္းကို အလွျပဖို႔ထားတာတဲ့လား။ ၾကားဖူးသမွ်ထဲမွာ အဆန္းၾကယ္ဆံုးပဲ” ဟု အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Aussie mum who cleans for FIVE HOURS a day reveals her crazy schedule - which includes buffing the mirror 50 times and keeping a sparkling shower just for show (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ...
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ...
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောကြောင့် အသက် ၈၀ အရွယ် အဘိုးအိုက ရူပီး ၁ ဒသမ ၅ ကုဋေ တန်ကြေးရှိ နေအိမ်ကို ပြည်နယ်အစိုးရထံ လှူဒါန်းပစ်...

သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်...
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-nandar
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service