ဖူးခက်တွင် မြန်မာနိုင်ငံမှ ရောက်လာသူများအားလုံးကိုအဓိကဦးတည်ကာCovid-19 ရောဂါ စစ်ဆေးရန် အမိန့်ထုတ်

ဖူးခက်တွင် မြန်မာနိုင်ငံမှ ရောက်လာသူများအားလုံးကိုအဓိကဦးတည်ကာCovid-19 ရောဂါ စစ်ဆေးရန် အမိန့်ထုတ် - Property News in Myanmar from iMyanmarHouse.com
3 Dec 2020 11:20 am တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံတွင် ဖူးခက်ကျွန်း၏ လက်ထောက်အုပ်ချုပ်ရေးမှူး ပီချက် ပါနာပေါင်က မြန်မာနိုင်ငံမှ ပြန်လာသူအားလုံးကို COVID-19 ရောဂါစစ်ဆေးမှုများအရှိန်မြှင့်ကာဖိဖိစီးစီးလုပ်ဆောင်ရန် အမိန့်ထုတ်လိုက်သည်။

တာချီလိတ်ရှိ အရက်ဘားတစ်ခုတွင် အလုပ်လုပ်ကိုင်နေသောထိုင်းမိန်းကလေးတစ်ဦးသည် ချင်းမိုင်သို့ တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ရာသူမထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရောဂါပျံ့ပွားမှုများရှိမည်ကိုထိတ်လန့်ခြောက်ခြားမှုများပေါ်ပေါက်လျက်ရှိသည်။

ချင်းရိုင်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ပြန်လာသောမိန်းကလေး ၃ ဦးအထိကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းမကြာသေးမီရက်ပိုင်းကစစ်ဆေးတွေ့ရှိထားသည်။

ချင်းရိုင်ရှိအဆိုပါ မိန်းကလေး ၃ ဦးသည် ကွာရန်တင်းဝင်ခြင်း (သို့မဟုတ်) ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံခြင်းများမပြုလုပ်ခဲ့ဘဲထိုင်းနိုင်ငံသို့ မည်သို့မည်ပုံ ပြန်ဝင်နိုင်ခဲ့သည်ကိုစိုးရိမ်မှုများရှိနေကြသည်။

ဖူးခက်ကျွန်း၏ လက်ထောက်အုပ်ချုပ်ရေးမှူး ပီချက်ကနိုဝင်ဘာလ ၃၀ ရက်တွင် ဖူးခက် ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သောဖူးခက် ပြည်နယ် ကူးစက်ရောဂါကော်မတီ၏ အစည်းအဝေး၌ ပြောကြားသည်မှာနယ်စပ်ရှိ ပြည်နယ်အားလုံးတွင် ပြည်ပမှ ရောက်ရှိလာသူများကိုစစ်ဆေးမည့် အဖွဲ့များဖွဲ့စည်းရန် ဗဟိုအစိုးရကအမိန့်ထုတ်လိုက်ကြောင်းပြောကြားခဲ့သည်။ “ဖူးခက်မှာရွှေ့ပြောင်းလုပ်သား ၅၉၀၀၀ လောက်ရှိပြီးအဓိကက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်”

“ဒါကြောင့် မြန်မာအလုပ်သမားအားလုံးဟာဖူးခက်ကိုမလာရောက်မီနယ်စပ်စစ်ဆေးရေးဂိတ်မှာရောဂါစစ်ဆေးမှု ခံယူပြီးကွာရန်တင်းဝင်ကြရမှာ ဖြစ်ပါတယ်။ ဒေသတွင်းအာဏာပိုင်တွေအနေနဲ့ ဖူးခက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေကိုအထူးကြပ်မတ်စောင့်ကြည့်ပြီးတရားမဝင် အလုပ်သမားရှာဖွေတာတွေ လုပ်စေလိုပါတယ်”ဟုပီချက်ကပြောသည်။

“ဖူးခက်ကသာချက်ချိုင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကအရာရှိတွေအနေနဲ့ သူတို့ရဲ့ စစ်ဆေးမှုတွေကို ပြင်းပြင်းထန်ထန် တိုးမြှင့် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီစစ်ရေးရေးဂိတ်ဟာ ပြည်နယ်ထဲကိုဝင်တဲ့ လမ်းတွေအားလုံးဝင်ရောက်လာတဲ့နေရာဖြစ်ပါတယ်။ ဒီကျွန်းကိုကွာရန်တင်းမဝင်ကြတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်မလာဖို့ ကာကွယ်ကြရမှာ ဖြစ်ပါတယ်” ဟုပီချက်ကပြောသည်။

“ဖူးခက် ပြည်သူ့ကျန်းမာရေးဌာနကအရာရှိတွေဟာအခြားသက်ဆိုင်ရာဌာနတွေကအရာရှိတွေနဲ့ ပူးပေါင်းပြီးအပန်းဖြေဖျော်ဖြေရေးနေရာတွေနဲ့ အခြားလုပ်ငန်းနေရာတွေကအလုပ်သမားတွေကိုစစ်ဆေးကြရမှာ ဖြစ်ပါတယ်” ဟုပီချက်က ဖြည့်စွက် ပြောကြားသည်။

“မည်သူမဆိုသံသယရှိတဲ့ အလုပ်သမားတွေကိုတွေ့ရင် ကျေးဇူးပြုပြီးဒေသတွင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားပေးကြပါ။ ဒါဆိုရင် သူတို့အနေနဲ့ စုံစမ်းစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်” ဟုပီချက်ကပြောသည်။

သံသယဖြစ်ဖွယ် ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရှိပါကhotlineဖုန်းနံပါတ် 1567သို့ ၂၄ နာရီလုံးဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းပီချက်က ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Arrivals from Myanmar targeted amid COVID-19 fears (thephuketnews)

[Zawgyi]

ဖူးခက္တြင္ ျမန္မာႏိုင္ငံမွ ေရာက္လာသူမ်ားအားလံုးကိုအဓိကဦးတည္ကာ Covid-19 ေရာဂါ စစ္ေဆးရန္ အမိန္႔ထုတ္

ထိုင္းႏိုင္ငံတြင္ ဖူးခက္ကၽြန္း၏ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး ပီခ်က္ ပါနာေပါင္က ျမန္မာႏိုင္ငံမွ ျပန္လာသူအားလံုးကို COVID-19 ေရာဂါစစ္ေဆးမႈမ်ားအရွိန္ျမွင့္ကာဖိဖိစီးစီးလုပ္ေဆာင္ရန္ အမိန္႔ထုတ္လုိက္သည္။

တာခ်ီလိတ္ရိွ အရက္ဘားတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနေသာထိုင္းမိန္းကေလးတစ္ဦးသည္ ခ်င္းမိုင္သို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္လာခဲ့ရာသူမထံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္းစစ္ေဆးေတြ႔ရွိခဲ့ျပီးေနာက္ ေရာဂါပ်ံ႕ပြားမႈမ်ားရွိမည္ကိုထိတ္လန္႔ေျခာက္ျခားမႈမ်ားေပၚေပါက္လ်က္ရွိသည္။

ခ်င္းရိုင္ျပည္နယ္တြင္ ျမန္မာႏိုင္ငံမွ ျပန္လာေသာမိန္းကေလး ၃ ဦးအထိကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္းမၾကာေသးမီရက္ပိုင္းကစစ္ေဆးေတြ႔ရွိထားသည္။

ခ်င္းရိုင္ရွိအဆိုပါ မိန္းကေလး ၃ ဦးသည္ ကြာရန္တင္းဝင္ျခင္း (သို႔မဟုတ္) ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးခံျခင္းမ်ားမျပဳလုပ္ခဲ့ဘဲထိုင္းႏိုင္ငံသို႔ မည္သို႔မည္ပံု ျပန္ဝင္ႏိုင္ခဲ့သည္ကိုစိုးရိမ္မႈမ်ားရွိေနၾကသည္။

ဖူးခက္ကၽြန္း၏ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး ပီခ်က္ကႏိုဝင္ဘာလ ၃၀ ရက္တြင္ ဖူးခက္ ျပည္နယ္ခန္းမတြင္ က်င္းပခဲ့ေသာဖူးခက္ ျပည္နယ္ ကူးစက္ေရာဂါေကာ္မတီ၏ အစည္းအေဝး၌ ေျပာၾကားသည္မွာနယ္စပ္ရွိ ျပည္နယ္အားလံုးတြင္ ျပည္ပမွ ေရာက္ရွိလာသူမ်ားကိုစစ္ေဆးမည့္ အဖြဲ႔မ်ားဖြဲ႔စည္းရန္ ဗဟိုအစိုးရကအမိန္႔ထုတ္လိုက္ေၾကာင္းေျပာၾကားခဲ့သည္။ “ဖူးခက္မွာေရႊ႕ေျပာင္းလုပ္သား ၅၉၀၀၀ ေလာက္ရွိျပီးအဓိကက ျမန္မာႏိုင္ငံသားေတြ ျဖစ္ပါတယ္။ ျပည္နယ္အတြင္းမွာရွိတဲ့ ေရႊ႕ေျပာင္းလုပ္သားအားလံုးရဲ႕ ၈၀ ရာခိုင္ႏႈန္းက ျမန္မာႏိုင္ငံသားေတြ ျဖစ္ပါတယ္”

“ဒါေၾကာင့္ ျမန္မာအလုပ္သမားအားလံုးဟာဖူးခက္ကိုမလာေရာက္မီနယ္စပ္စစ္ေဆးေရးဂိတ္မွာေရာဂါစစ္ေဆးမႈ ခံယူျပီးကြာရန္တင္းဝင္ၾကရမွာ ျဖစ္ပါတယ္။ ေဒသတြင္းအာဏာပိုင္ေတြအေနနဲ႔ ဖူးခက္မွာရွိတဲ့ ျမန္မာအလုပ္သမားေတြကိုအထူးၾကပ္မတ္ေစာင့္ၾကည့္ျပီးတရားမဝင္ အလုပ္သမားရွာေဖြတာေတြ လုပ္ေစလိုပါတယ္”ဟုပီခ်က္ကေျပာသည္။

“ဖူးခက္ကသာခ်က္ခ်ဳိင္မွာရွိတဲ့ စစ္ေဆးေရးဂိတ္ကအရာရွိေတြအေနနဲ႔ သူတို႔ရဲ႕ စစ္ေဆးမႈေတြကို ျပင္းျပင္းထန္ထန္ တိုးျမွင့္ ျပဳလုပ္ၾကရမွာ ျဖစ္ပါတယ္။ ဒီစစ္ေရးေရးဂိတ္ဟာ ျပည္နယ္ထဲကိုဝင္တဲ့ လမ္းေတြအားလံုးဝင္ေရာက္လာတဲ့ေနရာျဖစ္ပါတယ္။ ဒီကၽြန္းကိုကြာရန္တင္းမဝင္ၾကတဲ့ တရားမဝင္ ေရႊ႕ေျပာင္းအလုပ္သမားေတြ ဝင္ေရာက္မလာဖို႔ ကာကြယ္ၾကရမွာ ျဖစ္ပါတယ္” ဟုပီခ်က္ကေျပာသည္။

“ဖူးခက္ ျပည္သူ႔က်န္းမာေရးဌာနကအရာရွိေတြဟာအျခားသက္ဆိုင္ရာဌာနေတြကအရာရွိေတြနဲ႔ ပူးေပါင္းျပီးအပန္းေျဖေဖ်ာ္ေျဖေရးေနရာေတြနဲ႔ အျခားလုပ္ငန္းေနရာေတြကအလုပ္သမားေတြကိုစစ္ေဆးၾကရမွာ ျဖစ္ပါတယ္” ဟုပီခ်က္က ျဖည့္စြက္ ေျပာၾကားသည္။

“မည္သူမဆိုသံသယရွိတဲ့ အလုပ္သမားေတြကိုေတြ႔ရင္ ေက်းဇူးျပဳျပီးေဒသတြင္းရဲတပ္ဖြဲ႔ကိုအေၾကာင္းၾကားေပးၾကပါ။ ဒါဆိုရင္ သူတို႔အေနနဲ႔ စံုစမ္းစစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္” ဟုပီခ်က္ကေျပာသည္။

သံသယျဖစ္ဖြယ္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားကိုေတြ႔ရွိပါကhotlineဖုန္းနံပါတ္ 1567သို႔ ၂၄ နာရီလံုးဆက္သြယ္သတင္းေပးပို႔ႏိုင္ေၾကာင္းပီခ်က္က ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Arrivals from Myanmar targeted amid COVID-19 fears (thephuketnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service