မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား၂၀၂၂ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ပြီး၊ KMIC စက်မှုဇုန်စီမံကိန်းကို ယခုလတွင် Phase 1 အား စတင်မည်ဖြစ်ကြောင်း ( GlCC 2020 ) အရသိရ

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား၂၀၂၂ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ပြီး၊ KMIC စက်မှုဇုန်စီမံကိန်းကို ယခုလတွင် Phase 1 အား စတင်မည်ဖြစ်ကြောင်း ( GlCC 2020 ) အရသိရ - Property News in Myanmar from iMyanmarHouse.com
10 Dec 2020 12:37 pm တွင် တင်ခဲ့သည်
2393 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဒီဇင်ဘာ ၈ ရက်ပြုလုပ်သော ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် 8th GLOBAL INFRASTRUCTURE COOPERATION CONFERENCE (GICC 2020) သို့ Online ဖြင့်တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား ၂၀၂၂ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ပြီး၊ KMIC စက်မှုဇုန်စီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် Phase 1 အားစတင်မည်ဖြစ်ကြောင်း ပြောကြားထားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကိုရီးယား-မြန်မာ (ဒလ) တံတားစီမံကိန်းနှင့် KMIC စက်မှုဇုန်စီမံ ကိန်းများသည် ထင်ရှားသောစီမံကိန်းများဖြစ်ပါကြောင်းပြောကြားပြီး ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့်များခံစားရသည်မှာ ကိုရီးယားသမ္မတနိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦနှင့် သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန၏ အဓိကပူးပေါင်း ကူညီပံ့ပိုးမှုများကြောင့် ဖြစ်ပါကြောင်းပြောကြားသည်။

စုစုပေါင်းအရှည် (၁၈၆၈) မီတာ ရှိပြီး၊ လေးလမ်းသွား Cable – Stayed Bridge အမျိုးအစားဖြစ်သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားရန် မျှော်မှန်းထားပါ ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအားနေ့၊ ညဆောင်ရွက် လျက်ရှိပါကြောင်း၊ စုစုပေါင်း တံတားတစ်စင်းလုံးအနေဖြင့် လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းပြောထားသည်။

KMIC စက်မှုဇုန်စီမံကိန်း၏ အပြင်ဘက် အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ယင်းစက်မှုဇုန်တွင် နိုင်ငံတကာ ရင်းနှီးမြှုုပ်နှံသူများအနေဖြင့် အကောင်အထည်ဖော်ရန် စတင်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် Phase 1 အား စတင်ခြင်း ဆောင်ရွက်မှာဖြစ်ပြီး ၊ ရင်းနှီးမြှုုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာ ကောင်းမည်ဟု ယုံကြည်ပါကြောင်းပြောထားသည်။

အဆိုပါ Global Infrastructure Cooperation Conferene (GlCC 2020) သည် အခြေခံအဆောက်အအုံကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုကဏ္ဍတို့တွင် ပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး၊ ကိုရီးယားသမ္မတနိုင်ငံ၏ အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာညီလာခံများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာမှ သိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]





KMIC စက်မှုဇုန်စီမံကိန်း၏ အပြင်ဘက် အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ယင်းစက်မှုဇုန်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အကောင်အထည်ဖော်ရန် စတင်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် Phase 1 အား စတင်ခြင်း ဆောင်ရွက်မှာဖြစ်ပြီး ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာ ကောင်းမည်ဟု ယုံကြည်ပါကြောင်းပြောထားသည်။




နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service