" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက် - Property Knowledge in Myanmar from iMyanmarHouse.com
6 May 2024 3:39 pm တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အမေရိကန်တွင် မကြာသေးမီက Powerball ထီ Jackpot ဆုကြီး ကံထူးခဲ့သူက ထုတ်ဖော်ပြောကြားလာ သည်မှာ ၎င်းသည် လာအိုမှ ရွှေ့ပြောင်းအခြေချနေထိုင်သူဖြစ်ကြောင်း၊ ကင်ဆာရောဂါဖြစ်ပွားနေပြီး ပြီးခဲ့သော ရက်သတ္တပတ်ကမှ ခီမိုကုထုံးဖြင့် ကုသမှုခံယူထားကြောင်း ပြောသည်။
ချိန် ချာလီ ဆဲဖန် အမည်ရှိ လာအိုဇာတိအမျိုးသားသည် အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမေရိကန်တွင် အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်းမြို့၌ နေထိုင်သူ ဖြစ်သည်။
ချိန် ချာလီ ဆဲဖန်သည် ကင်ဆာရောဂါခံစားနေရသည်မှာ ၈ နှစ်ရှိပြီဖြစ်ပြီး ဒူအန်ပန် ဆဲဖန်အမည်ရှိ အသက် ၃၇ နှစ်အရွယ် ဇနီးရှိသည်။
ချိန်က ပြောသည်မှာ ထီလက်မှတ်များဝယ်ရန် ဒေါ်လာ ၁၀၀ ပေးထားသော သူငယ်ချင်းတစ်ဦးနှင့် ဆုငွေ ခွဲဝေရယူ ရမည်ဖြစ်ကြောင်း ပြောသည်။
ချိန်တို့က ဆုငွေကို တလုံးတခဲတည်း ထုတ်ယူရန် ရွေးချယ်ခဲ့ရာ အခွန်ဆောင်အပြီး ဒေါ်လာ ၄၂၂ သန်း ရမည် ဖြစ်သည်။
“Powerball ထီကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘဝ ပြောင်းလဲသွားခဲ့ပြီ။ မိသားစုနဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်ကျန်းမာရေးအတွက် ဆရာဝန်ကောင်း တစ်ယောက်ရှာပါမယ်” ဟု အော်ရီဂွန်ပြည်နယ်၊ Powerball ထီဌာနမှ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ချိန်က ပြောသည်။
(Powerball Jackpot ဆုကြီး ဒေါ်လာ သန်း ၁၃၀၀ ကံထူးခဲ့သူ ချိန် ချာလီ ဆဲဖန်။ ဓာတ်ပုံ-AP Photo/ Jenny Kane)
ကင်ဆာရောဂါသည်ဖြစ်သော မိမိအနေဖြင့် ကံထူးလာသော ဆုငွေများကို သုံးစွဲရန် အချိန်မည်မျှရှိမည်၊ မည်မျှအသက်ရှင်ဦးမည်ကို သိလိုကြောင်းလည်း ချိန်က ပြောသည်။
ချိန်သည် မယ်လ်ဝါးကီပြည်နယ်နေ အသက် ၅၅ နှစ်အရွယ်ရှိ လိုင်ဇာချောင်အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် ထီလက်မှတ်များ စပ်တူ ဝယ်ယူခဲ့သည်။ လိုင်ဇာချောင်က ချိန်အား “ငါတို့ ဘီလျံနာဖြစ်ပြီပေါ့” ဟု ထိုစဉ်က နောက်ပြောင်ပြောကြားခဲ့သည်။
သို့သော် နောက်ပြောင်ပြောခဲ့သောစကားမှာ နောက်နေ့တွင် အမှန်တကယ်ဖြစ်လာခဲ့သည်။
ချိန်က ပြောသည်မှာ ဘဝကို ပြောင်းလဲသွားစေသည့် သတင်း လိုင်ဇာချောင်ထံ ဖုန်းခေါ်ကာ ပြောပြခဲ့ကြောင်း ပြောသည်။
“ကျွန်တော်က ပြောခဲ့တယ်…လိုင်ဇာ..နင်ဘယ်မှာလဲ။ အဲဒီမှာသူက…ငါ..အလုပ်သွားနေတာ။ ကျွန်တော်က သူ့ကို ပြောလိုက်တယ်…နင်..အလုပ်သွားစရာ မလိုတော့ဘူး”
ချိန်က သတင်းထောက်များကို ပြောသည်မှာ အော်ရီဂွန်ပြည်နယ်တွင် မိသားစုအတွက် အိမ်တစ်လုံးဝယ်ရန် စီစဉ်ထားကြောင်း၊ Powerball ထီကို ဆက်လက်ကံစမ်းသွားမည် ဖြစ်ကြောင်း ပြောသည်။
“ကျွန်တော် ထပ်ပြီး ကံကောင်းနိုင်ပါသေးတယ်။ နောက်ထပ်လည်း ကံစမ်းသွားဦးမှာပါ”
ချိန်သည် ကံထူးမည့် ထီလက်မှတ်ကို Portland မြို့ရှိ Plaid Pantry ကုန်စုံဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Jackpot ဆုနှင့် ဂဏန်းတွဲ ၆ ခုလုံး တူညီခဲ့သည်။
(ချိန်သည် ကင်ဆာရောဂါဖြစ်ပွားနေသည်မှာ ၈ နှစ်ရှိပြီ ဖြစ်သည်။ ဓာတ်ပုံ-Abigail Dollins/ Statesman Journal/ USA TODAY NETWORK)
(ပြီးခဲ့သော ရက်သတ္တပတ်က ချိန် ချာလီ ဆဲဖန် ခီမိုကုထုံး ခံယူခဲ့ပုံ။ ဓာတ်ပုံ- Abigail Dollins/ Statesman Journal/ USA TODAY NETWORK)
ချိန်၏ ကံထူးသော ထီဂဏန်းမှာ 22, 27, 44, 52, 69 နှင့် အနီရောင် Powerball 9 တို့ ဖြစ်သည်။
အော်ရီဂွန်ပြည်နယ် ဥပဒေအရ ချွင်းချက်အချို့မှလွဲပြီး ကံထူးသူတို့သည် အမည်မဖော်ဘဲ နေခွင့်မရှိချေ။
အမြင့်ဆုံး ထီဆုကို တစ်နှစ်အတွင်း ထုတ်ယူနိုင်ကြောင်း သတ်မှတ်ထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Winner of $1.3B Powerball jackpot is cancer patient from Laos, will split winnings with friend: ‘How long will I live?’ (nypost)
Photo Credit: AP Photo/ Jenny Kane, Abigail Dollins/ Statesman Journal/ USA TODAY NETWORK
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပ
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လ
“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လ
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service