ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို - Property Knowledge in Myanmar from iMyanmarHouse.com
22 Nov 2020 11:23 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ်ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။

ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ဗီတာမင် C များများစားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဗီတာမင် C များတိုင်းလည်း မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလိုပါ။

ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူး ပြောနေစရာ မလိုဘဲ လူတိုင်း သိထားပြီးဖြစ်မှာပါ။ ဗီတာမင် C က ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေဖို့ နဲ့ သံဓာတ် စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။

ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်သလို သိမ်းဆည်းမထားနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဗီတာမင် C ကို စားသုံးလိုက်ပြီဆိုတာနဲ့ ကိုယ်တွင်း အရည်တွေကနေတဆင့် တစ်ရှူးတွေဆီကို ပေးပို့ပါတယ်။ ပိုလျှံနေတာတွေကိုတော့ ဆီးကနေတဆင့် စွန့်ထုတ်ပါတယ်။

ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ် ဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C ပမာဏ ၆၅ မီလီဂရမ် ကနေ ၉၀ မီလီဂရမ်ဆိုရင် လုံလောက်ပါတယ်။ အမြင့်ဆုံးအနေနဲ့ တစ်နေ့ကို ၂၀၀၀ မီလီဂရမ်အထိပဲ စားသုံးသင့်ပါတယ်။ ဗီတာမင် C ကို လိုတာထက် ပိုမို စားသုံးတဲ့အခါ

ဝမ်းပျက်ဝမ်းလျှောတာ

မအီမသာဖြစ်တာ

အော့အန်တာ

ရင်ပူတာ

ဗိုက်အောင့်တာ

ခေါင်းကိုက်တာ

အိပ်မပျော်တာ

ကျောက်ကပ်မှာ ကျောက်တည်တာ

အစာခြေစနစ် ပြဿနာ

သံဓာတ်လွန်ကဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။ သံဓာတ် လွန်ကဲတဲ့အခါ အသည်း၊ နှလုံး၊ ပန်ကရိယ၊ သိုင်းရွိုက်၊ ဗဟိုအာရုံကြောစနစ်တွေ ထိခိုက်စေနိုင်ပါတယ်။

ပုံမှန်ကတော့ နေ့စဉ် စားသုံးနေတဲ့ အသီးအရွက်တွေနဲ့ စားစရာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် C ပမာဏက တစ်နေ့တာ လိုအပ်ချက်ကို အကာင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ဖြစ်နိုင်ရင် ဗီတာမင် C ကို အစားအစာတွေကနေပဲ ရယူပြီး မလိုအပ်ဘဲ ဖြည့်စွက်အားဆေးတွေ သောက်သုံးတာမျိုး မလုပ်ဖို့ ပြောပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ကိုယ္ခံအား ေကာင္းခ်င္ေဇာနဲ႔ ဗီတာမင္ C အမ်ားႀကီး မစားေစလို

အခုလို ေၾကာက္စရာေရာဂါဆိုး Covid-19 ျဖစ္ပြားေနခ်ိန္မွာ ကာကြယ္ေဆးကလည္း မထြက္ေသး၊ ကုသႏိုင္မယ့္ နည္းလမ္းက ကိုယ္ခံအားေကာင္းေအာင္ လုပ္ဖို႔ပဲ ႐ွိတယ္ဆိုၿပီး ကိုယ္ခံအားေကာင္းေအာင္ လုပ္ေဆာင္႐ုံမွ တစ္ပါး အျခားမ႐ွိလို႔ ေတြးေနၿပီလား။

ဒီလိုဆိုတာနဲ႔ ကိုယ္ခံအားေကာင္းေအာင္ဆိုၿပီး ဗီတာမင္ C မ်ားမ်ားစားရမယ္ဆိုတဲ့အေတြးနဲ႔ ဗီတာမင္ C ေတြကို အမ်ားႀကီးစားမိေနၿပီလား။ ဒါဆိုရင္ တန္ေဆး လြန္ေဘးဆိုတဲ့ စကားကို သတိရပါ။ ကိုယ္ခံအားေကာင္းမွ ကိုဗစ္ကို ကာကြယ္ႏိုင္မယ္ဆိုေပမယ့္ ဗီတာမင္ C တအားမ်ားရင္ေတာ့ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

ဗီတာမင္ C မ်ားတိုင္းလည္း မေကာင္းပါဘူး။ ဘာေၾကာင့္ ဒီလိုေျပာရတာလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေစခ်င္ပါတယ္။

ကိုယ္ခံအား ေကာင္းခ်င္ေဇာနဲ႔ ဗီတာမင္ C အမ်ားႀကီး မစားေစလိုပါ။

ဗီတာမင္ C က ကိုယ္ခံအားေကာင္းေစတယ္ဆိုတာ အေထြအထူး ေျပာေနစရာ မလိုဘဲ လူတိုင္း သိထားၿပီးျဖစ္မွာပါ။ ဗီတာမင္ C က ေရမွာေပ်ာ္ဝင္လြယ္တဲ့ ဗီတာမင္ တစ္မ်ိဳးပါ။ ခႏၶာကိုယ္ ဖြံ႕ၿဖိဳးႀကီးထြားေစဖို႔ နဲ႔ သံဓာတ္ စုပ္ယူႏိုင္ေစဖို႔ အားျဖည့္ေပးပါတယ္။

ခႏၶာကိုယ္က ဗီတာမင္ C ကို မထုတ္လုပ္ႏိုင္သလို သိမ္းဆည္းမထားႏိုင္တာေၾကာင့္ ေန႔စဥ္ စားသုံးမႈမွာ ဗီတာမင္ C ပါဝင္ေအာင္ စားသုံးဖို႔ လိုပါမယ္။ ဗီတာမင္ C ကို စားသုံးလိုက္ၿပီဆိုတာနဲ႔ ကိုယ္တြင္း အရည္ေတြကေနတဆင့္ တစ္႐ွဴးေတြဆီကို ေပးပို႔ပါတယ္။ ပိုလွ်ံေနတာေတြကိုေတာ့ ဆီးကေနတဆင့္ စြန္႔ထုတ္ပါတယ္။

ဗီတာမင္ C က ကိုယ္ခံအားေကာင္းေစတယ္ ဆိုေပမယ့္ အရမ္းမ်ားရင္ေတာ့ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္အေနနဲ႔ တစ္ေန႔ကို ဗီတာမင္ C ပမာဏ ၆၅ မီလီဂရမ္ ကေန ၉၀ မီလီဂရမ္ဆိုရင္ လုံေလာက္ပါတယ္။ အျမင့္ဆုံးအေနနဲ႔ တစ္ေန႔ကို ၂၀၀၀ မီလီဂရမ္အထိပဲ စားသုံးသင့္ပါတယ္။ ဗီတာမင္ C ကို လိုတာထက္ ပိုမို စားသုံးတဲ့အခါ

ဝမ္းပ်က္ဝမ္းေလွ်ာတာ

မအီမသာျဖစ္တာ

ေအာ့အန္တာ

ရင္ပူတာ

ဗိုက္ေအာင့္တာ

ေခါင္းကိုက္တာ

အိပ္မေပ်ာ္တာ

ေက်ာက္ကပ္မွာ ေက်ာက္တည္တာ

အစာေျခစနစ္ ျပႆနာ

သံဓာတ္လြန္ကဲတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။ သံဓာတ္ လြန္ကဲတဲ့အခါ အသည္း၊ ႏွလုံး၊ ပန္ကရိယ၊ သိုင္း႐ြိဳက္၊ ဗဟိုအာ႐ုံေၾကာစနစ္ေတြ ထိခိုက္ေစႏိုင္ပါတယ္။

ပုံမွန္ကေတာ့ ေန႔စဥ္ စားသုံးေနတဲ့ အသီးအ႐ြက္ေတြနဲ႔ စားစရာေတြမွာ ပါဝင္ေနတဲ့ ဗီတာမင္ C ပမာဏက တစ္ေန႔တာ လိုအပ္ခ်က္ကို အကာင္းဆုံး ျဖည့္ေပးႏိုင္ပါတယ္။ ဒါ​ေၾကာင့္ ျဖစ္ႏိုင္ရင္ ဗီတာမင္ C ကို အစားအစာေတြကေနပဲ ရယူၿပီး မလိုအပ္ဘဲ ျဖည့္စြက္အားေဆးေတြ ေသာက္သုံးတာမ်ိဳး မလုပ္ဖို႔ ေျပာပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service