မလေးရှားရှိဟိုတယ်တစ်ခုတွင် မြန်မာမိန်းကလေးတစ်ဦးအပါအဝင် ပြည့်တန်ဆာများနှင့် လောင်းကစားဝိုင်းများဖမ်းဆီးခံရ

မလေးရှားရှိဟိုတယ်တစ်ခုတွင် မြန်မာမိန်းကလေးတစ်ဦးအပါအဝင် ပြည့်တန်ဆာများနှင့် လောင်းကစားဝိုင်းများဖမ်းဆီးခံရ - Property News in Myanmar from iMyanmarHouse.com
24 Nov 2020 12:32 pm တွင် တင်ခဲ့သည်
52126 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မလေးရှားနိုင်ငံ၊ ဆလင်ဂေါပြည်နယ်၊ ဆီရီကမ်ဘန်ဂန်မြို့ကလေးရှိတည်းခိုခသက်သာသောဟိုတယ်တစ်ခုတွင် လိင်ဖျော်ဖြေရေးဝန်ဆောင်မှုအပြင် ကွန်ပြူတာများပေးထားကာအွန်လိုင်းလောင်းကစားပွဲများလည်း ပြုလုပ်နေသည့် အဖွဲ့တစ်ဖွဲ့ရှိပြီးအဆိုပါဟိုတယ်ကို ၎င်းတို့၏ ဌာနချုပ်နေရာအဖြစ် လွန်ခဲ့သော ၂ လခန့်ကတည်းကအခြေစိုက်အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။

ပြည်သူများ၏ သတင်းပေးချက်ကြောင့် ရဲတပ်ဖွဲ့ကအဆိုပါနေရာကို နိုဝင်ဘာလ ၁၆ ရက်၊ ည ၇ နာရီ ၃၀ အချိန်တွင် ဝင်ရောက် စီးနင်းရှာဖွေခဲ့ရာမှ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Harian Metro သတင်းဌာန၏ ဖော်ပြချက်အရမူးယစ်ဆေး၊ လောင်းကစား၊ ပြည့်တန်ဆာနှင့် ခြိမ်းခြောက်ငွေညှစ်မှုဆိုင်ရာရာဇဝတ်မှုစုံစမ်းရေးဌာနလက်ထောက်ညွှန်ကြားရေးမှူးချုပ် အစ်ဇ်မီအဒမ်ကပြောကြားရာတွင် ၎င်းတို့၏အဖွဲ့သည် မြန်မာမိန်းကလေး ၁ ဦး၊ ထိုင်းမိန်းကလေး ၆ ဦး၊ဗီယက်နမ်မိန်းကလေး ၁ ဦးတို့ကိုဖမ်းဆီးခဲ့ပြီးအသက်အရွယ်အားဖြင့် ၂၅ နှစ်မှ ၃၀ ကြားရှိကြောင်းပြောကြားသည်။

၎င်းတို့သည် အဆိုပါဟိုတယ်တွင် ပြည့်တန်ဆာများအဖြစ် လုပ်ကိုင်နေကြသည်ဟုယုံကြည်ရကြောင်းအစ်ဇ်မီအဒမ်ကပြောသည်။

“ကျွန်တော်တို့ဟာဖောက်သည် ၁၀ ဦးကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဒေသခံအမျိုးသား ၇ ဦးနဲ့ နိုင်ငံခြားသား ၃ ဦးပါဝင်ပြီးအသက်အရွယ်အားဖြင့် ၂၅ နှစ်ကနေ ၃၅ အရွယ်ကြားရှိကြပါတယ်။ ဒါ့အပြင် လုပ်ငန်းကြီးကြပ်နေတဲ့ အမျိုးသား ၂ ဦးကိုလည်းဖမ်းဆီးခဲ့ပါတယ်”ဟုအစ်ဇ်မီအဒမ်ကပြောသည်။

“ဒီရှာဖွေဖမ်းဆီးမှုအတွင်းမှာကွန်ဒုံးအများအပြား၊ ချောဆီတွေ၊ တစ်သျှူးတွေနဲ့ မျက်နှာသုတ်ပုဝါတွေကိုလည်းသိမ်းဆည်းရရှိပါတယ်။ ဒါတွေဟာဒီဟိုတယ်မှာ ပြည့်တန်ဆာလုပ်ငန်းအတွက် အသုံးပြုတာလို့ ကျွန်တော်တို့ ယူဆပါတယ်။ အွန်လိုင်းလောင်းကစားပွဲတွေအတွက် အသုံးပြုတယ်လို့ သံသယရှိတဲ့ လက်ပ်တော့ကွန်ပြူတာ ၄ လုံးနဲ့ ငွေသားရင်းဂစ်ငွေ ၁၂၆၆ (မြန်မာကျပ်ငွေအားဖြင့် ၄ သိန်းကျော်) ကိုလည်းရှာဖွေသိမ်းဆည်းခဲ့ပါတယ်” ဟုအစ်ဇ်မီက ဖြည့်စွက်ပြောကြားသည်။

ရှာဖွေ ဖမ်းဆီးမှုနေရာသို့ ဆာဒန် ခရိုင်ရဲတပ်ဖွဲ့ လက်ထောက်ရဲမှူး ရာဇာလီအဘူဆမားလည်းလာရောက်ခဲ့သည်။

အစ်ဇ်မီကဆက်လက်ပြောပြရာတွင် ကနဦးစစ်ဆေးဖော်ထုတ်ချက်အရသိရသည်မှာထိုအဖွဲ့သည် ဈေးဝယ်စင်တာ၏ တတိယထပ်တွင် တည်ရှိသောဟိုတယ်၏ အခန်း ၃၇ ခန်းကိုငှားရမ်းထားပြီး ပြည့်တန်ဆာလုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားပွဲများအားနေ့လယ် ၁း၃၀ မှ ည ၁၀ နာရီအထိနေ့စဉ်လုပ်ဆောင်လျက်ရှိသည်ကိုသိရကြောင်းပြောသည်။

အစ်ဇ်မီကပြောပြသည်မှာလိင်ဖျော်ဖြေရေးဝန်ဆောင်မှုအတွက် ဝန်ဆောင်ခရင်းဂစ် ၁၈၀ (မြန်မာကျပ်ငွေ ၅၇၀၀၀) မှ ၂၀၀ (မြန်မာကျပ်ငွေ ၆၃၀၀၀ ) ကြားပေးရကြောင်း၊ မိန်းကလေးများကို ၎င်းတို့၏ အခန်းများတွင် ကြည့်ရှုကာစိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားကြောင်းပြောကြားသည်။

စီးနင်းရှာဖွေစဉ်တွင် တွေ့ရှိခဲ့သည့် လက်ပ်တော့ကွန်ပြူတာ ၄ လုံးတွင် လောင်းကစားဝက်ဘ်ဆိုက်များဖွင့်ထားသည်ကိုတွေ့ရပြီးအခြားကွန်ပြူတာ ၁ လုံးကိုမူဆာဗာအဖြစ် အသုံးပြုထားသည်ကိုတွေ့ရှိခဲ့သည်။

“စီးနင်းရှာဖွေမှုမှာတွေ့ရတာကတော့ ဟိုတယ်ကခန်းမတစ်ခုအလယ်မှာ လျှို့ဝှက်တံခါးတစ်ခုတွေ့ရပြီးအဲဒီမှာဓာတ်လှေကားတစ်ခုရှိနေပါတယ်။ ရှာဖွေဖမ်းဆီးမှုတွေရှိလာရင် ပြည့်တန်ဆာတွေ၊ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေ ထွက်ပြေးနိုင်အောင် စီစဉ်ထားတာဖြစ်တယ်လို့ ယူဆရတယ်”

ဖမ်းဆီးထားသူအားလုံးကိုသွားလာလှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် ချိုးဖောက်မှုအတွက် တစ်ဦးလျှင် ရင်းဂစ် ၁၀၀၀ (မြန်မာကျပ်ငွေ ၃၁၀၀၀၀) ဒဏ်ငွေချမှတ်မည်ဖြစ်ကြောင်းအစ်ဇ်မီကပြောသည်။

“အခုစီးနင်းရှာဖွေမှုကကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစည်းမျဉ်း ၁၁(၁) အရဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို ၁၉၅၃ ခုနှစ် လောင်းကစားအက်ဥပဒေပုဒ်မ ၄ခ (က) ၊ ၁၉၅၉/၆၃ လူဝင်မှုအက်ဥပဒေပုဒ်မ ၃၉ (ခ) နဲ့ ၅၅ (ခ) တို့နဲ့ စစ်ဆေးလျက်ရှိပါတယ်”ဟုအစ်ဇ်မီကပြောသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rented Hotel Rooms At Serdang Turn Out To Be Gambling And Prostitution Hub (worldofbuzz)

[Zawgyi]

မေလးရွားရွိဟိုတယ္တစ္ခုတြင္ ျမန္မာမိန္းကေလးတစ္ဦးအပါအဝင္ ျပည့္တန္ဆာမ်ားႏွင့္ ေလာင္းကစားဝိုင္းမ်ားဖမ္းဆီးခံရ

မေလးရွားႏိုင္ငံ၊ ဆလင္ေဂါျပည္နယ္၊ ဆီရီကမ္ဘန္ဂန္ျမိဳ႕ကေလးရွိတည္းခိုခသက္သာေသာဟိုတယ္တစ္ခုတြင္ လိင္ေဖ်ာ္ေျဖေရးဝန္ေဆာင္မႈအျပင္ ကြန္ျပဴတာမ်ားေပးထားကာအြန္လိုင္းေလာင္းကစားပြဲမ်ားလည္း ျပဳလုပ္ေနသည့္ အဖြဲ႔တစ္ဖြဲ႔ရွိျပီးအဆိုပါဟိုတယ္ကို ၎တို႔၏ ဌာနခ်ဳပ္ေနရာအျဖစ္ လြန္ခဲ့ေသာ ၂ လခန္႔ကတည္းကအေျခစိုက္အသံုးျပဳေနခဲ့ျခင္း ျဖစ္သည္။

ျပည္သူမ်ား၏ သတင္းေပးခ်က္ေၾကာင့္ ရဲတပ္ဖြဲ႔ကအဆိုပါေနရာကို ႏိုဝင္ဘာလ ၁၆ ရက္၊ ည ၇ နာရီ ၃၀ အခ်ိန္တြင္ ဝင္ေရာက္ စီးနင္းရွာေဖြခဲ့ရာမွ ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

Harian Metro သတင္းဌာန၏ ေဖာ္ျပခ်က္အရမူးယစ္ေဆး၊ ေလာင္းကစား၊ ျပည့္တန္ဆာႏွင့္ ျခိမ္းေျခာက္ေငြညွစ္မႈဆိုင္ရာရာဇဝတ္မႈစံုစမ္းေရးဌာနလက္ေထာက္ညႊန္ၾကားေရးမွဴးခ်ဳပ္ အစ္ဇ္မီအဒမ္ကေျပာၾကားရာတြင္ ၎တို႔၏အဖြဲ႔သည္ ျမန္မာမိန္းကေလး ၁ ဦး၊ ထိုင္းမိန္းကေလး ၆ ဦး၊ဗီယက္နမ္မိန္းကေလး ၁ ဦးတို႔ကိုဖမ္းဆီးခဲ့ျပီးအသက္အရြယ္အားျဖင့္ ၂၅ ႏွစ္မွ ၃၀ ၾကားရွိေၾကာင္းေျပာၾကားသည္။

၎တို႔သည္ အဆိုပါဟိုတယ္တြင္ ျပည့္တန္ဆာမ်ားအျဖစ္ လုပ္ကိုင္ေနၾကသည္ဟုယံုၾကည္ရေၾကာင္းအစ္ဇ္မီအဒမ္ကေျပာသည္။

“ကၽြန္ေတာ္တို႔ဟာေဖာက္သည္ ၁၀ ဦးကိုလည္းဖမ္းဆီးထိန္းသိမ္းခဲ့ျပီးေဒသခံအမ်ဳိးသား ၇ ဦးနဲ႔ ႏိုင္ငံျခားသား ၃ ဦးပါဝင္ျပီးအသက္အရြယ္အားျဖင့္ ၂၅ ႏွစ္ကေန ၃၅ အရြယ္ၾကားရွိၾကပါတယ္။ ဒါ့အျပင္ လုပ္ငန္းၾကီးၾကပ္ေနတဲ့ အမ်ိဳးသား ၂ ဦးကိုလည္းဖမ္းဆီးခဲ့ပါတယ္”ဟုအစ္ဇ္မီအဒမ္ကေျပာသည္။

“ဒီရွာေဖြဖမ္းဆီးမႈအတြင္းမွာကြန္ဒုံးအမ်ားအျပား၊ ေခ်ာဆီေတြ၊ တစ္သွ်ဴးေတြနဲ႔ မ်က္ႏွာသုတ္ပုဝါေတြကိုလည္းသိမ္းဆည္းရရွိပါတယ္။ ဒါေတြဟာဒီဟိုတယ္မွာ ျပည့္တန္ဆာလုပ္ငန္းအတြက္ အသံုးျပဳတာလို႔ ကၽြန္ေတာ္တို႔ ယူဆပါတယ္။ အြန္လိုင္းေလာင္းကစားပြဲေတြအတြက္ အသံုးျပဳတယ္လို႔ သံသယရွိတဲ့ လက္ပ္ေတာ့ကြန္ျပဴတာ ၄ လံုးနဲ႔ ေငြသားရင္းဂစ္ေငြ ၁၂၆၆ (ျမန္မာက်ပ္ေငြအားျဖင့္ ၄ သိန္းေက်ာ္) ကိုလည္းရွာေဖြသိမ္းဆည္းခဲ့ပါတယ္” ဟုအစ္ဇ္မီက ျဖည့္စြက္ေျပာၾကားသည္။

ရွာေဖြ ဖမ္းဆီးမႈေနရာသို႔ ဆာဒန္ ခရိုင္ရဲတပ္ဖြဲ႔ လက္ေထာက္ရဲမွဴး ရာဇာလီအဘူဆမားလည္းလာေရာက္ခဲ့သည္။

အစ္ဇ္မီကဆက္လက္ေျပာျပရာတြင္ ကနဦးစစ္ေဆးေဖာ္ထုတ္ခ်က္အရသိရသည္မွာထိုအဖြဲ႔သည္ ေစ်းဝယ္စင္တာ၏ တတိယထပ္တြင္ တည္ရွိေသာဟိုတယ္၏ အခန္း ၃၇ ခန္းကိုငွားရမ္းထားျပီး ျပည့္တန္ဆာလုပ္ငန္းႏွင့္ အြန္လိုင္းေလာင္းကစားပြဲမ်ားအားေန႔လယ္ ၁း၃၀ မွ ည ၁၀ နာရီအထိေန႔စဥ္လုပ္ေဆာင္လ်က္ရွိသည္ကိုသိရေၾကာင္းေျပာသည္။

အစ္ဇ္မီကေျပာျပသည္မွာလိင္ေဖ်ာ္ေျဖေရးဝန္ေဆာင္မႈအတြက္ ဝန္ေဆာင္ခရင္းဂစ္ ၁၈၀ (ျမန္မာက်ပ္ေငြ ၅၇၀၀၀) မွ ၂၀၀ (ျမန္မာက်ပ္ေငြ ၆၃၀၀၀ ) ၾကားေပးရေၾကာင္း၊ မိန္းကေလးမ်ားကို ၎တို႔၏ အခန္းမ်ားတြင္ ၾကည့္ရႈကာစိတ္ၾကိဳက္ေရြးခ်ယ္ခြင့္ ေပးထားေၾကာင္းေျပာၾကားသည္။

စီးနင္းရွာေဖြစဥ္တြင္ ေတြ႔ရွိခဲ့သည့္ လက္ပ္ေတာ့ကြန္ျပဴတာ ၄ လံုးတြင္ ေလာင္းကစားဝက္ဘ္ဆိုက္မ်ားဖြင့္ထားသည္ကိုေတြ႔ရျပီးအျခားကြန္ျပဴတာ ၁ လံုးကိုမူဆာဗာအျဖစ္ အသံုးျပဳထားသည္ကိုေတြ႔ရွိခဲ့သည္။

“စီးနင္းရွာေဖြမႈမွာေတြ႔ရတာကေတာ့ ဟိုတယ္ကခန္းမတစ္ခုအလယ္မွာ လွ်ိဳ႕ဝွက္တံခါးတစ္ခုေတြ႔ရျပီးအဲဒီမွာဓာတ္ေလွကားတစ္ခုရွိေနပါတယ္။ ရွာေဖြဖမ္းဆီးမႈေတြရွိလာရင္ ျပည့္တန္ဆာေတြ၊ ဝန္ထမ္းေတြနဲ႔ ေဖာက္သည္ေတြ ထြက္ေျပးႏိုင္ေအာင္ စီစဥ္ထားတာျဖစ္တယ္လို႔ ယူဆရတယ္”

ဖမ္းဆီးထားသူအားလံုးကိုသြားလာလႈပ္ရွားမႈထိန္းခ်ဳပ္ေရးအမိန္႔ ခ်ဳိးေဖာက္မႈအတြက္ တစ္ဦးလွ်င္ ရင္းဂစ္ ၁၀၀၀ (ျမန္မာက်ပ္ေငြ ၃၁၀၀၀၀) ဒဏ္ေငြခ်မွတ္မည္ျဖစ္ေၾကာင္းအစ္ဇ္မီကေျပာသည္။

“အခုစီးနင္းရွာေဖြမႈကကူးစက္ေရာဂါ ၾကိဳတင္ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစည္းမ်ဥ္း ၁၁(၁) အရေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။ ဒီအမႈကို ၁၉၅၃ ခုႏွစ္ ေလာင္းကစားအက္ဥပေဒပုဒ္မ ၄ခ (က) ၊ ၁၉၅၉/၆၃ လူဝင္မႈအက္ဥပေဒပုဒ္မ ၃၉ (ခ) နဲ႔ ၅၅ (ခ) တို႔နဲ႔ စစ္ေဆးလ်က္ရွိပါတယ္”ဟုအစ္ဇ္မီကေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rented Hotel Rooms At Serdang Turn Out To Be Gambling And Prostitution Hub (worldofbuzz)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service