မြေယာကိစ္စ အမှုတွဲဖွင့်လှစ်ခြင်းနှင့် စာချုပ်စာတမ်းရုံးတွင် စာချုပ်ချုပ်ဆိုခြင်းကိစ္စရပ်များအတွက် ပူးတွဲတင်ပြရန်ပြုလုပ်ရသည့်ကျမ်းကျိန်လွှာအကြောင်းနှင့်၎င်းတို့၏သက်တမ်း

မြေယာကိစ္စ အမှုတွဲဖွင့်လှစ်ခြင်းနှင့် စာချုပ်စာတမ်းရုံးတွင် စာချုပ်ချုပ်ဆိုခြင်းကိစ္စရပ်များအတွက် ပူးတွဲတင်ပြရန်ပြုလုပ်ရသည့်ကျမ်းကျိန်လွှာအကြောင်းနှင့်၎င်းတို့၏သက်တမ်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Nov 2020 1:44 pm တွင် တင်ခဲ့သည်
1283 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လူပုဂ္ဂိုလ်တစ်ဦးအား အတင်းအကြပ်ကျမ်းကျိန်လွှာပြုလုပ်ခိုင်း၍မရပါ။ယုံကြည်ကိုးကွယ်သောဘာသာတရားအရ ကျမ်းကျိန်လွှာလုပ်ခွင့်မရှိသော ဘာသာဝင်များလည်းရှိပါသည်။ ကျမ်းသစ္စာအက်ဥပဒေပုဒ်မ-၆၊တရားရုံးလက်စွဲ ၇၃ အရ ဟိန္ဒူဘာသာဝင်၊ မဟာမေဒင်ဘာသာဝင်များ၊ ဂျူရီလူကြီးများ၊ စကားပြန်များ ကျမ်းကျိန်ဆိုခြင်းမပြုရပါ။ ကျမ်းသစ္စာကျိန်ဆိုမည့်အစား ကတိသစ္စာပြုစေရပါသည်။ တရားရုံးများ၌ အစစ်ခံရာ၌ ကျမ်းသစ္စာမပြုဘဲ ရိုးရိုးအစစ်ခံခွင့်လည်းရှိပါသည်။

ကိုးကွယ်သောဘာသာအရ သမ္မာကျမ်းစာကိုင်ခြင်း၊ ဇင်ဒါအာဝက်စတာကျမ်းစာကိုင်ခြင်း၊ ကျမ်းထုပ်ကိုင်ခြင်းနှင့် တရုတ်လူမျိုးအတွက် ကျမ်းကျိန်ဆိုစကားရွတ်စဉ် စာလုံးများရေးသားထားသော စက္ကူအဝါချပ်ကို မီးရှို့ခြင်းပြုရပါသည်။ ၁၉၇၄နှစ်၊ပြည်သူ့တရားစီရင်ရေးကာလက ကျမ်းထုတ်ကိုင်ခြင်းစနစ်ကိုဖျက်၍ ကတိသစ္စာပြုရွတ်ဆိုအစစ်ခံမှုကိုသာ ကျင့်သုံးခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ နောက်ပိုင်းကျမ်းထုပ်ကိုင်ခြင်းနှင့် ကတိသစ္စာပြုခြင်းများ ပြန်လည်ကျင့်သုံးခဲ့ပါသည်။

ကျမ်းသစ္စာဆိုသည် စကား၌ ဥပဒေက ကျမ်းသစ္စာအစားခွင့်ပြုသော ကတိသစ္စာပြုချက်လည်း ပါဝင်သည်။ ကျမ်းကျိန်အရာရှိရှေ့တွင် ဥပဒေနှင့်အညီပြုလုပ်သည့် ကြေညာချက်ဖြစ်သည်။ တရားရုံးတွင်ဖြစ်စေ၊ တရားရုံးအပတွင်ဖြစ်စေ သက်သေထင်ရှားစေခြင်း အသုံးပြုရန်ရည်ရွယ်သော ကြေညာချက်များလည်းပါဝင်ပါသည်။

မမှန်မကန်ကြောင်းသိလျက်ဖြစ်စေ လိမ်လည်၍ဖြစ်စေ ကျမ်းကျိန်လွှာပြုလုပ်ခြင်း၊ ကျမ်းသစ္စာပြု ထွက်ဆိုခြင်း၊ ကတိသစ္စာပြုထွက်ဆိုခြင်း၊ အမှန်ထွက်ဆိုရန် ဥပဒေအရတာဝန်ရှိပါလျက် မမှန်ထွက်ဆိုခြင်းသည် မမှန်သက်သေခံခြင်းဖြစ်ပါသည်။ မမှန်သက်သေခံခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါသည်။ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ-၁၉၃အရ မမှန်သက်သေခံခြင်းကို ပြစ်ဒဏ်သတ်မှတ်ထားပါသည်။

ထောင်ဒဏ် (၇)နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်ပါသည်။ ကျမ်းကျိန်လွှာ၊ ကတိသစ္စာပြုလွှာဖြင့် လိမ်လည်ပြုလုပ်ပါက လိမ်လည်မှု၊ မမှန်မကန်စာရွက်စာတမ်း အမှတ်အသားပြုခြင်းများဖြင့်လည်းအရေးယူခံရနိုင်ပါသည်။ သို့ဖြစ်၍ ကျမ်းကျိန်လွှာပြုလုပ်ခြင်းသည် ပြုလုပ်သူအပေါ်၌ ဥပဒေအရတာဝန်ယူမှုများရှိပါသည်။ လွယ်လွယ်မပြုလုပ်သင့်ပါ။

မြို့တော်စည်ပင်သာယာရေးကော်မတီတွင် မြေကွက်များနှင့်ပတ်သက်၍ မြေယာအမှုတွဲဖွင့်လှစ်ခြင်း မျိုးတွင် လျှောက်ထားသူကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက ပြုလုပ်ထား သည့်ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်း ကျမ်းကျိန်လွှာပြုလုပ်၍ ပူးတွဲတင်ပြရန် လိုအပ်သည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးရာတွင်လည်း အမွေဆက်ခံသူဦးရည်နှင့်ပတ်သက်၍ ကျမ်းကျိန်လွှာပြုလုပ်၍ ပူးတွဲတင်ပြရန်လိုအပ်သည်။ ထိုသို့စည်ပင်သာယာရေးကော်မတီသို့ တင်ပြသော ကျမ်းကျိန်လွှာများအားလုံးသည့် တင်ပြလျှောက်ထားသည့်နေ့တွင် ပြုလုပ်သည့်ကျမ်းကျိန်လွှာဖြစ်ရန် လိုအပ် ပေသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အသုံးပြုရန်အတွက် လျှောက်ထားသူကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စား လှယ်လွှဲစာဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက ပြုလုပ်ထားသည့်ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းထားခြင်း မရှိကြောင်း ကျမ်းကျိန်လွှာပြုလုပ်၍ ပူးတွဲတင်ပြရန်လိုအပ်သည်။

ထိုသို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ တင်ပြသော ကျမ်းကျိန်လွှာများအားလုံးသည့် ကျမ်းကျိန်လွှာပြုလုပ်သည့်နေ့မှ (၁)လအတွင်း ဖြစ်ရန်လိုအပ် ပေသည်။

ထိုသို့မြေယာကိစ္စ အမှုတွဲဖွင့်လှစ်ခြင်းနှင့် စာချုပ်စာတမ်းရုံးတွင် စာချုပ်ချုပ်ဆိုခြင်းကိစ္စရပ်များအတွက် ကျမ်းကျိန်လွှာသက်တမ်းသည် မတူကွဲပြားမှုများရှိကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမယာကိစၥ အမႈတြဲဖြင့္လွစ္ျခင္းႏွင့္ စာခ်ဳပ္စာတမ္းရံုးတြင္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းကိစၥရပ္မ်ားအတြက္ ပူးတြဲတင္ျပရန္ျပဳလုပ္ရသည့္က်မ္းက်ိန္လႊာအေၾကာင္းႏွင့္၄င္းတို႔၏သက္တမ္း

လူပုဂၢိဳလ္တစ္ဦးအား အတင္းအၾကပ္က်မ္းက်ိန္လႊာျပဳလုပ္ခိုင္း၍မရပါ။ယံုၾကည္ကိုးကြယ္ေသာဘာသာတရားအရ က်မ္းက်ိန္လႊာလုပ္ခြင့္မရွိေသာ ဘာသာဝင္မ်ားလည္းရွိပါသည္။ က်မ္းသစၥာအက္ဥပေဒပုဒ္မ-၆၊တရားရံုးလက္စြဲ ၇၃ အရ ဟိႏၵဴဘာသာ၀င္၊ မဟာေမဒင္ဘာသာ၀င္မ်ား၊ ဂ်ဴရိီလူၾကီးမ်ား၊ စကားျပန္မ်ား က်မ္းက်ိန္ဆုိျခင္းမျပဳရပါ။ က်မ္းသစၥာက်ိန္ဆုိမည့္အစား ကတိသစၥာျပဳေစရပါသည္။ တရားရံုးမ်ား၌ အစစ္ခံရာ၌ က်မ္းသစၥာမျပဳဘဲ ရိုးရိုးအစစ္ခံခြင့္လည္းရွိပါသည္။

ကိုးကြယ္ေသာဘာသာအရ သမၼာက်မ္းစာကိုင္ျခင္း၊ ဇင္ဒါအာ၀က္စတာက်မ္းစာကိုင္ျခင္း၊ က်မ္းထုပ္ကိုင္ျခင္းႏွင့္ တရုတ္လူမ်ိဳးအတြက္ က်မ္းက်ိန္ဆိုစကားရြတ္စဥ္ စာလံုးမ်ားေရးသားထားေသာ စကၠဴအ၀ါခ်ပ္ကို မီးရိႈ႕ျခင္းျပဳရပါသည္။ ၁၉၇၄ႏွစ္၊ျပည္သူ႕တရားစီရင္ေရးကာလက က်မ္းထုတ္ကိုင္ျခင္းစနစ္ကိုဖ်က္၍ ကတိသစၥာျပဳရြတ္ဆိုအစစ္ခံမႈကိုသာ က်င့္သံုးခဲ့ပါသည္။ ၁၉၈၈ ခုႏွစ္၊ ေနာက္ပိုင္းက်မ္းထုပ္ကိုင္ျခင္းႏွင့္ ကတိသစၥာျပဳျခင္းမ်ား ျပန္လည္က်င့္သံုးခဲ့ပါသည္။

က်မ္းသစၥာဆိုသည္ စကား၌ ဥပေဒက က်မ္းသစၥာအစားခြင့္ျပဳေသာ ကတိသစၥာျပဳခ်က္လည္း ပါဝင္သည္။ က်မ္းက်ိန္အရာရွိေရွ႕တြင္ ဥပေဒႏွင့္အညီျပဳလုပ္သည့္ ေၾကညာခ်က္ျဖစ္သည္။ တရားရံုးတြင္ျဖစ္ေစ၊ တရားရံုးအပတြင္ျဖစ္ေစ သက္ေသထင္ရွားေစျခင္း အသံုးျပဳရန္ရည္ရြယ္ေသာ ေၾကညာခ်က္မ်ားလည္းပါ၀င္ပါသည္။

မမွန္မကန္ေၾကာင္းသိလ်က္ျဖစ္ေစ လိမ္လည္၍ျဖစ္ေစ က်မ္းက်ိန္လႊာျပဳလုပ္ျခင္း၊ က်မ္းသစၥာျပဳ ထြက္ဆုိျခင္း၊ ကတိသစၥာျပဳထြက္ဆုိျခင္း၊ အမွန္ထြက္ဆုိရန္ ဥပေဒအရတာ၀န္ရွိပါလ်က္ မမွန္ထြက္ဆုိျခင္းသည္ မမွန္သက္ေသခံျခင္းျဖစ္ပါသည္။ မမွန္သက္ေသခံျခင္းအတြက္ ျပစ္ဒဏ္ခ်မွတ္ခံရႏုိင္ပါသည္။ ျပစ္မႈ ဆိုင္ရာဥပေဒပုဒ္မ-၁၉၃အရ မမွန္သက္ေသခံျခင္းကို ျပစ္ဒဏ္သတ္မွတ္ထားပါသည္။

ေထာင္ဒဏ္ (၇)ႏွစ္ထိျပစ္ဒဏ္ခ်မွတ္ႏုိင္ပါသည္။ က်မ္းက်ိန္လႊာ၊ ကတိသစၥာျပဳလႊာျဖင့္ လိမ္လည္ျပဳလုပ္ပါက လိမ္လည္မႈ၊ မမွန္မကန္စာရြက္စာတမ္း အမွတ္အသားျပဳျခင္းမ်ားျဖင့္လည္းအေရးယူခံရႏိုင္ပါသည္။ သို႕ျဖစ္၍ က်မ္းက်ိန္လႊာျပဳလုပ္ျခင္းသည္ ျပဳလုပ္သူအေပၚ၌ ဥပေဒအရတာ၀န္ယူမႈမ်ားရွိပါသည္။ လြယ္လြယ္မျပဳလုပ္သင့္ပါ။

ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြင္ ေျမကြက္မ်ားႏွင့္ပတ္သက္၍ ေျမယာအမႈတြဲဖြင့္လွစ္ျခင္း မ်ိဳးတြင္ ေလွ်ာက္ထားသူကိုယ္တိုင္မဟုတ္ဘဲ ကိုယ္စားလွယ္လႊဲစာျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ပါက ျပဳလုပ္ထား သည့္ကိုယ္စားလွယ္လႊဲစာကို ျပန္လည္ရုပ္သိမ္းထားျခင္းမရွိေၾကာင္း က်မ္းက်ိန္လႊာျပဳလုပ္၍ ပူးတြဲတင္ျပရန္ လိုအပ္သည္။

အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပံုကူးရာတြင္လည္း အေမြဆက္ခံသူဦးရည္ႏွင့္ပတ္သက္၍ က်မ္းက်ိန္လႊာျပဳလုပ္၍ ပူးတြဲတင္ျပရန္လိုအပ္သည္။ ထိုသို႔စည္ပင္သာယာေရးေကာ္မတီသို႔ တင္ျပေသာ က်မ္းက်ိန္လႊာမ်ားအားလံုးသည့္ တင္ျပေလွ်ာက္ထားသည့္ေန႔တြင္ ျပဳလုပ္သည့္က်မ္းက်ိန္လႊာျဖစ္ရန္ လိုအပ္ ေပသည္။

စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ အသံုးျပဳရန္အတြက္ ေလွ်ာက္ထားသူကိုယ္တိုင္မဟုတ္ဘဲ ကိုယ္စား လွယ္လႊဲစာျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ပါက ျပဳလုပ္ထားသည့္ကိုယ္စားလွယ္လႊဲစာကို ျပန္လည္ရုပ္သိမ္းထားျခင္း မရွိေၾကာင္း က်မ္းက်ိန္လႊာျပဳလုပ္၍ ပူးတြဲတင္ျပရန္လိုအပ္သည္။

ထိုသို႔စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးသို႔ တင္ျပေသာ က်မ္းက်ိန္လႊာမ်ားအားလံုးသည့္ က်မ္းက်ိန္လႊာျပဳလုပ္သည့္ေန႔မွ (၁)လအတြင္း ျဖစ္ရန္လိုအပ္ ေပသည္။

ထိုသုိ႔ေျမယာကိစၥ အမႈတြဲဖြင့္လွစ္ျခင္းႏွင့္ စာခ်ဳပ္စာတမ္းရံုးတြင္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းကိစၥရပ္မ်ားအတြက္ က်မ္းက်ိန္လႊာသက္တမ္းသည္ မတူကြဲျပားမႈမ်ားရွိေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service