COVID-19 ကာကွယ်ဆေးရရန် နီးစပ်လာလျက်ရှိရာ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများကိုကာကွယ်ဆေးထိုးရန် စာရင်းကောက်နေ

COVID-19 ကာကွယ်ဆေးရရန် နီးစပ်လာလျက်ရှိရာ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများကိုကာကွယ်ဆေးထိုးရန် စာရင်းကောက်နေ - Property News in Myanmar from iMyanmarHouse.com
13 Nov 2020 11:44 am တွင် တင်ခဲ့သည်
8825 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရေး၌ အခြေအနေကောင်းများရှိလာရာ မြန်မာနိုင်ငံ၏ ကျန်းမာရေးဌာနသည် ကျန်းမာရေးဝန်ထမ်းများအားကာကွယ်ဆေးထိုးနှံပေးရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်ရှိဆေးရုံဝန်ထမ်းများကိုစာရင်းကောက်လျက်ရှိသည်။

အပြည့်အဝစစ်ဆေးအတည်ပြုပြီးသည့် ကာကွယ်ဆေးမရှိသေးသော်လည်းရန်ကုန်ရှိအချို့ဆေးရုံအကြီးအကဲများကပြောရာတွင် ဆေးရုံဝန်ထမ်းစာရင်းကို နိုဝင်ဘာ ၁၂ ရက် မွန်းတည့်ချိန် နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားမှုများလက်ခံရရှိခဲ့ကြောင်းပြောကြားသည်။

“ဘယ်သူတွေ ကာကွယ်ဆေးအရင်ဆုံးလိုမလဲဆိုတာသုံးသပ်ဖို့အတွက် စာရင်းကိုအရင်ဆုံးပေးဖို့ ကျွန်တော်တို့ကိုညွှန်ကြားလာတာ ဖြစ်ပြီးအဲဒါကဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ဖြစ်ပါတယ်”ဟုရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ကလေးဆေးရုံကြီး၏ ညွှန်ကြားရေးမှူး ဦးဝင်းမော်ဦးကပြောသည်။

ဦးဝင်းမော်ဦးကပြောရာတွင် ၎င်း၏ ဆေးရုံရှိကျန်းမာရေးဝန်ထမ်း ၁၆၀ ဦးစာရင်းကိုပေးခဲ့ကြောင်း၊ အတည်ပြုပြီးသည့် ကာကွယ်ဆေး (သို့မဟုတ်) ဖြန့်ချိရန် အသင့်ဖြစ်နေသည့်ကာကွယ်ဆေးမရှိသေးရာယခုခြေလှမ်းမှာပဏာမလုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်းပြောကြားသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၁၁ ရက်ကကာကွယ်ဆေးကိုမည်သို့ဖြန့်ချိမည်ဟူသောကိစ္စနှင့်စပ်လျဉ်းပြီးအစည်းအဝေးတစ်ခုကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ထွေး၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တို့ကပြောရာတွင် ၎င်းတို့သည် ဆေးပညာရှင်များပါဝင်သောကာကွယ်ဆေးဆိုင်ရာအတိုင်ပင်ခံအုပ်စုတစ်ခုနှင့် ဆွေးနွေးခဲ့ကြကြောင်းပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးသန်းနိုင်စိုးကပြောရာတွင် ၎င်းတို့အနေဖြင့် တစ်နိုင်ငံလုံးရှိကျန်းမာရေးဝန်ထမ်းအင်အားစာရင်းလိုအပ်ကြောင်းပြောကြားသည်။

“သူတို့အားလုံးကို ကြိုတင်ပြီးစာရင်းသွင်းထားရမှာ ဖြစ်ပါတယ်။ သူတို့ကိုစာရင်းသွင်းထားဖို့နဲ့ ကာကွယ်ဆေးရတာနဲ့ ချက်ချင်းကာကွယ်ဆေးထိုးပေးဖို့ ပြည်ထောင်စုဝန်ကြီးကလည်း ကျွန်တော်တို့ကိုပြောပါတယ်”ဟုဦးသန်းနိုင်စိုးကပြောသည်။ မကြာသေးမီရက်ပိုင်းအတွင်းကာကွယ်ဆေးနှင့် ပတ်သက်သည့် သတင်းကောင်းများထွက်ပေါ်လာသည်။

Pfizerကုမ္ပဏီကထုတ်ပြန်ရာတွင် ၎င်းတို့၏ ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်းတွေ့ရှိရသည်ဟုထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် COVAXအစီအစဉ်တွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ COVAXအစီအစဉ်ဟူသည်မှာအတည်ပြုနိုင်ပြီးဘေးကင်းသည့် ကာကွယ်ဆေးကိုတစ်ကမ္ဘာလုံးရရှိရေးအစီအစဉ်တစ်ခု ဖြစ်သည်။

ညောင်ဦးခရိုင်ဆေးရုံအကြီးအကဲဦးအောင်အောင်ကပြောရာတွင် ခရိုင်ဆေးရုံရှိကျန်းမာရေးဝန်ထမ်း ၃၂၀ ကျော်ကိုစနစ်တကျ လူစုစာရင်းစစ်ကာစာရင်းပေးပို့ခဲ့ပြီးဖြစ်ကြောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လမှ စတင်ပြီးCOVID-19 ပြည်တွင်းကူးစက်မှုများ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့အထိစာရင်းများအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၅၅၉၈ ဦးရှိပြီးသေဆုံးသူ ၁၅၀၈ ဦးရှိခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Myanmar readies to inoculate health workers as COVID-19 vaccine nears reality (Coconuts)

[Zawgyi]

COVID-19 ကာကြယ္ေဆးရရန္ နီးစပ္လာလ်က္ရွိရာ ျမန္မာႏိုင္ငံတြင္ က်န္းမာေရးဝန္ထမ္းမ်ားကိုကာကြယ္ေဆးထုိးရန္ စာရင္းေကာက္ေန

ကမၻာတစ္ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထုတ္လုပ္ေရး၌ အေျခအေနေကာင္းမ်ားရွိလာရာ ျမန္မာႏိုင္ငံ၏ က်န္းမာေရးဌာနသည္ က်န္းမာေရးဝန္ထမ္းမ်ားအားကာကြယ္ေဆးထိုးႏွံေပးေရး ၾကိဳတင္ျပင္ဆင္သည့္အေနျဖင့္ ရန္ကုန္ရွိေဆးရံုဝန္ထမ္းမ်ားကိုစာရင္းေကာက္လ်က္ရွိသည္။

အျပည့္အဝစစ္ေဆးအတည္ျပဳျပီးသည့္ ကာကြယ္ေဆးမရွိေသးေသာ္လည္းရန္ကုန္ရွိအခ်ဳိ႕ေဆးရံုအၾကီးအကဲမ်ားကေျပာရာတြင္ ေဆးရံုဝန္ထမ္းစာရင္းကို ႏိုဝင္ဘာ ၁၂ ရက္ မြန္းတည့္ခ်ိန္ ေနာက္ဆံုးထားေပးပို႔ရန္ ညႊန္ၾကားမႈမ်ားလက္ခံရရွိခဲ့ေၾကာင္းေျပာၾကားသည္။

“ဘယ္သူေတြ ကာကြယ္ေဆးအရင္ဆံုးလိုမလဲဆိုတာသံုးသပ္ဖို႔အတြက္ စာရင္းကိုအရင္ဆံုးေပးဖို႔ ကၽြန္ေတာ္တို႔ကိုညႊန္ၾကားလာတာ ျဖစ္ျပီးအဲဒါကဝန္ၾကီးဌာနရဲ႕ ေတာင္းဆိုခ်က္ျဖစ္ပါတယ္”ဟုရန္ကုန္ျမိဳ႕၊ ေတာင္ဥကၠလာပျမိဳ႕နယ္ ကေလးေဆးရံုၾကီး၏ ညႊန္ၾကားေရးမွဴး ဦးဝင္းေမာ္ဦးကေျပာသည္။

ဦးဝင္းေမာ္ဦးကေျပာရာတြင္ ၎၏ ေဆးရံုရွိက်န္းမာေရးဝန္ထမ္း ၁၆၀ ဦးစာရင္းကိုေပးခဲ့ေၾကာင္း၊ အတည္ျပဳျပီးသည့္ ကာကြယ္ေဆး (သို႔မဟုတ္) ျဖန္႔ခ်ိရန္ အသင့္ျဖစ္ေနသည့္ကာကြယ္ေဆးမရွိေသးရာယခုေျခလွမ္းမွာပဏာမလုပ္ေဆာင္ခ်က္ျဖစ္ႏိုင္ေၾကာင္းေျပာၾကားသည္။

ေနျပည္ေတာ္တြင္ ႏိုဝင္ဘာ ၁၁ ရက္ကကာကြယ္ေဆးကိုမည္သု႔ိျဖန္႔ခ်ိမည္ဟူေသာကိစၥႏွင့္စပ္လ်ဥ္းျပီးအစည္းအေဝးတစ္ခုက်င္းပခဲ့သည္။

ျပည္ေထာင္စုဝန္ၾကီးဦးျမင့္ေထြး၊ ဆရာဝန္မ်ားႏွင့္ က်န္းမာေရးဝန္ၾကီးဌာနမွ ကိုယ္စားလွယ္တို႔ကေျပာရာတြင္ ၎တို႔သည္ ေဆးပညာရွင္မ်ားပါဝင္ေသာကာကြယ္ေဆးဆိုင္ရာအတိုင္ပင္ခံအုပ္စုတစ္ခုႏွင့္ ေဆြးေႏြးခဲ့ၾကေၾကာင္းေျပာၾကားသည္။

က်န္းမာေရးဝန္ၾကီးဌာနေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဦးသန္းႏိုင္စိုးကေျပာရာတြင္ ၎တို႔အေနျဖင့္ တစ္ႏိုင္ငံလံုးရွိက်န္းမာေရးဝန္ထမ္းအင္အားစာရင္းလိုအပ္ေၾကာင္းေျပာၾကားသည္။

“သူတို႔အားလံုးကို ၾကိိဳတင္ျပီးစာရင္းသြင္းထားရမွာ ျဖစ္ပါတယ္။ သူတို႔ကိုစာရင္းသြင္းထားဖို႔နဲ႔ ကာကြယ္ေဆးရတာနဲ႔ ခ်က္ခ်င္းကာကြယ္ေဆးထုိးေပးဖို႔ ျပည္ေထာင္စုဝန္ၾကီးကလည္း ကၽြန္ေတာ္တို႔ကိုေျပာပါတယ္”ဟုဦးသန္းႏိုင္စိုးကေျပာသည္။ မၾကာေသးမီရက္ပိုင္းအတြင္းကာကြယ္ေဆးႏွင့္ ပတ္သက္သည့္ သတင္းေကာင္းမ်ားထြက္ေပၚလာသည္။

Pfizerကုမၸဏီကထုတ္ျပန္ရာတြင္ ၎တို႔၏ ကာကြယ္ေဆးသည္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ထိေရာက္မႈရွိေၾကာင္းေတြ႔ရွိရသည္ဟုထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံသည္ COVAXအစီအစဥ္တြင္ ပါဝင္ေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ COVAXအစီအစဥ္ဟူသည္မွာအတည္ျပဳႏိုင္ျပီးေဘးကင္းသည့္ ကာကြယ္ေဆးကိုတစ္ကမၻာလံုးရရွိေရးအစီအစဥ္တစ္ခု ျဖစ္သည္။

ေညာင္ဦးခရိုင္ေဆးရံုအၾကီးအကဲဦးေအာင္ေအာင္ကေျပာရာတြင္ ခရိုင္ေဆးရံုရွိက်န္းမာေရးဝန္ထမ္း ၃၂၀ ေက်ာ္ကိုစနစ္တက် လူစုစာရင္းစစ္ကာစာရင္းေပးပို႔ခဲ့ျပီးျဖစ္ေၾကာင္းေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္ ၾသဂုတ္လမွ စတင္ျပီးCOVID-19 ျပည္တြင္းကူးစက္မႈမ်ား ျဖစ္ပြားခဲ့သည္။

ႏိုဝင္ဘာ ၁၂ ရက္ေန႔အထိစာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆၅၅၉၈ ဦးရွိျပီးေသဆံုးသူ ၁၅၀၈ ဦးရွိခဲ့ျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Myanmar readies to inoculate health workers as COVID-19 vaccine nears reality (Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service