ရုရှားနှင့် မြောက်ကိုရီးယားကျောထောက်နောက်ခံပြု ဟက်ကာတို့က COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများအားတိုက်ခိုက်မှု ဖြစ်ပေါ်
ရုရှားနှင့် မြောက်ကိုရီးယားကျောထောက်နောက်ခံပြု ဟက်ကာတို့က COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများအားတိုက်ခိုက်မှု ဖြစ်ပေါ် - Property News in Myanmar from iMyanmarHouse.com
16 Nov 2020 11:07 am တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး
[Unicode] COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေကြသည့် ဆေးဝါးကုမ္ပဏီများအားရုရှားနှင့် မြောက်ကိုရီးယားကျောထောက် နောက်ခံပြု ဟက်ကာတို့ကတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းမိုက္ကရိုဆော့ဖ်ကုမ္ပဏီကထုတ်ဖော်ပြောကြားလိုက်သည်။
မိုက္ကရိုဆော့ဖ်ကထုတ်ပြန်ခဲ့သည်မှာအဆိုပါတိုက်ခိုက်မှုသည် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများရှိကုမ္ပဏီ ၇ ခုကိုဦးတည်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။
တိုက်ခိုက်မှု၏ အများစုကိုကာကွယ်နိုင်ခဲ့သော်လည်းအချို့တိုက်ခိုက်မှုများမှာမူအောင်မြင်မှုရရှိခဲ့ကြောင်းမိုက္ကရိုဆော့ဖ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ခိုက်မှုခံခဲ့ကြရသောကုမ္ပဏီများကိုမိုက္ကရိုဆော့ဖ်ကသတိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့ပြီးအဆိုပါကုမ္ပဏီများ၏ အမည်များထုတ်ဖော်ပြောကြားရန်မူမိုက္ကရိုဆော့ဖ်က ငြင်းပယ်ခဲ့သည်။
“ဒီလိုတိုက်ခိုက်မှုတွေဟာလူ့ကျင့်ဝတ်သွေဖည်နေပြီးယဉ်ကျေးမှုရှိတဲ့ လူ့အသိုက်အဝန်းအားလုံးကရှုတ်ချသင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟုမိုက္ကရိုဆော့ဖ်၏ ဖောက်သည်လုံခြုံရေးနှင့် ယုံကြည်မှုဆိုင်ရာအကြီးအကဲ Tom Burt က ပြောသည်။
မိုက္ကရိုဆော့ဖ်ကယခုတိုက်ခိုက်မှုများမှာထင်ရှားသည့် ဟက်ကာအုပ်စု ၃ ခု၏ လက်ချက်ဖြစ်ကြောင်းပြောကြားသည်။ မိုက္ကရိုဆော့ဖ်ကStrontiumဟုခေါ်ဆိုပြီးအများအားဖြင့်လူသိများသည်မှာမူ APT28 (သို့မဟုတ်) Fancy Bearဟုလူသိများသည့် ရုရှားဟက်ကာအုပ်စုသည် အသုံးများသည့် စကားဝှက် (Password) များဖြင့် ဝင်ရောက်ကြည့်သည့် တိုက်ခိုက်မှု password spraying attacks ပြုလုပ်ခြင်း ဖြစ်သည်။
Fancy Bearအဖွဲ့သည် သတင်းများမှား ဖြန့်ဝေခြင်းနှင့် ၂၀၁၆ သမ္မတရွေးကောက်ပွဲကာလအတွင်းhacking ပြုလုပ်ခြင်းများဖြင့် နာမည်ကျော်ခဲ့သည်။ နာမည်ကျော်သတင်းမီဒီယာများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟူသောသတင်းများရှိသည်။
အခြားသောအုပ်စု ၂ ခုမှာမြောက်ကိုရီးယားကျောထောက်နောက်ခံပြုအဖွဲ့များဖြစ်ပြီးတစ်ဖွဲ့ကိုမိုက္ကရိုဆော့ဖ်ကZincဟုအမည်ပေးခေါ်ဆိုထားသော်လည်းအဆိုပါအဖွဲ့မှာLazarus Groupဟူသောအမည်ဖြင့် လူသိများသည်။ အဆိုပါအဖွဲ့သည် ၎င်းတို့ တိုက်ခိုက်မည့်သူများကိုspearphishing emailsများပေးပို့ကာစကားဝှက် (password) များခိုးရန် အားထုတ်မှု လုပ်ဆောင်လေ့ ရှိသည်။
အခြားမြောက်ကိုရီးယားတစ်ဖွဲ့မှာမူလူသိနည်းပြီးမိုက္ကရိုဆော့ဖ်ကCeriumဟုအမည်ပေးထားသည်။ မိုက္ကရိုဆော့ဖ်ကထုတ်ပြန်ရာတွင် အဆိုပါအဖွဲ့သည်လည်းspearphishing emailsများပေးပို့ကာတိုက်ခိုက်လေ့ရှိသည့် အဖွဲ့ဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကိုယ်စားလှယ်များကိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ယခုဖြစ်ရပ်မှာCOVID-19ကပ်ဘေးကို ၎င်းတို့၏ ကိုယ်ကျိုးအတွက် အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့ကြသောဟက်ကာတို့၏ နောက်ဆုံးဖြစ်ပေါ်လာသော ကြိုးပမ်းမှုလည်း ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသုတေသနအချက်အလက်များကိုခိုးယူရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်လိမ့်မည်ဟုFBI နှင့် အမိမြေလုံခြုံရေးအဖွဲ့တို့ကသတိပေးခဲ့ဖူးသည်။
ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ကျင်းပမည့် ပဲရစ်ငြိမ်းချမ်းရေးဖိုရမ်တွင် မိုက္ကရိုဆော့ဖ်ဥက္ကဌဘရက်ဒ် စမစ်ကကျန်းမာရေးကဏ္ဍအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများအားချေမှုန်းမှု ပိုမိုပြုလုပ်ကြရန်၊ အထူးသဖြင့် ကပ်ဘေးကာလအတွင်းပိုမိုအားထုတ်ကြရန် နိုင်ငံတကာအစိုးရများအားတိုက်တွန်းသွားမည်ဟုစီစဉ်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Microsoft says hackers backed by Russia and North Korea targeted COVID-19 vaccine makers (Techcrunch)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service