ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတို့၏ ခန္ဓာကိုယ်ထဲတွင် ရောဂါပြီးစေသည့် T ဆဲလ်များ ၆ လ ကြာအောင် ရှိနေကြောင်း ဗြိတိန်သိပ္ပံပညာရှင်တို့ တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတို့၏ ခန္ဓာကိုယ်ထဲတွင် ရောဂါပြီးစေသည့် T ဆဲလ်များ ၆ လ ကြာအောင် ရှိနေကြောင်း ဗြိတိန်သိပ္ပံပညာရှင်တို့ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
4 Nov 2020 11:27 am တွင် တင်ခဲ့သည်
9861 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ရောဂါပြီးစေသည့် T ဆဲလ်တို့သည် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးစတင်ကူးစက်ခံရသည့် အရွယ်ရောက်ပြီးသူအများစုတွင် ကူးစက်ခံရပြီးနောက် ၆ လခန့်အထိ ခန္ဓာကိုယ်ထဲတွင် ရှိနေနိုင်ပြီးရောဂါလက္ခဏာပြသည့် လူနာများတွင်မူ T ဆဲလ် ပမာဏ မြင့်မားစွာတွေ့ရကြောင်းလေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

ယခုတွေ့ရှိချက်ကအခြားသောပုစ္ဆာတစ်ပုဒ်ကိုပေါ်ပေါက်လာစေသည်။ ပထမအကြိမ် Sars-CoV-2 ဗိုင်းရပ်စ် (Covid 19-ရောဂါ )ကူးစက်ခံရမှုသည် ရောဂါနောက်တစ်ကြိမ် ကူးစက်ခံရမှုကိုကာကွယ်နိုင်သလော။ ကာကွယ်နိုင်သည်ဆိုလျှင် မည်မျှကြာကြာကာကွယ်နိုင်သနည်းဟူသောပုစ္ဆာ ဖြစ်သည်။

အဆိုပါ လေ့လာချက်ကို ဗြိတိန် ကိုရိုနာဗိုင်းရပ်စ် ခန္ဓာကိုယ်ခုခံစွမ်းအားပညာအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဆေးရုံတွင် ကုသမှု မခံရသောကျန်းမာရေးဝန်ထမ်း ၁၀၀ ဦး၏ ကိုယ်ခန္ဓာတွင် ပဋိပစ္စည်းတုံ့ပြန်မှုများတွေ့ရပြီးနောက် ၎င်းတို့အားမတ်လနှင့် ဧပြီလအတွင်းလေ့လာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုလေ့လာချက်ကိုအခြားသောသိပ္ပံပညာရှင်များကလေ့လာသုံးသပ်ကြဦးမည် ဖြစ်သည်။

အပျော့စားရောဂါလက္ခဏာပြသူနှင့် လက္ခဏာမပြသူများတွင် ရောဂါကူးစက်ခံရပြီး ၆ လအထိ T ဆဲလ်တို့၏ ပမာဏနှင့် စပ်လျဉ်းပြီးယခုလေ့လာချက်မှာပထမဆုံးလေ့လာချက်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် အများစုသည် အပျော့စားရောဂါလက္ခဏာပြသူနှင့် လက္ခဏာမပြသူများဖြစ်ကြောင်းသုတေသနပညာရှင်တို့ကပြောကြားသည်။

ယခင်လေ့လာချက်များကဖော်ပြခဲ့သည်မှာမူရောဂါကူးစက်ခံရပြီးနောက်ပိုင်းလပိုင်းမျှဖြင့် ခန္ဓာကိုယ်တွင်းတွင် ပဋိပစ္စည်းပမာဏကျဆင်းသွားနိုင်ကြောင်းဖော်ပြခဲ့ရာယခုလေ့လာချက်မှာသတင်းကောင်းတစ်ခုအဖြစ် ရှုမြင်ခြင်းခံရသည်။

သြဂုတ်လအတ်ွး လူပေါင်း ၁၀၀၀၀၀ ထံမှ နမူနာအချက်အလက်များကိုလေ့လာချက်အရအင်္ဂလန်တွင် လူဦးရေ၏ ၆ ရာခိုင်နှုန်း၌ ပဋိပစ္စည်းများရှိနေပြီးအဆိုပါပဋိပစ္စည်းတို့သည် ၃ လအတွင်း ၄ ပုံ ၁ ပုံကျော် ကျဆင်းသွားကြောင်းအောက်တိုဘာလကုန်ပိုင်းကထုတ်ပြန်ခဲ့မှု ရှိသည်။

ဗိုင်းရပ်စ် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် ဆဲလ်တပ်ဖွဲ့တို့၏ ကြိုဆိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်။ အဆိုပါ တန်ပြန်တိုက်ခိုက်မှုသည် လျင်မြန်၊ ကျယ်ပြန့်ပြီးယေဘုယျဆန်သည်။

ယင်းကိုကိုယ်ခံအားစနစ်ဟုခေါ်ပြီးကူးစက်ဝင်ရောက်လာသည့်ဗိုင်းရပ်စ်ကို ၎င်း၏ထောင်ချောက်များတွင် ဖမ်းဆီးနိုင်ရန် ကြိုးပမ်း၏။

အကယ်၍ လုပ်ဆောင်ချက်မအောင်မြင်ပါကဗိုင်းရပ်စ်ချေမှုန်းမှု ခေတ္တရပ်ဆိုင်းသွားပြီးအထူးချေမှုန်းရေးသမားများရောက်ရှိလာအောင် စောင့်ဆိုင်းနေလေ့ရှိသည်။

ပညာရှင်တို့ကသွေးဖြူဥဆဲလ်များကို နှစ်မျိုးခွဲခြားထားရာ B ဆဲလ်နှင့် T ဆဲလ်ဟု ၂ မျိုးဖြစ်ပြီး ၎င်းတို့သည် ရန်သူကိုလက်တွဲရင်ဆိုင်ကြသည်။

ကိုယ်ခံအားစနစ်၏ ပထမအကြိမ်တိုက်ခိုက်မှုကိုဗိုင်းရပ်စ်က ဖြတ်ကျော်လာနိုင်ခဲ့ပါက T ဆဲလ်တို့ကအမြစ်ပြတ်ချေမှုန်းပြီးရောဂါပစ္စည်းကိုထိန်းချုပ်၏။

ထိုအချိန်အတွင်းအကူ T ဆဲလ်တို့ကမူဗိုင်းရပ်စ်ကိုမလှုပ်ရှားနိုင်အောင် (သို့မဟုတ်) အခြားသောဆဲလ်များသို့ ထိုးဖောက်မဝင်ရောက်နိုင် စေရန် ဟန့်တားခြင်းများ ပြုလုပ်မည့် ပဋိပစ္စည်းဟုခေါ်သောမော်လီကျူးများထုတ်လုပ်စေရန် B ဆဲလ်တို့အားလှုံ့ဆော်ခြင်းအပါအဝင် အကူအညီပေးသည့် အလုပ်များလုပ်ဆောင်နေသည်။

သုတေသနပညာရှင်တို့က ၆ လခန့် လေ့လာမှုများ ပြုလုပ်ခဲ့ရာလူတိုင်းထံတွင် T ဆဲလ်များကိုတွေ့ရှိရပြီးကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရချိန်ကရောဂါလက္ခဏာပြခဲ့သူများတွင်မူ T ဆဲလ်တွေ့ရှိရမှု ပမာဏမှာ ၅၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသည်ဟုဆိုသည်။

ထိုအချက်ကြောင့် သိနိုင်သည်ကားရောဂါကူးစက်ချိန်တွင် ပြင်းထန်စွာခံစားရသူတို့တွင် T ဆဲလ်တို့၏ ကာကွယ်မှု ပိုမိုမြင့်မားပြီးဆန့်ကျင်ဘက်အားဖြင့်ဆိုလျှင် ရောဂါလက္ခဏာမပြသူတို့တွင်ကား T ဆဲလ်အနည်းငယ်မျှဖြင့် ရောဂါကိုကောင်းစွာထိန်းချုပ်နိုင်ခဲ့ ကြောင်းကိုသိနိုင်သည်ဟုသုတေသနပညာရှင်တို့ကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: T-cell Covid immunity 'present in adults six months after first infection' (The Guardian)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတုိ႔၏ ခႏၶာကိုယ္ထဲတြင္ ေရာဂါျပီးေစသည့္ T ဆဲလ္မ်ား ၆ လ ၾကာေအာင္ ရွိေနေၾကာင္း ျဗိတိန္သိပၸံပညာရွင္တို႔ ေတြ႔ရွိ

COVID-19 ေရာဂါျပီးေစသည့္ T ဆဲလ္တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ပထမဆံုးစတင္ကူးစက္ခံရသည့္ အရြယ္ေရာက္ျပီးသူအမ်ားစုတြင္ ကူးစက္ခံရျပီးေနာက္ ၆ လခန္႔အထိ ခႏၶာကိုယ္ထဲတြင္ ရွိေနႏိုင္ျပီးေရာဂါလကၡဏာျပသည့္ လူနာမ်ားတြင္မူ T ဆဲလ္ ပမာဏ ျမင့္မားစြာေတြ႔ရေၾကာင္းေလ့လာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

ယခုေတြ႔ရွိခ်က္ကအျခားေသာပုစၦာတစ္ပုဒ္ကိုေပၚေပါက္လာေစသည္။ ပထမအၾကိမ္ Sars-CoV-2 ဗိုင္းရပ္စ္ (Covid 19-ေရာဂါ )ကူးစက္ခံရမႈသည္ ေရာဂါေနာက္တစ္ၾကိမ္ ကူးစက္ခံရမႈကိုကာကြယ္ႏိုင္သေလာ။ ကာကြယ္ႏိုင္သည္ဆိုလွ်င္ မည္မွ်ၾကာၾကာကာကြယ္ႏိုင္သနည္းဟူေသာပုစၦာ ျဖစ္သည္။

အဆိုပါ ေလ့လာခ်က္ကို ျဗိတိန္ ကိုရိုနာဗိုင္းရပ္စ္ ခႏၶာကိုယ္ခုခံစြမ္းအားပညာအဖြဲ႔မွ ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီးေဆးရံုတြင္ ကုသမႈ မခံရေသာက်န္းမာေရးဝန္ထမ္း ၁၀၀ ဦး၏ ကိုယ္ခႏၶာတြင္ ပဋိပစၥည္းတံု႔ျပန္မႈမ်ားေတြ႔ရျပီးေနာက္ ၎တို႔အားမတ္လႏွင့္ ဧျပီလအတြင္းေလ့လာမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ယခုေလ့လာခ်က္ကိုအျခားေသာသိပၸံပညာရွင္မ်ားကေလ့လာသံုးသပ္ၾကဦးမည္ ျဖစ္သည္။

အေပ်ာ့စားေရာဂါလကၡဏာျပသူႏွင့္ လကၡဏာမျပသူမ်ားတြင္ ေရာဂါကူးစက္ခံရျပီး ၆ လအထိ T ဆဲလ္တို႔၏ ပမာဏႏွင့္ စပ္လ်ဥ္းျပီးယခုေလ့လာခ်က္မွာပထမဆံုးေလ့လာခ်က္ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားတြင္ အမ်ားစုသည္ အေပ်ာ့စားေရာဂါလကၡဏာျပသူႏွင့္ လကၡဏာမျပသူမ်ားျဖစ္ေၾကာင္းသုေတသနပညာရွင္တို႔ကေျပာၾကားသည္။

ယခင္ေလ့လာခ်က္မ်ားကေဖာ္ျပခဲ့သည္မွာမူေရာဂါကူးစက္ခံရျပီးေနာက္ပိုင္းလပိုင္းမွ်ျဖင့္ ခႏၶာကိုယ္တြင္းတြင္ ပဋိပစၥည္းပမာဏက်ဆင္းသြားႏိုင္ေၾကာင္းေဖာ္ျပခဲ့ရာယခုေလ့လာခ်က္မွာသတင္းေကာင္းတစ္ခုအျဖစ္ ရႈျမင္ျခင္းခံရသည္။

ၾသဂုတ္လအတြ္း လူေပါင္း ၁၀၀၀၀၀ ထံမွ နမူနာအခ်က္အလက္မ်ားကိုေလ့လာခ်က္အရအဂၤလန္တြင္ လူဦးေရ၏ ၆ ရာခိုင္ႏႈန္း၌ ပဋိပစၥည္းမ်ားရွိေနျပီးအဆိုပါပဋိပစၥည္းတို႔သည္ ၃ လအတြင္း ၄ ပံု ၁ ပံုေက်ာ္ က်ဆင္းသြားေၾကာင္းေအာက္တိုဘာလကုန္ပိုင္းကထုတ္ျပန္ခဲ့မႈ ရွိသည္။

ဗိုင္းရပ္စ္ ခႏၶာကိုယ္တြင္းသို႔ ဝင္ေရာက္လာသည္ႏွင့္တျပိဳင္နက္ ဆဲလ္တပ္ဖြဲ႔တို႔၏ ၾကိဳဆိုတိုက္ခိုက္မႈႏွင့္ ရင္ဆိုင္ရသည္။ အဆိုပါ တန္ျပန္တိုက္ခိုက္မႈသည္ လ်င္ျမန္၊ က်ယ္ျပန္႔ျပီးေယဘုယ်ဆန္သည္။

ယင္းကိုကိုယ္ခံအားစနစ္ဟုေခၚျပီးကူးစက္ဝင္ေရာက္လာသည့္ဗိုင္းရပ္စ္ကို ၎၏ေထာင္ေခ်ာက္မ်ားတြင္ ဖမ္းဆီးႏိုင္ရန္ ၾကိဳးပမ္း၏။

အကယ္၍ လုပ္ေဆာင္ခ်က္မေအာင္ျမင္ပါကဗိုင္းရပ္စ္ေခ်မႈန္းမႈ ေခတၱရပ္ဆိုင္းသြားျပီးအထူးေခ်မႈန္းေရးသမားမ်ားေရာက္ရွိလာေအာင္ ေစာင့္ဆိုင္းေနေလ့ရွိသည္။

ပညာရွင္တို႔ကေသြးျဖဴဥဆဲလ္မ်ားကို ႏွစ္မ်ဳိးခြဲျခားထားရာ B ဆဲလ္ႏွင့္ T ဆဲလ္ဟု ၂ မ်ဳိးျဖစ္ျပီး ၎တို႔သည္ ရန္သူကိုလက္တြဲရင္ဆိုင္ၾကသည္။

ကိုယ္ခံအားစနစ္၏ ပထမအၾကိမ္တိုက္ခိုက္မႈကိုဗိုင္းရပ္စ္က ျဖတ္ေက်ာ္လာႏိုင္ခဲ့ပါက T ဆဲလ္တို႔ကအျမစ္ျပတ္ေခ်မႈန္းျပီးေရာဂါပစၥည္းကိုထိန္းခ်ဳပ္၏။

ထိုအခ်ိန္အတြင္းအကူ T ဆဲလ္တို႔ကမူဗိုင္းရပ္စ္ကိုမလႈပ္ရွားႏိုင္ေအာင္ (သို႔မဟုတ္) အျခားေသာဆဲလ္မ်ားသို႔ ထိုးေဖာက္မဝင္ေရာက္ႏိုင္ ေစရန္ ဟန္႔တားျခင္းမ်ား ျပဳလုပ္မည့္ ပဋိပစၥည္းဟုေခၚေသာေမာ္လီက်ဴးမ်ားထုတ္လုပ္ေစရန္ B ဆဲလ္တို႔အားလံႈ႔ေဆာ္ျခင္းအပါအဝင္ အကူအညီေပးသည့္ အလုပ္မ်ားလုပ္ေဆာင္ေနသည္။

သုေတသနပညာရွင္တို႔က ၆ လခန္႔ ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ရာလူတိုင္းထံတြင္ T ဆဲလ္မ်ားကိုေတြ႔ရွိရျပီးကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရခ်ိန္ကေရာဂါလကၡဏာျပခဲ့သူမ်ားတြင္မူ T ဆဲလ္ေတြ႔ရွိရမႈ ပမာဏမွာ ၅၀ ရာခိုင္ႏႈန္းခန္႔ ပိုမိုျမင့္မားသည္ဟုဆိုသည္။

ထိုအခ်က္ေၾကာင့္ သိႏိုင္သည္ကားေရာဂါကူးစက္ခ်ိန္တြင္ ျပင္းထန္စြာခံစားရသူတုိ႔တြင္ T ဆဲလ္တို႔၏ ကာကြယ္မႈ ပိုမိုျမင့္မားျပီးဆန္႔က်င္ဘက္အားျဖင့္ဆိုလွ်င္ ေရာဂါလကၡဏာမျပသူတို႔တြင္ကား T ဆဲလ္အနည္းငယ္မွ်ျဖင့္ ေရာဂါကိုေကာင္းစြာထိန္းခ်ဳပ္ႏိုင္ခဲ့ ေၾကာင္းကိုသိႏိုင္သည္ဟုသုေတသနပညာရွင္တို႔ကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: T-cell Covid immunity 'present in adults six months after first infection' (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service