စစ်တပ်ပိုင် အိမ်တစ်လုံးတွင် နေထိုင်နေသည့်အမှုဖြင့် ထိုင်းဝန်ကြီးချုပ်အားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကစီရင်ချက်ချမည်

စစ်တပ်ပိုင် အိမ်တစ်လုံးတွင် နေထိုင်နေသည့်အမှုဖြင့် ထိုင်းဝန်ကြီးချုပ်အားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကစီရင်ချက်ချမည် - Property News in Myanmar from iMyanmarHouse.com
10 Nov 2020 12:42 pm တွင် တင်ခဲ့သည်
1783 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံတွင် ပြည်သူထောင်ပေါင်းများစွာကဝန်ကြီးချုပ် ပရာယုချန်အိုချားအား နှုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုနေသည့်နည်းတူယခုအခါ ဝန်ကြီးချုပ်၏ ရာထူးမှာအခြားခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ပရာယုသည် ထိုင်းတပ်မတော်မှ လွန်ခဲ့သော ၆ နှစ်ကအငြိမ်းစားယူခဲ့ပြီးဖြစ်သော်လည်းအာဏာအလွဲသုံးစားလုပ်ကာစစ်တပ်ပိုင် စံအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိသည်ဟူသောအမှုနှင့် စပ်လျဉ်းပြီးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလာမည့် ဒီဇင်ဘာလ ၂ ရက်တွင် စီရင်ချက်ချမည် ဖြစ်သည်။

အတိုက်အခံပါတီဖြစ်သောPheu Thaiပါတီခေါင်းဆောင် ဆွမ်ဖုန်းအမွမ်ဝိဝက် (SompongAmornwiwat) ၏ တောင်းဆိုချက်အရထိုင်းအောက်လွှတ်တော် (House of Representatives ) ဥက္ကဌ ချွန်းလိဖိုင်း (ChuanLeekpai) က ယခုနှစ် အစောပိုင်းတွင် ယခုအမှုကိုတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံပါတီခေါင်းဆောင် ဆွမ်ဖုန်းကဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာအာဏာအလွဲသုံးစားလုပ် ကြောင်း၊ စစ်ဘက်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့သော်လည်းဘန်ကောက်ရှိတော်ဝင်အစောင့်တပ်၊ ပထမခြေလျင်တပ်ရင်းဝန်းအတွင်းရှိစံအိမ်တစ်လုံးတ်ွ နေထိုင်နေကြောင်းစွပ်စွဲထားသည်။

ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အစည်းတစ်ခုထံမှ အကျိုးအမြတ်တစ်ခုကိုတရားဥပဒေနှင့် မလျော်ညီစွာရယူခြင်းအားဖြင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၀ ကို ချိုးဖောက်ပြီးကျင့်ဝတ်စံနှုန်းများကိုလိုက်နာရန် ပျက်ကွက်ခဲ့ကြောင်းစွပ်စွဲခံထားရသည်။

ပရာယုသည် ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အထိထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးစစ်အာဏာသိမ်းခဲ့ကာအမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကောင်စီခေါင်းဆောင်အဖြစ် အာဏာရယူခဲ့သည်။

ပရာယုကယခုနှစ် ဖေဖော်ဝါရီလအတွင်းပြောကြားခဲ့ရာတွင် လုံခြုံရေးကြောင့် စစ်ဘက်အဆောက်အအုံတွင် နေထိုင်ခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်နေအိမ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားပြီးဖြစ်ကြောင်းပြောခဲ့ဖူးသည်။

“ကျွန်တော့် တစ်ဘဝလုံး နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်ကဝန်ကြီးချုပ်ဖြစ်တာကြောင့် လုံခြုံရေးအတွက် သင့်တော်မယ့် နေရာတစ်ခုမှာနေထိုင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ပိုင်အိမ်ကိုမကြာခင်ပြောင်းရွှေ့ဖို့ စီစဉ်ပြီးပါပြီ” ဟုပရာယုကပြောကြားခဲ့သည်။

လာမည့်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကဝန်ကြီးချုပ်သည် အခြေခံဥပဒေကို ချိုးဖောက်မှုဖြင့် အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိလျှင် ရာထူးမှ နှုတ်ထွက်ရန် အမိန့်ချဖွယ်ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A further threat to PM’s leadership as court set to rule in military housing case (The Thaiger)

[Zawgyi]

စစ္တပ္ပိုင္ အိမ္တစ္လံုးတြင္ ေနထိုင္ေနသည့္အမႈျဖင့္ ထိုင္းဝန္ၾကီးခ်ဳပ္အားဖြဲ႔စည္းပံုအေျခခံဥပေဒခံုရံုးကစီရင္ခ်က္ခ်မည္

ထိုင္းႏိုင္ငံတြင္ ျပည္သူေထာင္ေပါင္းမ်ားစြာကဝန္ၾကီးခ်ဳပ္ ပရာယုခ်န္အိုခ်ားအား ႏႈတ္ထြက္ေပးရန္ ဆႏၵျပေတာင္းဆိုေနသည့္နည္းတူယခုအခါ ဝန္ၾကီးခ်ဳပ္၏ ရာထူးမွာအျခားျခိမ္းေျခာက္မႈတစ္ခုႏွင့္ ရင္ဆိုင္ရလ်က္ရွိသည္။

ပရာယုသည္ ထိုင္းတပ္မေတာ္မွ လြန္ခဲ့ေသာ ၆ ႏွစ္ကအျငိမ္းစားယူခဲ့ျပီးျဖစ္ေသာ္လည္းအာဏာအလြဲသံုးစားလုပ္ကာစစ္တပ္ပိုင္ စံအိမ္တစ္လံုးတြင္ ေနထိုင္လ်က္ရွိသည္ဟူေသာအမႈႏွင့္ စပ္လ်ဥ္းျပီးဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာခံုရံုးကလာမည့္ ဒီဇင္ဘာလ ၂ ရက္တြင္ စီရင္ခ်က္ခ်မည္ ျဖစ္သည္။

အတိုက္အခံပါတီျဖစ္ေသာPheu Thaiပါတီေခါင္းေဆာင္ ဆြမ္ဖုန္းအမြမ္ဝိဝက္ (SompongAmornwiwat) ၏ ေတာင္းဆိုခ်က္အရထိုင္းေအာက္လႊတ္ေတာ္ (House of Representatives ) ဥကၠဌ ခၽြန္းလိဖိုင္း (ChuanLeekpai) က ယခုႏွစ္ အေစာပိုင္းတြင္ ယခုအမႈကိုတိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

အတိုက္အခံပါတီေခါင္းေဆာင္ ဆြမ္ဖုန္းကဝန္ၾကီးခ်ဳပ္သည္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်ဳိးေဖာက္ကာအာဏာအလြဲသံုးစားလုပ္ ေၾကာင္း၊ စစ္ဘက္တြင္ တာဝန္ထမ္းေဆာင္ျခင္းမရွိေတာ့ေသာ္လည္းဘန္ေကာက္ရွိေတာ္ဝင္အေစာင့္တပ္၊ ပထမေျခလ်င္တပ္ရင္းဝန္းအတြင္းရွိစံအိမ္တစ္လံုးတြ္ ေနထိုင္ေနေၾကာင္းစြပ္စြဲထားသည္။

ဝန္ၾကီးခ်ဳပ္သည္ အစိုးရအဖြဲ႔အစည္းတစ္ခုထံမွ အက်ဳိးအျမတ္တစ္ခုကိုတရားဥပေဒႏွင့္ မေလ်ာ္ညီစြာရယူျခင္းအားျဖင့္ ထိုင္းဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၁၆၀ ကို ခ်ဳိးေဖာက္ျပီးက်င့္ဝတ္စံႏႈန္းမ်ားကိုလိုက္နာရန္ ပ်က္ကြက္ခဲ့ေၾကာင္းစြပ္စြဲခံထားရသည္။

ပရာယုသည္ ၂၀၁၀ မွ ၂၀၁၄ ခုႏွစ္အထိထုိင္းတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ျပီးစစ္အာဏာသိမ္းခ့ဲကာအမ်ဳိးသားျငိမ္းခ်မ္းေရးႏွင့္ ျငိမ္ဝပ္ပိျပားေရးေကာင္စီေခါင္းေဆာင္အျဖစ္ အာဏာရယူခဲ့သည္။

ပရာယုကယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းေျပာၾကားခဲ့ရာတြင္ လံုျခံဳေရးေၾကာင့္ စစ္ဘက္အေဆာက္အအံုတြင္ ေနထိုင္ျခင္းျဖစ္ေၾကာင္း၊ ကိုယ္ပိုင္ေနအိမ္သို႔ ေျပာင္းေရႊ႕ရန္ စီစဥ္ထားျပီးျဖစ္ေၾကာင္းေျပာခဲ့ဖူးသည္။

“ကၽြန္ေတာ့္ တစ္ဘဝလံုး ႏိုင္ငံ့တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။ ကၽြန္ေတာ္ကဝန္ၾကီးခ်ဳပ္ျဖစ္တာေၾကာင့္ လံုျခံဳေရးအတြက္ သင့္ေတာ္မယ့္ ေနရာတစ္ခုမွာေနထိုင္ရမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ့္ကိုယ္ပိုင္အိမ္ကိုမၾကာခင္ေျပာင္းေရႊ႕ဖို႔ စီစဥ္ျပီးပါျပီ” ဟုပရာယုကေျပာၾကားခဲ့သည္။

လာမည့္လတြင္ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာခံုရံုးကဝန္ၾကီးခ်ဳပ္သည္ အေျခခံဥပေဒကို ခ်ဳိးေဖာက္မႈျဖင့္ အျပစ္ရွိေၾကာင္းစစ္ေဆးေတြ႔ရွိလွ်င္ ရာထူးမွ ႏႈတ္ထြက္ရန္ အမိန္႔ခ်ဖြယ္ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A further threat to PM’s leadership as court set to rule in military housing case (The Thaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service