ချမ်းသာသည့်နိုင်ငံများ ကာကွယ်ဆေးအလုံးအရင်း ဝယ်ထားမှုကြောင့် မြန်မာအပါအဝင်ဆင်းရဲသောနိုင်ငံများ၏ ဘီလီယံနှင့်ချီသော ပြည်သူများ ကာကွယ်ဆေးရရန် အခွင့်အရေးနည်းပါးကြောင်း နိုင်ငံတကာ ကာကွယ်ဆေး စောင့်ကြည့်မှုအဖွဲ့က ပြောကြား

ချမ်းသာသည့်နိုင်ငံများ ကာကွယ်ဆေးအလုံးအရင်း ဝယ်ထားမှုကြောင့် မြန်မာအပါအဝင်ဆင်းရဲသောနိုင်ငံများ၏ ဘီလီယံနှင့်ချီသော ပြည်သူများ ကာကွယ်ဆေးရရန် အခွင့်အရေးနည်းပါးကြောင်း နိုင်ငံတကာ ကာကွယ်ဆေး စောင့်ကြည့်မှုအဖွဲ့က ပြောကြား - Property News in Myanmar from iMyanmarHouse.com
10 Dec 2020 10:46 am တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ချမ်းသာကြွယ်ဝသည့်နိုင်ငံများသည် ၎င်းတို့၏ ပြည်သူများ ၃ ကြိမ်ခန့် ဆေးထိုးနိုင်သည့် ပမာဏ ဝယ်ယူထားကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှာမူ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးအဆုံးသတ်စေရန် ကမ္ဘာလုံးဆိုင်ရာ အရှိန်ဟုန်ဖြင့် ကြိုးပမ်းနေကြမှုတွင် နောက်ကျကျန်နေရစ်ခဲ့ကြောင်း နိုင်ငံတကာ ကာကွယ်ဆေး စောင့်ကြည့်မှုအဖွဲ့က ပြောကြားလိုက်သည်။

ယခုနှစ်ကုန်၌ ဆင်းရဲသော ၆၇ နိုင်ငံတွင် ပြည်သူ ၁၀ ဦးလျှင် ၁ ဦးသာ ကာကွယ်ဆေးရနိုင်ရန် မျှော်လင့်ချက်ရှိကြောင်း People's Vaccine Alliance(PVA) အဖွဲ့က ပြောကြားသည်။

တစ်ကမ္ဘာလုံး လူဦးရေ၏ ၁၄ ရာခိုင်နှုန်းသာရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ လိုအပ်ချက်ထက် ပိုမိုမှာယူထားကြရာ အထိရောက်ဆုံး ကာကွယ်ဆေးများ၏ ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။

ဆေးဝါးကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ နည်းပညာနှင့် မူပိုင်ခွင့်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အား မျှဝေရန် PVA အဖွဲ့က တိုက်တွန်းလိုက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအား ကာကွယ်ဆေးများ ပေးပို့ရေး ကတိပြုကြရန် အစိုးရအဖွဲ့များကို တောင်းဆိုလိုက်သည်။

“မိမိနေထိုင်ရာနိုင်ငံ (ဒါမှမဟုတ်) အိတ်ကပ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာတွေကြောင့် အသက်တွေ ကယ်တင်ပေးမယ့် ကာကွယ်ဆေး ရရှိရေးကနေ ဘယ်သူ့ကိုမှ ပိတ်ပင်မထားသင့်ပါဘူး” ဟု Oxfam မှ ကျန်းမာရေးမူဝါဒ မန်နေဂျာ Anna Marriott က ပြောသည်။

“ဒါပေမယ့် ပြောင်းလဲမှုတွေ ကြီးကြီးမားမား မလုပ်ဘူးဆိုရင်တော့ လာမယ့်နှစ်တွေမှာ ဘီလီယံနဲ့ချီတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ဘေးကင်းပြီး ထိရောက်တဲ့ Covid-19 ကာကွယ်ဆေး ရဖို့မရှိပါဘူး” ဟု သူမက ဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သော အင်္ဂါနေ့က ဗြိတိန်တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်သော Covid-19 ကာကွယ်ဆေးထိုးမှုများ စတင်လိုက်ရာ ကမ္ဘာပေါ်တွင် ကာကွယ်ဆေး ပထမဆုံး စတင်ထိုးနှံနိုင်သည့်နိုင်ငံဖြစ်လာပြီး ကပ်ဘေးအတွင်း အဓိကမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ခဲ့သည်။

ဗြိတိန်တွင် ကာကွယ်ဆေးထိုးရာ၌ အသုံးပြုခဲ့သည့် Pfizer/BioNTech ကာကွယ်ဆေး၏ ၉၆ ရာခိုင်နှုန်းကို ချမ်းသာသည့် နိုင်ငံများက ဝယ်ယူထားပြီးဖြစ်ကြောင်း People's Vaccine Alliance က ပြောကြားသည်။ ထို့အတူပင် လက်တွေ့စမ်းသပ်ချက်များအရ ထိရောက်မှု ရာခိုင်နှုန်းမြင့်မားသည့် အခြားကာကွယ်ဆေးတစ်ခုဖြစ်သော Moderna ဆေး အားလုံးကိုလည်း ချမ်းသာသည့်နိုင်ငံများက ဝယ်ယူထားပြီး ဖြစ်သည်။

ကနေဒါဆိုလျှင် ပြည်သူများကို ၅ ကြိမ်ခန့်အထိ ထိုးနှံနိုင်သည့် ပမာဏ ဝယ်ယူထားကြောင်း People's Vaccine Alliance က ပြောကြားသည်။ People's Vaccine Alliance၏ ပြောကြားချက်အရ ဆင်းရဲသော ၆၇ နိုင်ငံမှာမူ ကပ်ဘေးအဆုံးသတ်ရေး လမ်းကြောင်းပိတ်ပင်ထားခြင်း ခံရသည့် အန္တရာယ်ရှိနေကြောင်း ပြောကြားသည်။

ဆင်းရဲသည့် ၆၇ နိုင်ငံအနက် မြန်မာ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် ယူကရိန်း ၅ နိုင်ငံတွင် စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်ရှိကြောင်း People's Vaccine Alliance က ပြောကြားသည်။

“ကာကွယ်ဆေးတွေ အလုံးအရင်းဝယ်ယူထားကြမှုဟာ နေရာတိုင်း၊ လူတိုင်းကို Covid-19 ကာကွယ်ပေးနိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာ ကြိုးပမ်းနေကြမှုကို ထိခိုက်စေပါတယ်” ဟု Amnesty International မှ စီးပွားရေးနှင့် လူမှုတရားမျှတရေး အကြီးအကဲ Steve Cockburn က ပြောသည်။ “ကမ္ဘာ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုရဲ့ အများစုကို ဝယ်ယူထားကြခြင်းအားဖြင့် ချမ်းသာတဲ့နိုင်ငံတွေဟာ သူတို့ရဲ့ လူ့အခွင့်အရေး တာဝန်တွေကို ချိုးဖောက်နေကြတာ ဖြစ်ပါတယ်” ဟု Steve Cockburn က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rich countries are hoarding Covid-19 vaccines and leaving the developing world behind, People's Vaccine Alliance warns (CNN)

 

[Zawgyi]

ခ်မ္းသာသည့္ႏိုင္ငံမ်ား ကာကြယ္ေဆးအလံုးအရင္း ဝယ္ထားမႈေၾကာင့္ ျမန္မာအပါအဝင္ဆင္းရဲေသာႏိုင္ငံမ်ား၏ ဘီလီယံႏွင့္ခ်ီေသာ ျပည္သူမ်ား ကာကြယ္ေဆးရရန္ အခြင့္အေရးနည္းပါးေၾကာင္း ႏိုင္ငံတကာ ကာကြယ္ေဆး ေစာင့္ၾကည့္မႈအဖြဲ႔က ေျပာၾကား

ခ်မ္းသာၾကြယ္ဝသည့္ႏိုင္ငံမ်ားသည္ ၎တို႔၏ ျပည္သူမ်ား ၃ ၾကိမ္ခန္႔ ေဆးထိုးႏိုင္သည့္ ပမာဏ ဝယ္ယူထားၾကျပီး ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားမွာမူ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးအဆံုးသတ္ေစရန္ ကမၻာလံုးဆိုင္ရာ အရွိန္ဟုန္ျဖင့္ ၾကိဳးပမ္းေနၾကမႈတြင္ ေနာက္က်က်န္ေနရစ္ခဲ့ေၾကာင္း ႏိုင္ငံတကာ ကာကြယ္ေဆး ေစာင့္ၾကည့္မႈအဖြဲ႔က ေျပာၾကားလိုက္သည္။

ယခုႏွစ္ကုန္၌ ဆင္းရဲေသာ ၆၇ ႏိုင္ငံတြင္ ျပည္သူ ၁၀ ဦးလွ်င္ ၁ ဦးသာ ကာကြယ္ေဆးရႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ရွိေၾကာင္း People's Vaccine Alliance(PVA) အဖြဲ႔က ေျပာၾကားသည္။

တစ္ကမၻာလံုး လူဦးေရ၏ ၁၄ ရာခိုင္ႏႈန္းသာရွိသည့္ ဖြံ႔ျဖိဳးျပီးႏိုင္ငံမ်ားတြင္မူ လိုအပ္ခ်က္ထက္ ပိုမိုမွာယူထားၾကရာ အထိေရာက္ဆံုး ကာကြယ္ေဆးမ်ား၏ ထက္ဝက္ေက်ာ္ကို ပိုင္ဆိုင္ထားၾကျပီ ျဖစ္သည္။

ေဆးဝါးကုမၸဏီမ်ားအေနျဖင့္ ၎တို႔၏ နည္းပညာႏွင့္ မူပိုင္ခြင့္မ်ားကို ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) အား မွ်ေဝရန္ PVA အဖြဲ႔က တိုက္တြန္းလိုက္ျပီး ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအား ကာကြယ္ေဆးမ်ား ေပးပို႔ေရး ကတိျပဳၾကရန္ အစိုးရအဖြဲ႔မ်ားကို ေတာင္းဆိုလိုက္သည္။

“မိမိေနထိုင္ရာႏိုင္ငံ (ဒါမွမဟုတ္) အိတ္ကပ္ထဲမွာ ပိုက္ဆံဘယ္ေလာက္ရွိလဲဆိုတာေတြေၾကာင့္ အသက္ေတြ ကယ္တင္ေပးမယ့္ ကာကြယ္ေဆး ရရွိေရးကေန ဘယ္သူ႔ကိုမွ ပိတ္ပင္မထားသင့္ပါဘူး” ဟု Oxfam မွ က်န္းမာေရးမူဝါဒ မန္ေနဂ်ာ Anna Marriott က ေျပာသည္။

“ဒါေပမယ့္ ေျပာင္းလဲမႈေတြ ၾကီးၾကီးမားမား မလုပ္ဘူးဆိုရင္ေတာ့ လာမယ့္ႏွစ္ေတြမွာ ဘီလီယံနဲ႔ခ်ီတဲ့ ကမၻာ့ျပည္သူေတြဟာ ေဘးကင္းျပီး ထိေရာက္တဲ့ Covid-19 ကာကြယ္ေဆး ရဖို႔မရွိပါဘူး” ဟု သူမက ျဖည့္စြက္ေျပာၾကားသည္။

ျပီးခဲ့ေသာ အဂၤါေန႔က ျဗိတိန္တြင္ ခြင့္ျပဳခ်က္ရရွိျပီးျဖစ္ေသာ Covid-19 ကာကြယ္ေဆးထိုးမႈမ်ား စတင္လိုက္ရာ ကမၻာေပၚတြင္ ကာကြယ္ေဆး ပထမဆံုး စတင္ထုိးႏွံႏိုင္သည့္ႏိုင္ငံျဖစ္လာျပီး ကပ္ေဘးအတြင္း အဓိကမွတ္တိုင္တစ္ခုကို စိုက္ထူလိုက္ႏိုင္ခဲ့သည္။

ျဗိတိန္တြင္ ကာကြယ္ေဆးထိုးရာ၌ အသံုးျပဳခဲ့သည့္ Pfizer/BioNTech ကာကြယ္ေဆး၏ ၉၆ ရာခိုင္ႏႈန္းကို ခ်မ္းသာသည့္ ႏိုင္ငံမ်ားက ဝယ္ယူထားျပီးျဖစ္ေၾကာင္း People's Vaccine Alliance က ေျပာၾကားသည္။ ထို႔အတူပင္ လက္ေတြ႔စမ္းသပ္ခ်က္မ်ားအရ ထိေရာက္မႈ ရာခိုင္ႏႈန္းျမင့္မားသည့္ အျခားကာကြယ္ေဆးတစ္ခုျဖစ္ေသာ Moderna ေဆး အားလံုးကိုလည္း ခ်မ္းသာသည့္ႏိုင္ငံမ်ားက ဝယ္ယူထားျပီး ျဖစ္သည္။

ကေနဒါဆိုလွ်င္ ျပည္သူမ်ားကို ၅ ၾကိမ္ခန္႔အထိ ထိုးႏွံႏိုင္သည့္ ပမာဏ ဝယ္ယူထားေၾကာင္း People's Vaccine Alliance က ေျပာၾကားသည္။ People's Vaccine Alliance၏ ေျပာၾကားခ်က္အရ ဆင္းရဲေသာ ၆၇ ႏိုင္ငံမွာမူ ကပ္ေဘးအဆံုးသတ္ေရး လမ္းေၾကာင္းပိတ္ပင္ထားျခင္း ခံရသည့္ အႏၱရာယ္ရွိေနေၾကာင္း ေျပာၾကားသည္။

ဆင္းရဲသည့္ ၆၇ ႏိုင္ငံအနက္ ျမန္မာ၊ ကင္ညာ၊ ႏိုင္ဂ်ီးရီးယား၊ ပါကစၥတန္ႏွင့္ ယူကရိန္း ၅ ႏိုင္ငံတြင္ စုစုေပါင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁ ဒသမ ၅ သန္းေက်ာ္ရွိေၾကာင္း People's Vaccine Alliance က ေျပာၾကားသည္။

“ကာကြယ္ေဆးေတြ အလံုးအရင္းဝယ္ယူထားၾကမႈဟာ ေနရာတိုင္း၊ လူတိုင္းကို Covid-19 ကာကြယ္ေပးႏိုင္ဖို႔ တစ္ကမၻာလံုး အတိုင္းအတာ ၾကိဳးပမ္းေနၾကမႈကို ထိခုိက္ေစပါတယ္” ဟု Amnesty International မွ စီးပြားေရးႏွင့္ လူမႈတရားမွ်တေရး အၾကီးအကဲ Steve Cockburn က ေျပာသည္။ “ကမၻာ့ ကာကြယ္ေဆးထုတ္လုပ္ႏိုင္မႈရဲ႕ အမ်ားစုကို ဝယ္ယူထားၾကျခင္းအားျဖင့္ ခ်မ္းသာတဲ့ႏိုင္ငံေတြဟာ သူတို႔ရဲ႕ လူ႔အခြင့္အေရး တာဝန္ေတြကို ခ်ဳိးေဖာက္ေနၾကတာ ျဖစ္ပါတယ္” ဟု Steve Cockburn က ဆက္လက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rich countries are hoarding Covid-19 vaccines and leaving the developing world behind, People's Vaccine Alliance warns (CNN)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service