လူနေထိုင်ခွင့် မရသေးသည့် အဆောက်အအုံတွင် တိုက်ခန်းငှား နေထိုင်ခဲ့လျှင်

လူနေထိုင်ခွင့် မရသေးသည့် အဆောက်အအုံတွင် တိုက်ခန်းငှား နေထိုင်ခဲ့လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
29 Nov 2020 12:57 pm တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“တိုက်ခန်းတစ်ခန်းမှာ ကျွန်တော်ငှားနေတယ် ဆရာ။ အဲဒီတိုက်ခန်းက ဘီစီစီ လူနေခွင့်မကျသေး ဘူးလို့ သိရတယ်။ အဲဒါဘယ်လိုဖြစ်နိုင်ပါသလဲ။ ကျွန်တော်တို့ အိမ်ခန်းက ပြန်ဆင်းပေးရမှာလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။

“လူနေခွင့်မကျသေးတဲ့ အ ဆောက်အအုံဆိုတာ တိုက်ခန်းကိုငှားနေပြီးမှ သိတာပေါ့”

“ဟုတ်ပါတယ် ဆရာ။ ငွေပြန် အမ်းယူပြီး ဆင်းပေါ့လို့ ပြောကြတယ်။ အဲဒီလို လုပ်ပိုင်ခွင့်ရှိပါသလား”

“ဘယ်နှလစာငှားထားလို့လဲ””

“တစ်နှစ်စာချုပ် ဆရာ”

“အခုဘယ်နှလခန့်ရှိပြီလဲ”

“နှစ်လပြည့်ပြီဆိုပါတော့”

“ဥပဒေအရဆိုရင်တော့ လူနေထိုင်ခွင့်ရမှ အဆောက်အအုံထဲမှာ ဝင်ရောက်နေထိုင်ခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်မရသေးဘဲ အဆောက်အအုံထဲဝင်နေကြတာလည်း ရှိနေကြတယ်”

“ကန်ထရိုက်က ဆက်မဆောက် နိုင်တော့ဘဲ ထားခဲ့တာလို့ သိရတယ်”

“ငှားနေတဲ့ အခန်းအခြေအနေက ဘယ်လိုရှိသလဲ”

“ရေမီးအစုံပြည့်စုံပါတယ် ဆရာ။ဆေးတော့အတွင်းပိုင်း ပြန်သုတ်ထားတာတော့ရှိတယ်”

“ဘေးတံခါးတွေ ပြည့်စုံရဲ့လား”

“ဘေးပြတင်းပေါက်တွေကတော့ ဆလိုက်ဒိုးအလူမီနီယံ တံခါးတွေပါ ဆရာ”

“အင်း ... ဒါဆိုရင် အဆင် ပြေသေးတယ်ဆိုရမယ်။ အချို့အိမ်တွေဆိုရင် ဘေးပြတင်းပေါက်တွေမှာ တံခါးတပ်မထားကြဘူး။ လုပ်လက်စ ပုံစံအတိုင်းထားပြီး အငှားချထားသူတွေလည်း ရှိတယ်”

“အငှားနေသူက ပြင်ဆင်ပြီး နေရတဲ့ သဘောလား ဆရာ”

“အချို့အိမ်ရှင်တွေက စပေါ်ငွေယူပြီး နည်းနည်းပါးပါးပြင်ဆင်ပေး တာမျိုးတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် အပျောက်စနစ်နဲ့ တိုက်ခန်းဝယ်တာ မဟုတ်တဲ့အတွက် မိမိအပေါ် တိုက်ရိုက်တာဝန်ရှိတယ်လို့တော့ သတ် မှတ်လို့ မရဘူး”

“ဟုတ်ကဲ့ ဆရာ။ အစကတော့ တိုက်ခန်းကို ဝယ်ဖို့ပဲ ဆရာ။ ဇနီးဖြစ် သူမှာက ကိုယ်ဝန်ရှိတော့ ကျွန်တော် သင်္ဘောတက်သွားရင် သူ့မိဘဆီပြန် နေရမှာဆိုတာနဲ့ မဝယ်ဖြစ်တာ ဆရာ”

“ဒါလည်း ကံကောင်းခြင်းတစ် ရပ်လို့ ပြောရမှာ”

“ဟုတ်ကဲ့ပါ ဆရာ။ တကယ်လို့ စည်ပင်သာယာက လာစစ်ပြီး လူနေ ထိုင်ခွင့်မရသေးဘဲ ဝင်နေတာကို သိ ရင် အရေးယူနိုင်သလား ဆရာ”

“တိုင်တန်းသူရှိလာရင်တော့ ဖြစ်နိုင်ပါတယ်”

“ဘာမှတော့ ပြဿနာရှိပုံမရဘူး ဆရာ။ ကျွန်တော်တို့လိုပဲ အိမ်ငှားနေထိုင်တဲ့သူတွေ အဲဒီတိုက်မှာ သုံးခန်းလား လေးခန်းလား ရှိတယ်”

“ရပ်ကွက်နဲ့ ပတ်ဝန်းကျင် ကောင်းတော့ အဆင်ပြေနေတာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူနေခွင့် လက်မှတ်ရအောင်တော့ မြေရှင်အ နေနဲ့ လုပ်ထားသင့်တယ်။ ဒါမှ ရေရှည် ကောင်းမှာကိုး”

“ဟုတ်ကဲ့ မြေရှင်ကို မေးကြည့်တော့ အခွန်အခတွေက အများကြီးဆောင်ရမှာဖြစ်လို့ ဒီအတိုင်းပဲထား လိုက်တယ် ပြောတယ်”

“တိုက်ခန်းဝယ်ထားသူတွေနဲ့ ညှိနှိုင်းပြီး အခွန်ပေးဆောင်ကြရမှာ ဖြစ်တယ်။ အချို့တိုက်ခန်းပိုင်ရှင် တွေကလည်း လူနေထိုင်ခွင့်ကိစ္စ်ကို မြေရှင်က တာဝန်ယူလုပ်ဆောင်ပေးရမှာဆိုပြီး မသိသလိုနေကြတာ လည်း ရှိတယ်”

“ဆရာပြောသလို ကျွန်တော်က အိမ်ငှားဆိုတော့ တိုက်ရိုက်သက်ဆိုင် မှုမရှိဘူးဆိုပေမယ့် ဥပဒေအရ ဘယ် လိုရှိနိုင်သလဲဆိုတာ ဗဟုသုတအဖြစ် သိထားချင်လို့ပါ ဆရာ”

“အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ - ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ် ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆို အခုကိစ္စက အဆောက်အအုံ ဆောက်လုပ်ပြီးပေမယ့် လူနေထိုင်ခွင့်မလျှောက်ဘဲထားတာမျိုး ဖြစ်နေတာပေါ့”

“မှန်ပါတယ်။ စတင်ဆောက် လုပ်ခွင့်ပါမစ်ရစဉ်က ဘယ်ကာလ အတွင်း ဥပမာ - ၈ လအတွင်း၊ ၁၂ လအတွင်း စသည်ဖြင့်ပြီးစီးအောင် ဆောက်လုပ်ပါမယ်လို့ မြို့တော်စည် ပင်သာယာရေး ကော်မတီအဆောက် အအုံ ဌာနမှာ ဝန်ခံလက်မှတ်ထိုးကြ ရပါတယ်”

“ဒါပေမယ့် သတ်မှတ်ရက်မှာ မပြီးတာတွေရှိတယ် မဟုတ်လား ဆရာ”

“မှန်ပါတယ်။ သက်ဆိုင်ရာက စိစစ်ပြီး ဒဏ်ငွေရိုက်ရင်တော့ နိုင်ငံတော် ဘဏ္ဍာအများအပြားရမှာဖြစ် တယ်။ အခုလို လူနေခွင့်မလျှောက် ဘဲ နေထိုင်ကြတဲ့ တိုက်ခန်းတွေက မနည်းဘူး”

“အခွန်အခက ဘယ်လိုဆောင်ရသလဲ ဆရာ”

အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး သတ်မှတ်ချက်ကို ပြောရရင် -

ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။

ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။ အခု တိုက်ခန်းအဆောက် အအုံက ဘယ်နှထပ်လဲ”

“ရှစ်ထပ်တိုက် ဆရာ”

“ဒါဆိုရင် တစ်စတုရန်းပေမှာ ငွေကျပ် အနည်းဆုံးသုံးသောင်းကျပ်ထဲမှာ ပါနိုင်တာပေါ့”

“ဟုတ်ကဲ့ ဆရာ၊ အဆောက်အအုံရဲ့ ဧရိယာစတုရန်းပေါ်မှာ နှုန်းထားအတိုင်း အခွန်ဆောင်ရမှာဆို တော့လည်း အခွန်ရှောင်တာဖြစ်မယ်။ အစောကပြောသလို သက်ဆိုင်ရာက လာစစ်တဲ့အခါ လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေတာတွေ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ - ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည် လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဝင်ရောက်နေထိုင်တဲ့ကာလအပေါ် ဒဏ်ငွေ တပ်ရိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် အစောကပြောခဲ့တဲ့ အဆောက်အအုံတွက် ပေးဆောင်ရမယ့် အခွန်အခ၊ ခွင့်ပြုချက်မရဘဲ ဝင်ရောက်နေထိုင် တဲ့ ကာလအပေါ် ဒဏ်ငွေတို့ကို တွက်ချက်ပြီး မြေရှင်က နေထိုင်ခွင့် မလျှောက်ဘဲ အငှားချကာ ဝင်ငွေရ ယူနေကြတာဖြစ်တယ်”ဟု ရှင်းပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

လူေနထိုင္ခြင့္ မရေသးသည့္ အေဆာက္အအုံတြင္ တိုက္ခန္းငွား ေနထိုင္ခဲ့လွ်င္

“တိုက္ခန္းတစ္ခန္းမွာ ကြၽန္ေတာ္ငွားေနတယ္ ဆရာ။ အဲဒီတိုက္ခန္းက ဘီစီစီ လူေနခြင့္မက်ေသး ဘူးလို႔ သိရတယ္။ အဲဒါဘယ္လိုျဖစ္ႏိုင္ပါသလဲ။ ကြၽန္ေတာ္တို႔ အိမ္ခန္းက ျပန္ဆင္းေပးရမွာလား ဆရာ”ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါသည္။

“လူေနခြင့္မက်ေသးတဲ့ အ ေဆာက္အအုံဆိုတာ တိုက္ခန္းကိုငွားေနၿပီးမွ သိတာေပါ့”

“ဟုတ္ပါတယ္ ဆရာ။ ေငြျပန္ အမ္းယူၿပီး ဆင္းေပါ့လို႔ ေျပာၾကတယ္။ အဲဒီလို လုပ္ပိုင္ခြင့္ရွိပါသလား”

“ဘယ္ႏွလစာငွားထားလို႔လဲ””

“တစ္ႏွစ္စာခ်ဳပ္ ဆရာ”

“အခုဘယ္ႏွလခန႔္ရွိၿပီလဲ”

“ႏွစ္လျပည့္ၿပီဆိုပါေတာ့”

“ဥပေဒအရဆိုရင္ေတာ့ လူေနထိုင္ခြင့္ရမွ အေဆာက္အအုံထဲမွာ ဝင္ေရာက္ေနထိုင္ခြင့္ရွိမွာျဖစ္တယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနထိုင္ခြင့္မရေသးဘဲ အေဆာက္အအုံထဲဝင္ေနၾကတာလည္း ရွိေနၾကတယ္”

“ကန္ထ႐ိုက္က ဆက္မေဆာက္ ႏိုင္ေတာ့ဘဲ ထားခဲ့တာလို႔ သိရတယ္”

“ငွားေနတဲ့ အခန္းအေျခအေနက ဘယ္လိုရွိသလဲ”

“ေရမီးအစုံျပည့္စုံပါတယ္ ဆရာ။ေဆးေတာ့အတြင္းပိုင္း ျပန္သုတ္ထားတာေတာ့ရွိတယ္”

“ေဘးတံခါးေတြ ျပည့္စုံရဲ႕လား”

“ေဘးျပတင္းေပါက္ေတြကေတာ့ ဆလိုက္ဒိုးအလူမီနီယံ တံခါးေတြပါ ဆရာ”

“အင္း ... ဒါဆိုရင္ အဆင္ ေျပေသးတယ္ဆိုရမယ္။ အခ်ိဳ႕အိမ္ေတြဆိုရင္ ေဘးျပတင္းေပါက္ေတြမွာ တံခါးတပ္မထားၾကဘူး။ လုပ္လက္စ ပုံစံအတိုင္းထားၿပီး အငွားခ်ထားသူေတြလည္း ရွိတယ္”

“အငွားေနသူက ျပင္ဆင္ၿပီး ေနရတဲ့ သေဘာလား ဆရာ”

“အခ်ိဳ႕အိမ္ရွင္ေတြက စေပၚေငြယူၿပီး နည္းနည္းပါးပါးျပင္ဆင္ေပး တာမ်ိဳးေတာ့ရွိတယ္။ ဘာပဲျဖစ္ျဖစ္ အေပ်ာက္စနစ္နဲ႔ တိုက္ခန္းဝယ္တာ မဟုတ္တဲ့အတြက္ မိမိအေပၚ တိုက္႐ိုက္တာဝန္ရွိတယ္လို႔ေတာ့ သတ္ မွတ္လို႔ မရဘူး”

“ဟုတ္ကဲ့ ဆရာ။ အစကေတာ့ တိုက္ခန္းကို ဝယ္ဖို႔ပဲ ဆရာ။ ဇနီးျဖစ္ သူမွာက ကိုယ္ဝန္ရွိေတာ့ ကြၽန္ေတာ္ သေဘၤာတက္သြားရင္ သူ႔မိဘဆီျပန္ ေနရမွာဆိုတာနဲ႔ မဝယ္ျဖစ္တာ ဆရာ”

“ဒါလည္း ကံေကာင္းျခင္းတစ္ ရပ္လို႔ ေျပာရမွာ”

“ဟုတ္ကဲ့ပါ ဆရာ။ တကယ္လို႔ စည္ပင္သာယာက လာစစ္ၿပီး လူေန ထိုင္ခြင့္မရေသးဘဲ ဝင္ေနတာကို သိ ရင္ အေရးယူႏိုင္သလား ဆရာ”

“တိုင္တန္းသူရွိလာရင္ေတာ့ ျဖစ္ႏိုင္ပါတယ္”

“ဘာမွေတာ့ ျပႆနာရွိပုံမရဘူး ဆရာ။ ကြၽန္ေတာ္တို႔လိုပဲ အိမ္ငွားေနထိုင္တဲ့သူေတြ အဲဒီတိုက္မွာ သုံးခန္းလား ေလးခန္းလား ရွိတယ္”

“ရပ္ကြက္နဲ႔ ပတ္ဝန္းက်င္ ေကာင္းေတာ့ အဆင္ေျပေနတာေပါ့။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ လူေနခြင့္ လက္မွတ္ရေအာင္ေတာ့ ေျမရွင္အ ေနနဲ႔ လုပ္ထားသင့္တယ္။ ဒါမွ ေရရွည္ ေကာင္းမွာကိုး”

“ဟုတ္ကဲ့ ေျမရွင္ကို ေမးၾကည့္ေတာ့ အခြန္အခေတြက အမ်ားႀကီးေဆာင္ရမွာျဖစ္လို႔ ဒီအတိုင္းပဲထား လိုက္တယ္ ေျပာတယ္”

“တိုက္ခန္းဝယ္ထားသူေတြနဲ႔ ညႇိႏႈိင္းၿပီး အခြန္ေပးေဆာင္ၾကရမွာ ျဖစ္တယ္။ အခ်ိဳ႕တိုက္ခန္းပိုင္ရွင္ ေတြကလည္း လူေနထိုင္ခြင့္ကိစ္ၥကို ေျမရွင္က တာဝန္ယူလုပ္ေဆာင္ေပးရမွာဆိုၿပီး မသိသလိုေနၾကတာ လည္း ရွိတယ္”

“ဆရာေျပာသလို ကြၽန္ေတာ္က အိမ္ငွားဆိုေတာ့ တိုက္႐ိုက္သက္ဆိုင္ မႈမရွိဘူးဆိုေပမယ့္ ဥပေဒအရ ဘယ္ လိုရွိႏိုင္သလဲဆိုတာ ဗဟုသုတအျဖစ္ သိထားခ်င္လို႔ပါ ဆရာ”

“အသစ္ျပ႒ာန္းတဲ့ ၂၀၁၈ ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒ - ပုဒ္မ (၇၇) မွာ ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္း အေဆာက္အအုံတစ္ခုကို ေဆာက္လုပ္သူ သို႔မဟုတ္ ထပ္မံေဆာက္လုပ္သူ မည္သူမဆို ယင္းအေဆာက္အအုံကို ေဆာက္လုပ္ၿပီးစီးၿပီး ေနာက္ရက္ေပါင္း ၃၀ အတြင္း အေဆာက္အအုံၿပီးစီး ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီသို႔ တင္ျပရမည္။ ေကာ္မတီက သက္ဆိုင္ရာ အေဆာက္အအုံကို သြားေရာက္စစ္ ေဆးၿပီး မူလခြင့္ျပဳခ်က္ႏွင့္တကြ သက္ဆိုင္ရာ စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီလွ်င္ လူေနထိုင္ခြင့္ျပဳျခင္းကို ပုဒ္မ ၇၈ အရ ခြင့္ျပဳႏိုင္သည္လို႔ ျပ႒ာန္းထားပါတယ္”

“ဒါဆို အခုကိစၥက အေဆာက္အအုံ ေဆာက္လုပ္ၿပီးေပမယ့္ လူေနထိုင္ခြင့္မေလွ်ာက္ဘဲထားတာမ်ိဳး ျဖစ္ေနတာေပါ့”

“မွန္ပါတယ္။ စတင္ေဆာက္ လုပ္ခြင့္ပါမစ္ရစဥ္က ဘယ္ကာလ အတြင္း ဥပမာ - ၈ လအတြင္း၊ ၁၂ လအတြင္း စသည္ျဖင့္ၿပီးစီးေအာင္ ေဆာက္လုပ္ပါမယ္လို႔ ၿမိဳ႕ေတာ္စည္ ပင္သာယာေရး ေကာ္မတီအေဆာက္ အအုံ ဌာနမွာ ဝန္ခံလက္မွတ္ထိုးၾက ရပါတယ္”

“ဒါေပမယ့္ သတ္မွတ္ရက္မွာ မၿပီးတာေတြရွိတယ္ မဟုတ္လား ဆရာ”

“မွန္ပါတယ္။ သက္ဆိုင္ရာက စိစစ္ၿပီး ဒဏ္ေငြ႐ိုက္ရင္ေတာ့ ႏိုင္ငံေတာ္ ဘ႑ာအမ်ားအျပားရမွာျဖစ္ တယ္။ အခုလို လူေနခြင့္မေလွ်ာက္ ဘဲ ေနထိုင္ၾကတဲ့ တိုက္ခန္းေတြက မနည္းဘူး”

“အခြန္အခက ဘယ္လိုေဆာင္ရသလဲ ဆရာ”

အိမ္ေဆာက္လုပ္ျခင္းနဲ႔ ပတ္သက္လို႔ အခြန္စည္းၾကပ္ႏႈန္းကေတာ့ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ကစၿပီး သတ္မွတ္ခ်က္ကို ေျပာရရင္ -

ပထမတန္းစား အာစီ ၈ ထပ္ႏွင့္ ၁၅ ထပ္ထိမွာ တစ္စတုရန္းေပတြင္ ေငြက်ပ္သုံးေသာင္းမွ ငါးေသာင္း အထိ။

ပထမတန္းစား အာစီ ၈ ထပ္ ေအာက္မွာတစ္စတုရန္းေပတြင္ ႏွစ္ေသာင္းခြဲက်ပ္ ဒုတိယတန္းစား အာစီ ၈ ထပ္ ေအာက္မွာ တစ္စတုရန္းေပတြင္ ႏွစ္ေသာင္းက်ပ္ သတ္မွတ္ထားပါတယ္။ အခု တိုက္ခန္းအေဆာက္ အအုံက ဘယ္ႏွထပ္လဲ”

“ရွစ္ထပ္တိုက္ ဆရာ”

“ဒါဆိုရင္ တစ္စတုရန္းေပမွာ ေငြက်ပ္ အနည္းဆုံးသုံးေသာင္းက်ပ္ထဲမွာ ပါႏိုင္တာေပါ့”

“ဟုတ္ကဲ့ ဆရာ၊ အေဆာက္အအုံရဲ႕ ဧရိယာစတုရန္းေပၚမွာ ႏႈန္းထားအတိုင္း အခြန္ေဆာင္ရမွာဆို ေတာ့လည္း အခြန္ေရွာင္တာျဖစ္မယ္။ အေစာကေျပာသလို သက္ဆိုင္ရာက လာစစ္တဲ့အခါ လူေနထိုင္ခြင့္ မရေသးဘဲ ဝင္ေနတာေတြ႕ရင္ ဘယ္လိုျဖစ္ႏိုင္သလဲ ဆရာ”

“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ - ၃၁၂ ပုဒ္မခြဲ (င) မွာ ေကာ္မတီ၏ ခြင့္ျပဳခ်က္ မရဘဲ ဝင္ေရာက္ေနထိုင္အသုံးျပဳလွ်င္ ေန႔စဥ္ေငြဒဏ္က်ပ္ (၁)ေသာင္း မွ (၅) ေသာင္းအထိ ခ်မွတ္ရမည္ လို႔ ျပ႒ာန္းထားတဲ့အတြက္ ဝင္ေရာက္ေနထိုင္တဲ့ကာလအေပၚ ဒဏ္ေငြ တပ္႐ိုက္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အေစာကေျပာခဲ့တဲ့ အေဆာက္အအုံတြက္ ေပးေဆာင္ရမယ့္ အခြန္အခ၊ ခြင့္ျပဳခ်က္မရဘဲ ဝင္ေရာက္ေနထိုင္ တဲ့ ကာလအေပၚ ဒဏ္ေငြတို႔ကို တြက္ခ်က္ၿပီး ေျမရွင္က ေနထိုင္ခြင့္ မေလွ်ာက္ဘဲ အငွားခ်ကာ ဝင္ေငြရ ယူေနၾကတာျဖစ္တယ္”ဟု ရွင္းျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service