အမေရိကန်ပြည်၊ နီဘရာစကာတက္ကသိုလ်မှ သုတေသနပညာရှင်ကဆေးထိုးအပ်မလိုသည့် COVID-19ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိ

အမေရိကန်ပြည်၊ နီဘရာစကာတက္ကသိုလ်မှ သုတေသနပညာရှင်ကဆေးထိုးအပ်မလိုသည့် COVID-19ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Nov 2020 11:58 am တွင် တင်ခဲ့သည်
12194 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာတစ်ဝန်းတွင် အပြင်းအထန်ကြိုးပမ်းလျက်ရှိကြချိန်တွင် အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာတက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးကလည်းဆေးထိုးအပ်မလိုသည့် ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဆေးထိုးအပ်မလိုသည့် ကာကွယ်ဆေးကိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသူရှိဟွားရှမ်း (Shi-Hua Xiang) သည် နီဘရာစကာဗိုင်းရပ်စ်စင်တာမှ တွဲဖက် ပါမောက္ခတစ်ဦး ဖြစ်သည်။ ရှိဟွားရှမ်းနှင့် သုတေသီအဖွဲ့သည် နှာခေါင်းဖြန်းသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြသည်။

“နှာခေါင်းနဲ့ ပါးစပ်ကိုဆေးဖြန်းလိုက်ရမှာဖြစ်ပြီးအဲဒီနောက်မှာရောဂါပြီးစေတဲ့ ကိုယ်ခံအားရရှိသွားမှာဖြစ်ပြီးဗိုင်းရပ်စ်ကနေအကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟုရှိဟွားရှမ်းကပြောသည်။

ဆေးထိုးအပ်မလိုသည့်အတွက် အသားမနာ၊ ဆေးထိုးရန် ကြောက်စရာမလိုတော့သည့် အဆိုပါကာကွယ်ဆေးသည် အကာအကွယ်ပိုမိုပေးနိုင်ပြီးအကုန်အကျလည်းပိုမိုသက်သာနိုင်ကြောင်းရှိဟွားရှမ်းကယုံကြည်နေသည်။ “အလုံးအရင်းထုတ်လုပ်ဖို့အတွက် အလွန်လွယ်ကူတာကြောင့် ပေါချောင်ကောင်းကာကွယ်ဆေးဖြစ်လာနိုင်ပါတယ်” ရှိဟွားရှမ်းကဆိုသည်။

သူ၏ သုတေသနမှာအစောပိုင်းအဆင့်သာရှိသေးသည်။ ကာကွယ်ဆေးအလုပ်လုပ်ပုံမှာကာကွယ်ဆေးကိုဇီဝအင်ဂျင်နီယာနည်းဖြင့် ထုတ်လုပ်ထားသောဘက်တီးရီးယားများထဲတွင် ထားရှိလိုက်ပြီးအဆိုပါဘက်တီးရီးယားသည် ဒိန်ချဉ် (သို့မဟုတ်) အဏုဇီဝပစ္စည်းများထုတ်လုပ်ရေးအတွက် အများအားဖြင့် အသုံးပြုကြသည်။

နှာခေါင်းဖြန်းဆေးကို ၂ ကြိမ်ဖြန်းလိုက်မည်ဆိုပါကပဋိပစ္စည်းဖြစ်စေရန် လှုံ့ဆော်ပေးမည့် antigenသည် ကိုရိုနာဗိုင်းရပ်စ်ကလူ့ခန္ဓာကိုယ်အတွင်းသို့ စတင်ဝင်ရောက်မည့်နေရာဖြစ်သောအသက်ရှူလမ်းကြောင်းသို့ တိုက်ရိုက်ရောက်ရှိသွားမည် ဖြစ်သည်။

ယင်းနောက် အဆုပ်များအတွင်းသို့ ဗိုင်းရပ်စ် မဝင်နိုင်မီတွင် ရောဂါကူးစက်ဝင်ရောက်လာမှုကိုထိန်းချုပ်မည် ဖြစ်သည်။ ရှိဟွားရှမ်းကပြောသည်မှာကာကွယ်ဆေးသည် ကိုယ်ခံအားတုံ့ပြန်မှုဖြစ်စေကာအကာအကွယ်တံတိုင်းတစ်ခုတည်ဆောက်ပေးမည်ဖြစ်ပြီးအဆိုပါတံတိုင်းသည် အမြဲတိုးပွားဖြစ်ပေါ်နေမည်ဖြစ်ကြောင်းပြောကြားသည်။

“ဒါကအမြဲမပြတ် ခင်ဗျားကိုရောဂါပြီးနေစေမှာဖြစ်ပါတယ်”ဟုရှိဟွားရှမ်းကဆိုသည်။

ယခုကာကွယ်ဆေးသည် ဆေးထိုးရန်မလိုသောကြောင့် ကာကွယ်ဆေးပေးရန်အတွက် လေ့ကျင့်ထားသည့် ကျန်းမာရေးဝန်ထမ်းများမလိုအပ်ချေ။

ဖြန်းဆေးဖြင့် ကာကွယ်ဆေးပေးခြင်းသည် အခြားသောထိုးဆေးကာကွယ်ဆေးများကဲ့သို့ ထိန်းသိမ်းမှုစနစ်တွင် အပူဒဏ်မခံနိုင်ခြင်းများမရှိကြောင်းလည်းရှိဟွားရှမ်းကပြောကြားသည်။ သို့အတွက် ယခုဆေးကိုသိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ “ဒါကိုအခန်းအပူချိန်လောက်မှာထားသိုလို့ ရပါတယ်။ ပြဿနာမရှိပါဘူး” ဟုရှိဟွားရှမ်းကပြောသည်။

ယခုသုတေသနကိုသုတေသနနှင့် စီးပွားရေးဖွံ့ဖြိုးမှုရုံး (Office of Research and Economic Development) ၏ COVID-19အဆောတလျင်တုံ့ပြန်ရေးထောက်ပံ့မှုစီမံကိန်းမှတဆင့် ဘဏ္ဍာရေးအကူအညီပေးထားသည်။ ရှိဟွားရှမ်းကပြောရာတွင် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် လပေါင်းများစွာလိုသေးကြောင်းပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NU researcher developing 'needle-free' COVID-19 vaccine (ketv.com)

 

 

[Zawgyi]

အေမရိကန္ျပည္၊ နီဘရာစကာတကၠသိုလ္မွ သုေတသနပညာရွင္ကေဆးထိုးအပ္မလိုသည့္ COVID-19ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရႏ္ ၾကိဳးပမ္းလ်က္ရိွ

COVID-19ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ ကမၻာတစ္ဝန္းတြင္ အျပင္းအထန္ၾကိဳးပမ္းလ်က္ရွိၾကခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စု၊ နီဘရာစကာတကၠသိုလ္မွ သုေတသနပညာရွင္တစ္ဦးကလည္းေဆးထိုးအပ္မလိုသည့္ ကာကြယ္ေဆးတစ္မ်ဳိးထုတ္လုပ္ႏိုင္ရန္ ၾကိဳးပမ္းလ်က္ရွိသည္။

ေဆးထိုးအပ္မလိုသည့္ ကာကြယ္ေဆးကိုထုတ္လုပ္ႏိုင္ရန္ ၾကိဳးပမ္းေနသူရွိဟြားရွမ္း (Shi-Hua Xiang) သည္ နီဘရာစကာဗိုင္းရပ္စ္စင္တာမွ တြဲဖက္ ပါေမာကၡတစ္ဦး ျဖစ္သည္။ ရွိဟြားရွမ္းႏွင့္ သုေတသီအဖြဲ႔သည္ ႏွာေခါင္းျဖန္းသည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကိုထုတ္လုပ္ႏိုင္ရန္ ၾကိဳးပမ္းေနၾကသည္။

“ႏွာေခါင္းနဲ႔ ပါးစပ္ကိုေဆးျဖန္းလိုက္ရမွာျဖစ္ျပီးအဲဒီေနာက္မွာေရာဂါျပီးေစတဲ့ ကိုယ္ခံအားရရွိသြားမွာျဖစ္ျပီးဗိုင္းရပ္စ္ကေနအကာအကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္” ဟုရွိဟြားရွမ္းကေျပာသည္။

ေဆးထိုးအပ္မလိုသည့္အတြက္ အသားမနာ၊ ေဆးထိုးရန္ ေၾကာက္စရာမလိုေတာ့သည့္ အဆိုပါကာကြယ္ေဆးသည္ အကာအကြယ္ပိုမိုေပးႏိုင္ျပီးအကုန္အက်လည္းပိုမိုသက္သာႏိုင္ေၾကာင္းရွိဟြားရွမ္းကယံုၾကည္ေနသည္။ “အလံုးအရင္းထုတ္လုပ္ဖို႔အတြက္ အလြန္လြယ္ကူတာေၾကာင့္ ေပါေခ်ာင္ေကာင္းကာကြယ္ေဆးျဖစ္လာႏိုင္ပါတယ္” ရွိဟြားရွမ္းကဆိုသည္။

သူ၏ သုေတသနမွာအေစာပိုင္းအဆင့္သာရွိေသးသည္။ ကာကြယ္ေဆးအလုပ္လုပ္ပံုမွာကာကြယ္ေဆးကိုဇီဝအင္ဂ်င္နီယာနည္းျဖင့္ ထုတ္လုပ္ထားေသာဘက္တီးရီးယားမ်ားထဲတြင္ ထားရွိလိုက္ျပီးအဆိုပါဘက္တီးရီးယားသည္ ဒိန္ခ်ဥ္ (သို႔မဟုတ္) အဏုဇီဝပစၥည္းမ်ားထုတ္လုပ္ေရးအတြက္ အမ်ားအားျဖင့္ အသံုးျပဳၾကသည္။

ႏွာေခါင္းျဖန္းေဆးကို ၂ ၾကိမ္ျဖန္းလိုက္မည္ဆိုပါကပဋိပစၥည္းျဖစ္ေစရန္ လံႈ႔ေဆာ္ေပးမည့္ antigenသည္ ကိုရိုနာဗိုင္းရပ္စ္ကလူ႔ခႏၶာကိုယ္အတြင္းသို႔ စတင္ဝင္ေရာက္မည့္ေနရာျဖစ္ေသာအသက္ရွဴလမ္းေၾကာင္းသို႔ တိုက္ရိုက္ေရာက္ရွိသြားမည္ ျဖစ္သည္။

ယင္းေနာက္ အဆုပ္မ်ားအတြင္းသို႔ ဗိုင္းရပ္စ္ မဝင္ႏိုင္မီတြင္ ေရာဂါကူးစက္ဝင္ေရာက္လာမႈကိုထိန္းခ်ဳပ္မည္ ျဖစ္သည္။ ရွိဟြားရွမ္းကေျပာသည္မွာကာကြယ္ေဆးသည္ ကိုယ္ခံအားတံု႔ျပန္မႈျဖစ္ေစကာအကာအကြယ္တံတိုင္းတစ္ခုတည္ေဆာက္ေပးမည္ျဖစ္ျပီးအဆိုပါတံတိုင္းသည္ အျမဲတိုးပြားျဖစ္ေပၚေနမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

“ဒါကအျမဲမျပတ္ ခင္ဗ်ားကိုေရာဂါျပီးေနေစမွာျဖစ္ပါတယ္”ဟုရွိဟြားရွမ္းကဆိုသည္။

ယခုကာကြယ္ေဆးသည္ ေဆးထိုးရန္မလိုေသာေၾကာင့္ ကာကြယ္ေဆးေပးရန္အတြက္ ေလ့က်င့္ထားသည့္ က်န္းမာေရးဝန္ထမ္းမ်ားမလိုအပ္ေခ်။

ျဖန္းေဆးျဖင့္ ကာကြယ္ေဆးေပးျခင္းသည္ အျခားေသာထိုးေဆးကာကြယ္ေဆးမ်ားကဲ့သို႔ ထိန္းသိမ္းမႈစနစ္တြင္ အပူဒဏ္မခံႏိုင္ျခင္းမ်ားမရွိေၾကာင္းလည္းရွိဟြားရွမ္းကေျပာၾကားသည္။

သို႔အတြက္ ယခုေဆးကိုသိုေလွာင္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးက႑မ်ားအတြက္ ပိုမိုလြယ္ကူေစမည္ ျဖစ္သည္။ “ဒါကိုအခန္းအပူခ်ိန္ေလာက္မွာထားသိုလို႔ ရပါတယ္။ ျပႆနာမရွိပါဘူး” ဟုရွိဟြားရွမ္းကေျပာသည္။

ယခုသုေတသနကိုသုေတသနႏွင့္ စီးပြားေရးဖြံ႔ျဖိဳးမႈရံုး (Office of Research and Economic Development) ၏ COVID-19အေဆာတလ်င္တံု႔ျပန္ေရးေထာက္ပံ့မႈစီမံကိန္းမွတဆင့္ ဘ႑ာေရးအကူအညီေပးထားသည္။ ရွိဟြားရွမ္းကေျပာရာတြင္ လက္ေတြ႔စမ္းသပ္မႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ လေပါင္းမ်ားစြာလုိေသးေၾကာင္းေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: NU researcher developing 'needle-free' COVID-19 vaccine (ketv.com)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service