စီမံဆောင်ရွက်မှုလွဲမှားသောကြောင့် Pfizer ထံမှ ရရှိမည့် ကာကွယ်ဆေး ၁၀ သန်းဖိလစ်ပိုင်ဆုံးရှုံး

စီမံဆောင်ရွက်မှုလွဲမှားသောကြောင့် Pfizer ထံမှ ရရှိမည့် ကာကွယ်ဆေး ၁၀ သန်းဖိလစ်ပိုင်ဆုံးရှုံး - Property News in Myanmar from iMyanmarHouse.com
17 Dec 2020 10:27 am တွင် တင်ခဲ့သည်
7953 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖိလစ်ပိုင်သည် လာမည့် ဇန်နဝါရီလတွင် Pfizer ၏ ကာကွယ်ဆေး ၁၀ သန်းရရှိမည့် အခွင့်အရေးမှာလူတစ်ဦး၏ ဆောင်ရွက်ပုံအလွဲအမှားကြောင့် ဆုံးရှုံးသွားရပြီဖြစ်ကြောင်းဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတီယိုးဒိုရိုးလို့ခ်ဆင်(TeodoroLocsin Jr.) က ထုတ်ဖော်ပြောကြားသည်။

“ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့ ဇန်နဝါရီလအတွင်းမှာFedEx (အမေရိကန်ဖြန့်ဖြူးရေးကုမ္ပဏီ)ကနေဖိလစ်ပိုင်နိုင်ငံ၊ Clarkဒေသကို Pfizer ကာကွယ်ဆေး ၁၀ သန်းရဖို့ ရှိခဲ့ပါတယ်။ ဒီအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ခ် ပွန်ပီယိုနဲ့ အမေရိကန်ဆိုင်ရာဖိလစ်ပိုင် သံအမတ်ကြီးဘေးဘီရားမော်ဒက်ဇ် (Babe Romualdez)တို့ကိုကျေးဇူးတင်ကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။ ဒါပေမယ့် ပုဂ္ဂိိုလ်တစ်ဦးကဆောင်ရွက်ပုံအလွဲတွေ လုပ်ခဲ့ပါတယ်” ဟုလို့ခ်ဆင်ကတွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

Locsin က အခွင့်အလမ်းဆုံးရှုံးအောင် လုပ်ဆောင်ခဲ့သည့် အစိုးရအရာရှိ၏ အမည်ကိုမူထုတ်ဖော်ပြောကြားခြင်းမရှိချေ။ ရာထူးခန့်ထားရေးကော်မရှင် (CA) က ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် ဖိလစ်ပိုင် သံတမန် ၂ ဦးခန့်ထားရေးနှင့် စပ်လျဉ်းပြီး ကြားနာမှုပြုလုပ်ရာတွင် အထက်လွှတ်တော်အမတ် Ping Lacson က နိုင်ငံခြားရေးဝန်ကြီးLocsinအားမေးမြန်းသည်မှာ “နိုင်ငံခြားရေးဝန်ကြီးခင်ဗျာ။ စီမံကိုင်တွယ်ပုံအလွဲအမှားကိုဆောင်ရွက်ခဲ့တာဘယ်သူဖြစ်ပါသလဲ။ သူဟာခင်ဗျားရဲ့ ခေါင်းဆောင်ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့ ဂရုမစိုက်ဘူး။ သူ့ကိုအစားထိုးဖို့ ခင်ဗျားတို့ တိုင်ပင်ပါ။ ဒီကစားပွဲက ကျွန်တော်တို့ ရှုံးလို့မရတဲ့ ကစားပွဲပါ”ဟုမေးမြန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးLocsin က ပြောကြားရာတွင် Pfizer နှင့်Modernaတို့သည် ကြိုတင်ငွေပေးချေရန် မတောင်းဆိုကြောင်း၊ ကြိုတင်ငွေ ပေးချေမှုကိုသမ္မတရိုဒရီဂိုဒူတာတေးကကန့်ကွက်ခဲ့ကြောင်းပြောကြားသည်။

“ဘာဘီနဲ့ ကျွန်တော်ဟာအကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ တစ်ခုက Pfizer နဲ့ Modernaဟာလက်ငင်းငွေချေးဖို့ တောင်းဆိုခြင်းမရှိခဲ့တာကိုတောင်းခဲ့လားလို့ မေးခွန်းထုတ်တာခံရပါတယ်။ ဘာဘီနဲ့ ကျွန်တော်ဟာစိန်ခေါ်မှုတွေကိုအတူတကွ ရင်ဆိုင်ခဲ့ကြရပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးကပြောသည်။

အထက်လွှတ်တော်အမတ် Lacson က နိုင်ငံခြားရေးဝန်ကြီးအား “ခင်ဗျားနဲ့ ဘာဘီတို့ နောက်တစ်ကြိမ်ကြိုးပမ်းမှုမှာထိန်းသိမ်းလုပ်ဆောင်နိုင်ဖို့အတွက် ကံကောင်းကြပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။” ဟုပြောကြားခဲ့သည်။

ထို့အပြင် အခွင့်အရေးဆုံးရှုံးအောင်လုပ်မည့်သူများကိုတာဝန်မပေးရန်နှင့် မိမိတို့ပြည်သူများမှာကာကွယ်ဆေးလိုအပ်နေကြောင်းလည်းအထက်လွှတ်တော်အမတ်ကပြောကြားသည်။

အမေရိကန်ဆိုင်ရာဖိလစ်ပိုင် သံအမတ်ကြီးဘေးဘီရားမော်ဒက်ဇ်ကရှင်းလင်းပြောကြားရာတွင် Pfizer ၏ ကာကွယ်ဆေး ၁၀ သန်းရရှိရေးအခွင့်အလမ်းမှာအပြီးတိုင် ဆုံးရှုံးသွားခြင်းမဟုတ်ကြောင်း၊ နောက်ပိုင်းတွင် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: PH almost lost 10 million doses Pfizer vaccine due to deal ‘mishandling’, says Locsin (filipinotimes)

 

 

[Zawgyi]

စီမံေဆာင္ရြက္မႈလြဲမွားေသာေၾကာင့္ Pfizer ထံမွ ရရွိမည့္ ကာကြယ္ေဆး ၁၀ သန္းဖိလစ္ပိုင္ဆံုးရံႈး

ဖိလစ္ပိုင္သည္ လာမည့္ ဇန္နဝါရီလတြင္ Pfizer ၏ ကာကြယ္ေဆး ၁၀ သန္းရရွိမည့္ အခြင့္အေရးမွာလူတစ္ဦး၏ ေဆာင္ရြက္ပံုအလြဲအမွားေၾကာင့္ ဆံုးရံႈးသြားရျပီျဖစ္ေၾကာင္းဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ၾကီးတီယိုးဒိုရိုးလို႔ခ္ဆင္(TeodoroLocsin Jr.) က ထုတ္ေဖာ္ေျပာၾကားသည္။

“ကမၻာ့ဘဏ္နဲ႔ အာရွဖြံ႔ျဖိဳးေရးဘဏ္တို႔ရဲ႕ ရန္ပံုေငြေထာက္ပံ့မႈနဲ႔ ဇန္နဝါရီလအတြင္းမွာFedEx (အေမရိကန္ျဖန္႔ျဖဴးေရးကုမၸဏီ)ကေနဖိလစ္ပိုင္ႏိုင္ငံ၊ Clarkေဒသကို Pfizer ကာကြယ္ေဆး ၁၀ သန္းရဖို႔ ရွိခဲ့ပါတယ္။ ဒီအတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ၾကီးမိုက္ခ္ ပြန္ပီယိုနဲ႔ အေမရိကန္ဆိုင္ရာဖိလစ္ပိုင္ သံအမတ္ၾကီးေဘးဘီရားေမာ္ဒက္ဇ္ (Babe Romualdez)တို႔ကိုေက်းဇူးတင္ေၾကာင္း ကၽြန္ေတာ္ေျပာၾကားလိုပါတယ္။ ဒါေပမယ့္ ပုဂိၢိဳလ္တစ္ဦးကေဆာင္ရြက္ပံုအလြဲေတြ လုပ္ခဲ့ပါတယ္” ဟုလို႔ခ္ဆင္ကတြစ္တာလူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပသည္။

Locsin က အခြင့္အလမ္းဆံုးရံႈးေအာင္ လုပ္ေဆာင္ခဲ့သည့္ အစိုးရအရာရွိ၏ အမည္ကိုမူထုတ္ေဖာ္ေျပာၾကားျခင္းမရွိေခ်။ ရာထူးခန္႔ထားေရးေကာ္မရွင္ (CA) က ဒီဇင္ဘာ ၁၆ ရက္နံနက္ပိုင္းတြင္ ဖိလစ္ပိုင္ သံတမန္ ၂ ဦးခန္႔ထားေရးႏွင့္ စပ္လ်ဥ္းျပီး ၾကားနာမႈျပဳလုပ္ရာတြင္ အထက္လႊတ္ေတာ္အမတ္ Ping Lacson က ႏိုင္ငံျခားေရးဝန္ၾကီးLocsinအားေမးျမန္းသည္မွာ “ႏိုင္ငံျခားေရးဝန္ၾကီးခင္ဗ်ာ။ စီမံကိုင္တြယ္ပံုအလြဲအမွားကိုေဆာင္ရြက္ခဲ့တာဘယ္သူျဖစ္ပါသလဲ။ သူဟာခင္ဗ်ားရဲ႕ ေခါင္းေဆာင္ျဖစ္မယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔ ဂရုမစိုက္ဘူး။ သူ႔ကိုအစားထုိးဖို႔ ခင္ဗ်ားတို႔ တိုင္ပင္ပါ။ ဒီကစားပြဲက ကၽြန္ေတာ္တို႔ ရံႈးလို႔မရတဲ့ ကစားပြဲပါ”ဟုေမးျမန္းခဲ့သည္။

ႏိုင္ငံျခားေရးဝန္ၾကီးLocsin က ေျပာၾကားရာတြင္ Pfizer ႏွင့္Modernaတို႔သည္ ၾကိဳတင္ေငြေပးေခ်ရန္ မေတာင္းဆိုေၾကာင္း၊ ၾကိဳတင္ေငြ ေပးေခ်မႈကိုသမၼတရိုဒရီဂိုဒူတာေတးကကန္႔ကြက္ခဲ့ေၾကာင္းေျပာၾကားသည္။

“ဘာဘီနဲ႔ ကၽြန္ေတာ္ဟာအေကာင္းဆံုး ၾကိဳးစားခဲ့ၾကပါတယ္။ တစ္ခုက Pfizer နဲ႔ Modernaဟာလက္ငင္းေငြေခ်းဖို႔ ေတာင္းဆိုျခင္းမရွိခဲ့တာကိုေတာင္းခဲ့လားလို႔ ေမးခြန္းထုတ္တာခံရပါတယ္။ ဘာဘီနဲ႔ ကၽြန္ေတာ္ဟာစိန္ေခၚမႈေတြကိုအတူတကြ ရင္ဆိုင္ခဲ့ၾကရပါတယ္”ဟု ႏိုင္ငံျခားေရးဝန္ၾကီးကေျပာသည္။

အထက္လႊတ္ေတာ္အမတ္ Lacson က ႏိုင္ငံျခားေရးဝန္ၾကီးအား “ခင္ဗ်ားနဲ႔ ဘာဘီတို႔ ေနာက္တစ္ၾကိမ္ၾကိဳးပမ္းမႈမွာထိန္းသိမ္းလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ကံေကာင္းၾကပါေစလို႔ ကၽြန္ေတာ္ဆႏၵျပဳပါတယ္။” ဟုေျပာၾကားခဲ့သည္။

ထို႔အျပင္ အခြင့္အေရးဆံုးရံႈးေအာင္လုပ္မည့္သူမ်ားကိုတာဝန္မေပးရန္ႏွင့္ မိမိတို႔ျပည္သူမ်ားမွာကာကြယ္ေဆးလိုအပ္ေနေၾကာင္းလည္းအထက္လႊတ္ေတာ္အမတ္ကေျပာၾကားသည္။

အေမရိကန္ဆိုင္ရာဖိလစ္ပိုင္ သံအမတ္ၾကီးေဘးဘီရားေမာ္ဒက္ဇ္ကရွင္းလင္းေျပာၾကားရာတြင္ Pfizer ၏ ကာကြယ္ေဆး ၁၀ သန္းရရွိေရးအခြင့္အလမ္းမွာအျပီးတုိင္ ဆံုးရံႈးသြားျခင္းမဟုတ္ေၾကာင္း၊ ေနာက္ပိုင္းတြင္ ျပန္လည္ရရွိႏိုင္မည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: PH almost lost 10 million doses Pfizer vaccine due to deal ‘mishandling’, says Locsin (filipinotimes)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service