ဘတ်ငွေ ၁၈ သန်း (မြန်မာကျပ်ငွေ သိန်း ၇၅၀၀ ကျော်) ထီပေါက်သည့် ထိုင်းဘုန်းကြီး ကျောင်းမှ ထွက်ပြေးရ

ဘတ်ငွေ ၁၈ သန်း (မြန်မာကျပ်ငွေ သိန်း ၇၅၀၀ ကျော်) ထီပေါက်သည့် ထိုင်းဘုန်းကြီး ကျောင်းမှ ထွက်ပြေးရ - Property News in Myanmar from iMyanmarHouse.com
6 Nov 2020 11:55 am တွင် တင်ခဲ့သည်
48628 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်မြောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးသည် ဘတ်ငွေ ၁၈ သန်း (မြန်မာကျပ်ငွေ သိန်း ၇၅၀၀ ကျော်) ထီပေါက်ခဲ့ရာ ရရှိလာသည့်ငွေများအား ပြန်လည်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

သက်တော် ၆၇ နှစ်ရှိပြီဖြစ်သောဘုန်းတော်ကြီးမွန်ထရီဆမာဂျိုကိုဘုန်းတော်ကြီးပီအက်ဟုလည်းလူသိများသည်။

ဘုန်းတော်ကြီးပီအက်သည် ထီပေါက်လိုသောကြောင့် တကူးတကထီထိုးခဲ့ခြင်းမဟုတ်ချေ။

ထီလက်မှတ်ရောင်းသူတစ်ဦးကငွေကြေးခက်ခဲနေသောကြောင့် ထီလက်မှတ်များဝယ်ယူပါရန် လာရောက်တောင်းပန်သောကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဘုန်းတော်ကြီးက ထီပေါက်သော ငွေများမှ သူ၏ ကလေး ၃ ဦးကို ဘတ် ၁ သန်း (မြန်မာကျပ်ငွေ သိန်း ၄၂၀ ကျော်) စီ ပေးခဲ့၏။

ထို့အပြင် ဘုန်းတော်ကြီးကျောင်းသို့လည်းထီပေါက်သောငွေမှ အချို့အဝက်ကို လှူဒါန်းခဲ့သည့်အပြင် ငွေလိုအပ်သူများကိုလည်းစွန့်ကြဲလှူဒါန်းမှု ပြုလုပ်ခဲ့ပြီးကျန်သည့်ငွေများကိုမူနောင်တွင် ငွေကြေးအခက်အခဲရှိသူတို့အားကူညီရန် သိမ်းဆည်းထားခဲ့၏။

ထိုင်းလူမျိုးများစွာသည် ထီထိုးခြင်းနှင့် ပတ်သက်ပြီးအစွဲအလမ်းများရှိကြသည်။ ဘဝတွင် ထူးခြားသောအဖြစ်အပျက်များ၊ အိပ်မက်များမက်လျှင် ထီထိုးလေ့ရှိကြပြီးအိပ်မက်ထဲတွင် ထီဂဏန်းအတိအကျပင် ပေးလေ့ရှိသည်ဟုဆိုသည်။

ထိုင်းမီဒီယာတို့၏ ဖော်ပြချက်အရအဆိုပါဘုန်းတော်ကြီးသည် ထီလက်မှတ်များမဝယ်ယူမီတွင် လူသေအခေါင်းဟောင်းတစ်ခုကိုထိတွေ့ရသည်ဟူ၍ ထူးဆန်းသောအိပ်မက်မက်ခဲ့သည်ဟုဆိုသည်။

ဘုန်းတော်ကြီးကပြောကြားရာတွင် နွန်သာဘူရီပြည်နယ်၊ ဘန်ကောက်မြို့ပြင်တွင်ရှိသော ၎င်းသီတင်းသုံးရာဝပ် သင်နာကွန်းနီမစ် ဘုန်းတော်ကြီးကျောင်းသို့ ထီရောင်းသူတစ်ဦးရောက်ရှိလာပြီးထီလက်မှတ်များရောင်းမထွက်သောကြောင့် ငွေကြေးကျပ်တည်းနေသဖြင့် ဝယ်ယူပါရန် တောင်းပန်ခဲ့သည်ဟုဆိုသည်။

သို့နှင့် ဘုန်းတော်ကြီးလည်း ကျောင်းရှိ အခြားဘုန်းတော်ကြီးများထံမှ ငွေအချို့ချေးကာ ထီလက်မှတ် ဘတ် ၁၅၀၀ (မြန်မာကျပ်ငွေ ၆၃၂၀၀) ဖိုး ဝယ်ယူခဲ့သည်။

ထီဂဏန်းနံပါတ်များမှာ ၀၄ ၊ ၄၀ ၊ ၄၇၊ ၇၄ နှင့် ၄၄ ရှေ့ဂဏန်များပါသော လက်မှတ်များဖြစ်သည်။ ထီပေါက်စဉ်ကြေညာချိန်တွင် ဘုန်းတော်ကြီးက သူ၏ ထီလက်မှတ်များကို စစ်ဆေးရာ ထီလက်မှတ် ၃ စောင်မှာ တစ်စောင်လျှင် ဘတ် ၆ သန်း (မြန်မာကျပ်ငွေ သိန်း ၂၅၀၀ ကျော်) စီ ထီပေါက်နေသည်ကို တွေ့ခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင်မူဘုန်းတော်ကြီးထံငွေကြေးစွန့်ကြဲပါရန် လာရောက်တောင်းခံသူအလွန်များပြားလှသောကြောင့် ကျောင်းမှ ထွက်ပြေးခဲ့ရသည်။

လက်ထောက်ကျောင်းထိုင်ဆရာတော် ဆစ်သီ ဝိုရာဒစ်က ပြောကြားရာတွင် အရှင် မွန်ထရီ ဆမူဂျိုသည် ဘတ် ၁၈ သန်း (မြန်မာကျပ်ငွေ သိန်း ၇၅၀၀ ကျော်) ထီပေါက်ပြီးနောက် ကျောင်းတွင်မရှိတော့ကြောင်း၊ ငွေလိုအပ်သည့် လူပေါင်းများစွာ ကျောင်းသို့ အလုံးအရင်းရောက်လာသောကြောင့် ကျောင်းနေသံဃာများမှာ ညစဉ်ညတိုင်း စိတ်အနှောင့်အယှက်ဖြစ်ကြရကြောင်း၊ မည်သည့်သံဃာမှ ကောင်းစွာ မကျိန်းစက်နိုင် (မအိပ်စက်နိုင်)ကြောင်း ပြောကြားသည်။

လက်ထောက်ကျောင်းထိုင်ကဆက်လက်ပြောကြားရာတွင် သက်တော် ၆၇ နှစ်ရှိဘုန်းတော်ကြီးသည် အခြားသော ပြည်နယ်ရှိအမည်မဖော်ပြသောကျောင်းတစ်ကျောင်းတွင် နေထိုင်သီတင်းသုံးခွင့်ပြုပါရန် တောင်းဆိုခဲ့ရာသဘောတူညီမှုများရရှိခဲ့ကြကြောင်းပြောကြားသည်။

“သူကတခြားနေရာကိုရောက်သွားပါပြီ။ ကျေးဇူးပြုပြီးဒီကိုထပ်မလာကြပါနဲ့တော့။ ဒီလိုလုပ်တာကသံဃာတွေကိုအနှောင့်အယှက်ဖြစ်စေပြီးဝရုန်းသုန်းကားဖြစ်စေပါတယ်” ဟုလက်ထောက်ကျောင်းထိုင်ဆရာတော်ကသတင်းထောက်များအားပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bangkok Monk flees temple because everyone wanted his lottery millions (Coconuts, thethaiger)

 

[Zawgyi]

ဘတ္ေငြ ၁၈ သန္း (ျမန္မာက်ပ္ေငြ သိန္း ၇၅၀၀ ေက်ာ္) ထီေပါက္သည့္ ထိုင္းဘုန္းၾကီး ေက်ာင္းမွ ထြက္ေျပးရ

ထိုင္းႏိုင္ငံ ဘန္ေကာက္ျမိဳ႕ အေနာက္ေျမာက္ပိုင္းရွိ ဘုန္းေတာ္ၾကီးေက်ာင္းမွ ဘုန္းၾကီးတစ္ပါးသည္ ဘတ္ေငြ ၁၈ သန္း (ျမန္မာက်ပ္ေငြ သိန္း ၇၅၀၀ ေက်ာ္) ထီေပါက္ခဲ့ရာ ရရွိလာသည့္ေငြမ်ားအား ျပန္လည္လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

သက္ေတာ္ ၆၇ ႏွစ္ရွိျပီျဖစ္ေသာဘုန္းေတာ္ၾကီးမြန္ထရီဆမာဂ်ိဳကိုဘုန္းေတာ္ၾကီးပီအက္ဟုလည္းလူသိမ်ားသည္။

ဘုန္းေတာ္ၾကီးပီအက္သည္ ထီေပါက္လိုေသာေၾကာင့္ တကူးတကထီထိုးခဲ့ျခင္းမဟုတ္ေခ်။

ထီလက္မွတ္ေရာင္းသူတစ္ဦးကေငြေၾကးခက္ခဲေနေသာေၾကာင့္ ထီလက္မွတ္မ်ားဝယ္ယူပါရန္ လာေရာက္ေတာင္းပန္ေသာေၾကာင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ဘုန္းေတာ္ၾကီးက ထီေပါက္ေသာ ေငြမ်ားမွ သူ၏ ကေလး ၃ ဦးကို ဘတ္ ၁ သန္း (ျမန္မာက်ပ္ေငြ သိန္း ၄၂၀ ေက်ာ္) စီ ေပးခဲ့၏။

ထို႔အျပင္ ဘုန္းေတာ္ၾကီးေက်ာင္းသို႔လည္းထီေပါက္ေသာေငြမွ အခ်ဳိ႕အဝက္ကို လွဴဒါန္းခဲ့သည့္အျပင္ ေငြလိုအပ္သူမ်ားကိုလည္းစြန္႔ၾကဲလွဴဒါန္းမႈ ျပဳလုပ္ခဲ့ျပီးက်န္သည့္ေငြမ်ားကိုမူေနာင္တြင္ ေငြေၾကးအခက္အခဲရွိသူတို႔အားကူညီရန္ သိမ္းဆည္းထားခဲ့၏။

ထိုင္းလူမ်ဳိးမ်ားစြာသည္ ထီထိုးျခင္းႏွင့္ ပတ္သက္ျပီးအစြဲအလမ္းမ်ားရွိၾကသည္။ ဘဝတြင္ ထူးျခားေသာအျဖစ္အပ်က္မ်ား၊ အိပ္မက္မ်ားမက္လွ်င္ ထီထိုးေလ့ရွိၾကျပီးအိပ္မက္ထဲတြင္ ထီဂဏန္းအတိအက်ပင္ ေပးေလ့ရွိသည္ဟုဆိုသည္။

ထိုင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရအဆိုပါဘုန္းေတာ္ၾကီးသည္ ထီလက္မွတ္မ်ားမဝယ္ယူမီတြင္ လူေသအေခါင္းေဟာင္းတစ္ခုကိုထိေတြ႔ရသည္ဟူ၍ ထူးဆန္းေသာအိပ္မက္မက္ခဲ့သည္ဟုဆိုသည္။

ဘုန္းေတာ္ၾကီးကေျပာၾကားရာတြင္ ႏြန္သာဘူရီျပည္နယ္၊ ဘန္ေကာက္ျမိဳ႕ျပင္တြင္ရွိေသာ ၎သီတင္းသံုးရာဝပ္ သင္နာကြန္းနီမစ္ ဘုန္းေတာ္ၾကီးေက်ာင္းသို႔ ထီေရာင္းသူတစ္ဦးေရာက္ရွိလာျပီးထီလက္မွတ္မ်ားေရာင္းမထြက္ေသာေၾကာင့္ ေငြေၾကးက်ပ္တည္းေနသျဖင့္ ဝယ္ယူပါရန္ ေတာင္းပန္ခဲ့သည္ဟုဆိုသည္။

သို႔ႏွင့္ ဘုန္းေတာ္ၾကီးလည္း ေက်ာင္းရွိ အျခားဘုန္းေတာ္ၾကီးမ်ားထံမွ ေငြအခ်ဳိ႕ေခ်းကာ ထီလက္မွတ္ ဘတ္ ၁၅၀၀ (ျမန္မာက်ပ္ေငြ ၆၃၂၀၀) ဖိုး ဝယ္ယူခဲ့သည္။

ထီဂဏန္းနံပါတ္မ်ားမွာ ၀၄ ၊ ၄၀ ၊ ၄၇၊ ၇၄ ႏွင့္ ၄၄ ေရွ႕ဂဏန္မ်ားပါေသာ လက္မွတ္မ်ားျဖစ္သည္။ ထီေပါက္စဥ္ေၾကညာခ်ိန္တြင္ ဘုန္းေတာ္ၾကီးက သူ၏ ထီလက္မွတ္မ်ားကို စစ္ေဆးရာ ထီလက္မွတ္ ၃ ေစာင္မွာ တစ္ေစာင္လွ်င္ ဘတ္ ၆ သန္း (ျမန္မာက်ပ္ေငြ သိန္း ၂၅၀၀ ေက်ာ္) စီ ထီေပါက္ေနသည္ကို ေတြ႔ခဲ့ရသည္။

သို႔ႏွင့္ ဘုန္းေတာ္ၾကီးလည္း ေက်ာင္းရွိ အျခားဘုန္းေတာ္ၾကီးမ်ားထံမွ ေငြအခ်ဳိ႕ေခ်းကာ ထီလက္မွတ္ ဘတ္ ၁၅၀၀ (ျမန္မာက်ပ္ေငြ ၆၃၂၀၀) ဖိုး ဝယ္ယူခဲ့သည္။

လက္ေထာက္ေက်ာင္းထိုင္ဆရာေတာ္ ဆစ္သီ ဝိုရာဒစ္က ေျပာၾကားရာတြင္ အရွင္ မြန္ထရီ ဆမူဂ်ဳိသည္ ဘတ္ ၁၈ သန္း (ျမန္မာက်ပ္ေငြ သိန္း ၇၅၀၀ ေက်ာ္) ထီေပါက္ျပီးေနာက္ ေက်ာင္းတြင္မရွိေတာ့ေၾကာင္း၊ ေငြလိုအပ္သည့္ လူေပါင္းမ်ားစြာ ေက်ာင္းသို႔ အလုံးအရင္းေရာက္လာေသာေၾကာင့္ ေက်ာင္းေနသံဃာမ်ားမွာ ညစဥ္ညတိုင္း စိတ္အေႏွာင့္အယွက္ျဖစ္ၾကရေၾကာင္း၊ မည္သည့္သံဃာမွ ေကာင္းစြာ မက်ိန္းစက္ႏိုင္ (မအိပ္စက္ႏိုင္)ေၾကာင္း ေျပာၾကားသည္။

လက္ေထာက္ေက်ာင္းထိုင္က ဆက္လက္ေျပာၾကားရာတြင္ သက္ေတာ္ ၆၇ ႏွစ္ရွိ ဘုန္းေတာ္ၾကီးသည္ အျခားေသာ ျပည္နယ္ရွိ အမည္မေဖာ္ျပေသာ ေက်ာင္းတစ္ေက်ာင္းတြင္ ေနထိုင္သီတင္းသံုးခြင့္ျပဳပါရန္ ေတာင္းဆိုခဲ့ရာ သေဘာတူညီမႈမ်ား ရရွိခဲ့ၾကေၾကာင္း ေျပာၾကားသည္။

“သူကတျခားေနရာကိုေရာက္သြားပါျပီ။ ေက်းဇူးျပဳျပီးဒီကိုထပ္မလာၾကပါနဲ႔ေတာ့။ ဒီလိုလုပ္တာကသံဃာေတြကိုအေႏွာင့္အယွက္ျဖစ္ေစျပီးဝရုန္းသုန္းကားျဖစ္ေစပါတယ္” ဟုလက္ေထာက္ေက်ာင္းထိုင္ဆရာေတာ္ကသတင္းေထာက္မ်ားအားေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bangkok Monk flees temple because everyone wanted his lottery millions (Coconuts, thethaiger)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service